32.2 C
Mawlamyine
Thursday, May 28, 2020

မုန်ညင်းဖြူ နှင့်ကျန်းမာရေး

ဒီတစ်ပတ် 'အစာလည်းဆေး၊ဆေးလည်းအစာ'ကဏ္ဍမှာ ဖော်ပြပေးမှာကတော့ အခုလိုဆောင်းရာသီမှာ အထွက်များပြီး ဆေးဖက်လည်းဝင်၊ရာသီဓာတ်စာတစ်မျိုးလည်းဖြစ်တဲ့ မုန်ညင်းဖြူ အကြောင်းပဲဖြစ်ပါတယ်။ မုန်ညင်းကို အင်္ဂလိပ်လို Mustard လို့ခေါ်ပြီးရုက္ခဗေဒအမည်ကတော့ Brassiaca juncea ဖြစ်ပါတယ်။သူ့ရဲ့မျိုးရင်းက- Cruciferae ပဲဖြစ်ပါတယ်။မုန်ညင်းမှာ မုန်ညင်းဖြူနဲ့ မုန်ညင်းစိမ်း ဆိုပြီး နှစ်မျိုးရှိကာ အဲဒီထဲမှာမှ မုန်ညင်းဖြူ သုံးမျိုးနဲ့မုန်ညင်းစိမ်းနှစ်မျိုးထပ်ရှိပြန်ပါတယ်။မြန်မာဆေးကျမ်းအလိုအရ မုန်ညင်းဟာ...

ရှောင်ကြဉ်စရာ အေ့စ်ရောဂါ

နာမည်ကြားရုံနှင့် လန့်စရာကြောက်စရာကောင်းသော ရောဂါများတွင် ခုခံအားကျဆင်းမှုကူးစက်ရောဂါခေါ်သော AIDS (Acquired Immunodeficiency Syndrome) ရောဂါလည်းပါဝင်သည်။ ကုရာဆေးဝါးမရှိသောအခါတွင် ထိုရောဂါဆိုး၏ ဖြစ်ပွားမှုနှုန်းသည်ကြောက်ခမန်းလိလိတိုးတက်လာသည်။ AIDS ရောဂါသည် HIV virus (HIV virus 1 and 2) ဟူခေါ်သော ရောဂါပိုးကြောင့်ဖြစ်သည်။ လူ၏ခန္ဓာကိုယ်မှထွက်သောအရည်များအထူးသဖြင့် သွေး၊...

စိတ်ဖိစီးမှုနှင့်စာမေးပွဲရာသီ

ယခုလိုစာမေးပွဲရာသီနှင့်နွေဦးပေါက်လာပြီဆိုလျှင် ဆေးခန်းများတွင်မြင်ရများသောလူနာများမှာ စိတ်ဖိစီးမှုရောဂါသည်များဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသော ကျောင်းသားကျောင်းသူများသည် စာမေးပွဲ၏ ဖိအားကိုတွေးပူ၍ စိတ်ဖိစီးမှုရောဂါကိုခံစားရသည်။ အစာမဝင်၊အိပ်မပျော်ဖြစ်၍ ကယောင်ကတမ်းများဖြစ်တတ်သည်။ စိတ်ဖိစီး မှုခံစားနေရချိန်တွင် ခန္ဓာကိုယ်သည် ဗီတာမင်ဘီကို ပိုမိုလို အပ်ခြင်းကြောင့်၊ ယင်းအချိန်တွင် ဗီတာမင်ဘီပါဝင်သော အစားအသောက်များကို ရွေးချယ်စားသုံးသင့်သည်။ဗီတာမင်ဘီသည် အဆီနှင့် ပရိုတင်းတို့ပြိုကွဲရန်၊ အာရုံစူးစိုက်မှုကောင်းစေရန်၊ သွက်လက်နိုးကြားစေရန်၊ ဦးနှောက်နှင့်အာရုံကြော...

ညဘက်သွားကြိတ်ခြင်းနှင့် နောက်ဆက်တွဲ ပြသနာများ

သွားကြိတ်ခြင်း (ဒါမှမဟုတ်) အံကြိတ်ခြင်းဆိုတာ အစာဝါးသလိုမျိုး သွားအချင်းချင်း ဒီအတိုင်း ပွတ်တိုက်ကြိတ်ဝါးနေတာမျိုးပါ။ ထူးခြားချက်ကတော့ သွားကြိတ်တဲ့အခါ သုံးရတဲ့ အားပမာဏဟာ အစာဝါးတဲ့အခါ သုံးရတဲ့အားပမာဏထက် ခြောက်ဆ ပိုများနေတာပါပဲ။ ကျွန်မတို့ လူသားတွေမှာ သွားမကြိတ်ဖူးသူရယ်လို့ မရှိကြပါဘူး။ နေ့စဉ်လူနေမှုဘဝတွေမှာ ဖြတ်သန်းနေကြရင်း ဒေါသထွက်စရာ၊ ခံပြင်းစရာတွေ ကြုံလာတဲ့အခါ အနည်းဆုံးတော့...

လောက်သေရွက်နှင့်ကျန်းမာခြင်းအကျိုး

ဒီတစ်ပတ်အစာလည်းဆေး၊ဆေးလည်းအစာကဏ္ဍမှာ ဖော်ပြပေးမှာကတော့ ဆေးအဖြစ်အသုံးပြုနေကြတဲ့ ဟင်းလျာတစ်မျိုးဖြစ်တဲ့ လောက်သေရွက်အကြောင်းပဲဖြစ်ပါတယ်။ လောက်သေပင်ကို ရုက္ခဗေဒလို Desmodium triquetrum DC လို့ခေါ်ပြီး ၊မုဆိုးလှံ၊ရွှေကူူလှံတင်၊ရွှေကူသံလျက် စသဖြင့်လည်း ခေါ်ကြပါသေးတယ်။ သူဟာ ပဲမျိုးရင်း Fabaceae ထဲက Desmodium genus ထဲမှာ ပါပါတယ်။ လောက်သေပင်ဟာ စိုက်ပျိုးပင်မဟုတ်ဘဲ တောထဲမှာအရိုင်းပေါက်တဲ့အပင်မျိုးပါ။ လူတွေကတူးယူစိုက်ပျိုးရင်းနဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့ ဘယဆေးပင်တစ်မျိုးလည်းဖြစ်ပါတယ်။ မြန်မာဆေးကျမ်းများအလိုအရ...

ဆီးချိုသမားတို့ ဂရုထားဖို့ သွားဖုံးရောဂါ အန္တရာယ်

"ဆရာမရေ သွားချင်းထိရင်နာတယ် ..အစာမဝါးနိုင်ဘူး" "ဆရာမရေ သွားဖုံးမှာ အဖုကြီးပေါက်နေတယ်.. သွားလည်းနာနေတာကြာပြီ" "ဆရာမရေ သွားတွေလှုပ်လာတာ ..နှုတ်ပေးလို့ရမလား " စတဲ့ စကားရပ်တွေနဲ့ ဆေးခန်းကို ရောက်လာတဲ့ အသက်လေးဆယ်ကျော်လူနာတွေဆိုရင် ကျွန်မ အနေနဲ့ မေးခွန်းတစ်ခုကို မဖြစ်မနေ မေးရပါတော့တယ်။ အဲ့ဒါကတော့ " ဆီးချိုရှိလား " ဆိုတာပါပဲ ။ ကျွန်မ...

အထက်လှန်၍ အောက်လျှောလေသော်

မိုးလေတစ်ဖြိုက်ဖြိုက်အကျတွင် ယင်ကောင်များပျံ ဲထလာသည်။ ထိုအခါတွင် ယင်နားစားများစားမိသော လူကြီး လူငယ်များသည် ရာသီပေါ်ဝမ်းပျက်ဝမ်းလျောရောဂါများကိုခံစားရတော့သည်။ ဗိုက်နာဗိုက်အောင့်၍ ဗိုက်ရစ်တတ်သည်။ ထိုအချိန်မျိုးတွင် ဝမ်းသွားလျှင် အဖတ်နည်းကာ အရည်များသာ သွားတတ်သည်။ ခန္ဓာကိုယ်မှ ဓာတ်များ အထူးသဖြင့် ekectrolyte ဟုခေါ်သော သတ္တုဓာတ်များဝမ်းထဲတွင်ပါသွားကာ အားပြတ်တတ်တော့သည်။ ထို့ကဲ့သို့သောရောဂါလက္ခဏာများဖြစ်ပေါ်ခြင်းကို မြန်မာပြုသော် အထက်လှန်အောက်လျှောဟုခေါ်ကြသည်။...

နဂါးမောက်သီး၏ အကျိုးအာနိသင်များ

ဒီတစ်ပတ် အစာလည်းဆေး၊ဆေးလည်းအစာ ကဏ္ဍမှာဖော်ပြပေးချင်တာကတော့ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာကို ဖန်တီးပေးနိုင်ပြီး၊တဖြည်းဖြည်း လူကြိုက်များ ထင်ရှားလာတဲ့ နဂါးမောက်သီး အကြောင်းပဲဖြစ်ပါတယ်။ အင်္ဂလိပ်လို DRAGON FRUIT လို့ခေါ်တဲ့ နဂါးမောက်သီး ရဲ့ရုက္ခဗေဒ အမည်ကတော့ Hylocerus sprecies ဖြစ်ပြီး၊သူ့ရဲ့မျိုးရင်းကတော့ CACTACEAE ပဲဖြစ်ပါတယ်။နဂါးမောက်သီးဟာ နူူးညံ့၍ချိုတဲ့အရသာရှိပြီး၊သူ့ရဲ့အရည်ကတော့ သစ်တော်သီး၊ကီဝီသီး၊သခွားမွှေးတို့နဲ့ဆင်ဆင်တူပါတယ်။အသီးရဲ့အခွံကိုခွာလိုက်ရင် အဖြူရောင်အသား...

အအေးလွန်ခြင်းပြဿနာ

ဆောင်းဦးမှာဆောင်းမပီသခဲ့သမျှ ဆောင်းလယ်အရောက်တွင် ဆောင်းသည်မခံချင်စိတ်နဲ့အတူ အေးစက်မှုများကိုခေါ်ဆောင်လာခဲ့သည်။ လာနီညာအအေးလှိုင်းဖြတ်သန်းမှုပါ ထန်းသီကြွေခိုက်ကျီးနားခိုက်နဲ့ဆုံတဲ့အခါတွင်မူ ဆောင်းသည်အပီအပြင်ကိုအေးမြလှတော့သည်။ မြူတွေဆိုင်းနေတော့သည်။ ထိုအေးမြမှုနှင့်အတူ တွဲပါလာသောအကျိုးရလဒ်သည်ကား အအေးလွန်ခြင်းပြဿနာများဖြစ်တော့သည်။ အအေးလွန်ခြင်းဆိုသည်မှာ ဆေးပညာတွင်အလွန်အရေးကြီးသောပြဿနာတစ်ရပ်ဖြစ်သည်။ မြန်မာ့ဆေးပညာစကားနှင့်ဆိုရသော် ကံစိတ်ဥတုအာဟာရဆိုသော သဘောတရားလေးပါးအကျိုးအကြောင်းဆီလျော်အောင်ပြုမူနေထိုင်မှုဖြစ်သည်။ အနောက်တိုင်းဆေးပညာတွင် ခန္ဓာကိုယ်အပူချိန်သည် အလွန်အရေးကြီးသည်။ ပုံမှန်လူတစ်ယောက်၏ ပုံမှန်အပူချိန်သည် ၃၆.၈ ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၉၈.၆ဒီဂရီဖာရင်ဟိုက်ဖြစ်သည်။...

ကျန်းမာရေးကောင်းသူတွေရဲ့ အကျင့်ကောင်း ငါးခု

အလေ့အထတွေဟာ ကြာရင် အလေ့အကျင့်တွေ ဖြစ်လာပါတယ်။ ကျန်းမာရေးကောင်းဖို့အတွက် အလေ့အထကောင်းတွေကို အလေ့အကျင့်အဖြစ် စွဲမြဲလာသည်အထိ မွေးမြူဖို့ လိုအပ်ပါတယ်။ အလေ့အကျင့်ကောင်းတွေလို့ ဆိုတဲ့အခါမှာလည်း အထူးတလည် ကြိုးစားလုပ်ယူနေဖို့ မလိုဘဲ လွယ်လွယ်ကူကူ မွေးမြူလို့ရတဲ့ အပြုအမူလေးတွေ ရှိပါတယ်။ ဒီလိုအခြေခံအချက်တွေနဲ့တင် ကျန်းမာရေးကို အနည်းနဲ့အများ အထောက်အကူပြုစေမယ် ဆိုရင်တော့ ဒီအကျင့်ကောင်းလေးတွေအတိုင်း...