fbpx
31.5 C
Mawlamyine
Tuesday, November 19, 2019

” ဂွေးတောက်ရွက်ရဲ့ အာနိသင် “

အပတ်စဉ် ဆေးဘက်ဝင် အစားအစာတွေနဲ့ ပတ်သက်လို့ ဟင်္သာစာဖတ်ပရိသတ်တွေအတွက် တင်ဆက်လျက်ရှိရာမှာ အခုတစ်ပတ် အစာလည်းဆေး ၊ဆေးလည်းအစာ ကဏ္ဍမှာတော့ ယခုရာသီဥတုနဲ့လည်း လိုက်ဖက်ညီမျှတဲ့ ဆေးဘက်ဝင် ဂွေးတောက်ရွက်အကြောင်းကို ဖော်ပြပေးချင် ပါတယ်။ ဂွေးတောက်ပင်ဟာ မြန်မာနိုင်ငံအနှံ့အပြားမှာ သဘာဝအလျောက်ပေါက်ရောက်တဲ့ နွယ်ပင်အမျိုးအစားဖြစ်ပြီး၊ ပင်စည်လုံး၍ အခေါက်တွင် အညိုရောင်အဖုအစက်များ၊ မြောင်းလေးများပါရှိပါတယ်။ အရွက်ကတော့...

အဖြစ်များလာသော ပန်းနာရင်ကျပ်ရောဂါ

ယခုတလောနွေအပူတွင် ဖုန်မြူး၍ထင်သည်။ ရပ်ကွက်ထဲရှိ ဆေးခန်းလေးတွင် ပန်းနာရင်ကျပ်ရောဂါသည်များဖြင့် ပြည့်နေသည်။ တစ်ခါတစ်ခါ ညအချိန်မတော်သည့်အချိန်ပင်လျှင်ကျပ်သည်ဟု ဆိုကာ လာလာနိုးတတ်တော့သည်။ ထိုသို့သော လူနာများဆီရောက်လျှင် ရင်ဘတ်ကြီး ဖာဖိုထိုးသကဲ့သို့ နိမ့်လိုက်မြင့်လိုက်နှင့်တရွှီးရွီးအသက်ရှူသံကကိုက​ြားရသည်။ ထိုသို့သောလူနာများကို ပန်းနာရင်ကျပ် ရောဂါသည်ဟု ဆိုကြသည်။ ပန်းနာရင်ကျပ် (asthma) ရောဂါသည် နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်သည်။...

” သဘာဝရဲ့အဟာရ (သို့) မင်းကွတ်သီး “

ဒီတစ်ပတ် အစာလည်းဆေး၊ ဆေးလည်းအစာကဏ္ဍမှာတော့ “ဘုရားသခင်ကပေးတဲ့ အဟာရ”လို့တင်စားခေါ်ထားရလောက်အောင် အစွမ်းထက်တဲ့ ဆေးဘက်ဝင် မင်းကွတ်သီး အကြောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Mangosteen လို့အမည်ရတဲ့ Garcinia အနွယ်ဝင် မင်းကွတ်ပင်ဟာ ဂတ်တဖာရီး မျိုးရင်းမှာ ပါဝင်ပြီး ရုက္ခဗေဒလို ဂါစင်းနီးယားမန်းဂိုးစတားနားလို့ ခေါ်ပါတယ်။ မူလပေါက်ရာကတော့ မာလာယုကျွန်းဆွယ်ဖြစ်ပြီး မြန်မာပြည်တွင်းသို့ တစ်ဆင့်ယူဆောင်စိုက်ပျိုးလာတဲ့ အပင်လတ်မျိုးပါ။ ပူနွေးစွတ်စိုတဲ့...

ကာကွယ်ကြမယ် ဆီးချိုအန္တရာယ်

ကမ္ဘာပေါ်တွင် ယခုလက်ရှိအဖြစ်များနေသော ရောဂါတွင် ဆီးချိုသွေးချိုရောဂါသည် ကင်ဆာရောဂါများနှင့်အတူ ဖြစ်ပွားမှုနှုန်းများကြောက်ခမန်းလိလိတိုးတက်လာသည်။ နေထိုင်မှုပုံစံနှင့်အတူ နည်းပညာခေတ်၏ထိုင်ရာကမထလွယ်လင့်တကူ လုပ်ဆောင်နိုင်သောခေတ်တွင် မကူးစက်နိုင်သော (Non Communicable Diseases-NCD )ရောဂါများ၏စာရင်းဇယားသည်ကား တိုးပွားလာသည်။ အဝလွန်ခြင်းမှစကာ ဆီးချိုသွေးချိုနှင့်သွေးတိုးအလယ် အခြားသောစိတ်ဓာတ်ကျခြင်းနှင့် စိတ်ပိုင်းဆိုင်ရာရောဂါအဆုံးဖြစ်ပွားတော့သည်။ ဆီးချိုသွေးချိုရောဂါသည် သေဆုံးမှုနှင့်ထိခိုက်မှုအမြင့်ဆုံးသောရောဂါဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း...

အပူလွန်ကဲအန္တရာယ် ကြိုတင်ကာကွယ်

ပူပြင်းလာသောနေအပူရှိန်တွင် အရပ်ထဲရွာထဲတွင် အပူလျှပ်သည်ဟူသောစကားကိုကြားလာရသည်။ "နေအပူထဲကခုဘဲချက်ချင်းပြန်လာတယ် ရေမချိုးနဲ့ဦး အပူလျှပ်မည် "ဟုဆိုသော စကားများကိုကြားလာရသည်။ အရပ်ထဲရွာထဲတွင် အပူလျှပ်ခြင်းသည်ဟု ထို့သို့သောအခြေအနေမှဖြစ်သည်ဟု ယေဘုယျသဘောထားကြသည်။ ဆေးပညာအဆိုရသည် အပူလျှပ်သည် အပူလွန်ကဲခြင်း (heat exhausion) မှစတင်ခဲ့သည်။ ထိုမှတဆင့် heat storke ဟုခေါ်သော အပူလိုင်းလွန်ကဲခြင်း အပူလျှပ်ခြင်းကိုဖြစ်ပေါ်စေသည်။ ပြင်ပအပူချိန်လွန်ကဲခြင်းသို့မဟုတ်...

အကျိုးထူးတဲ့ အာလူး

ဒီတစ်ပတ်မှာတော့ ကျွန်တော်တို့ နေ့စဉ် စားသုံးနေကြတဲ့ ဟင်းအမယ်တွေထဲက လူတိုင်းနဲ့တည့်ပြီး နှစ်ခြိုက်စွာစားသုံးလေ့ရှိကြတဲ့ အာလူးနဲ့မိတ်ဆက်ပေးချင်ပါတယ်။အာလူးဟာဆိုလာနေစီအီး မျိုးရင်းမှာပါဝင်ပြီး၊ ရုက္ခဗေဒလို ဆိုလေနမ်ကျူဗာရိုဆမ်လို့ခေါ်ပါတယ်။ အာလူး မှာ မျိုးကွဲပေါင်းများစွာရှိကာ စားလို့ရတဲ့အာလူးအမျိုးအစားကတော့ တစ်ရာ ကျော်ရှိပါတယ်။ အလွယ်စား လို့ရတဲ့ Fast Food အနေနဲ့လည်း သတ်မှတ်ကြပါတယ်။ အာလူးဟာ...

အိပ်မပျော်ခြင်း၏ နောက်ဝယ် …

မြို့ပြ၏လူနေမှုဘဝများတွင် စိတ်ဖိစီးမှုသည် အဓိကကျသော ထိုးနှက်မှုဖြစ်လာသည်။ ရုန်းကန်လှုပ်ရှားမှုနှင့်အတူ ပင်ပန်းနွမ်းနယ်မှုများသည် စိတ်ဖိစီးမှုကိုတိုးပွားသထက်တိုးပွားလာသည်။ ထို့သို့စိတ်ဖိစီးမှုများလာလျှင် အိပ်မပျော်သော ရောဂါစွဲကပ်တတ်သည်။ ဆေးရုံ၊ဆေးခန်းများတွင် ယခုလက်ရှိခေတ်စားနေသော ရောဂါလက္ခဏာသည် အိပ်မပျော်သော ရောဂါဖြစ်သည်။ တိုင်းမ် မဂ္ဂဇင်း၏ဆယ်စုနှစ်အတွင်း လူအများခံစားနေနသော ရောဂါလက္ခဏာများတွင် အိပ်မပျော်ခြင်းသည် တတိယမြောက်ခံစားရမှုအများဆုံးဖြစ်သည်။ အိပ်မပျော်ခြင်းသည် စိတ်ကျရောဂါနှင့်အခြားသောစိတ်ရောဂါများနှင့်လည်းသက်ဆိုင်မှုရှိကြောင်း ဆေးပညာရှင်များက အဆိုပြုကြသည်။ ထို့ပြင်...

စိတ်ဖိစီးမှုကြောင့်ဖြစ်သော ပြဿနာများနှင့် Stress ulcer

စိတ်ဖိစီးမှုများ၍ ပူအိုက်သောယခုကဲ့သို့အချိန်တွင် ကလေးသူငယ်များတွင် အပူနာဟုခေါ်သော စိတ်ဖိစီးမှုကြောင့်ဖြစ်သော အနာများကို ပါးစပ်၊နှုတ်ခမ်းတစ်ဝိုက်တွင်ဖြစ်တတ်သည်။ ထိုအနာကို စိတ်ဖိစီးမှုကြောင့်ဖြစ်သောအနာ stress ulcer ဟုခေါ်သည်။ ယခုခေတ်တွင် ပြိုင်ဆိုင်မှုပြင်းထန်လာမှုကြောင့် နေ့စဉ်လူမှုနေထိုင်ရေးဘဝတွင် စိတ်ဖိစီးမှုသည် အလွန်ကိုဖိစီးသောရောဂါတစ်မျိုးဖြစ်လာသည်။ အိပ်မပျော်ခြင်း၊ စိတ်ညစ်ခြင်းနှင့် ကိုယ်လက်မကြည်မသာဖြစ်ခြင်းသည် စိတ်ဖိစီးမှု၏ ရောဂါလက္ခဏာဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထို့သို့သော စိတ်ဖိစီးမှုကြောင့်...

သည်းခြေအိတ်ကျောက်တည်ခြင်းအကြောင်းသိကောင်းစရာ

သည်းခြေကျောက်တည်ခြင်းဆိုသည်မှာ သည်းခြေအိတ်ထဲတွင် သည်းခြေရည်များစု၍ခဲခြင်းဖြစ်သည်။ သည်းခြေအိတ်သည် အစာအိမ်၊ အူသိမ်နှင့်အသည်းကြားတွင်ရှိကာ အစာခြေစနစ်တွင်ပါဝင်သောအင်္ဂါတစ်ခုဖြစ်သည်။ သည်းခြေကျောက်တည်ခြင်းသည် အမျာအားဖြင့်အဝလွန်သော အသက်လတ်အမျိုးသမီးများတွင်အဖြစ်များသည်။ သည်းခြေကျောက်သည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင်အရွယ်ရောက်ပြီးသူများ၏ ဆယ်ရာခိုင်နှုန်းတွင်ဖြစ်သွားနေသည်။ အနောက်နိုင်ငံများတွင် အဆီအဆိမ့်စားသုံးခြင်းကြောင့်အဓိကဖြစ်သည်ဟုအဆိုရှိ၍ မြန်မာနိုင်ငံနှင့်အရှေ့တောင်အာရှနိုင်ငံများတွင် သန်ကောင်တုတ်ကောင်များ၏ဥကြောင့်ဖြစ်ပွားမှုပိုများသည်။ သည်းခြေကျောက်ဖြစ်နေသူအများစုသည် ရောဂါလက္ခဏာမခံစားရတတ်ချေ။ အများစုသည် တခြားသောရောဂါများကြောင့် အာထရာဆောင်းခေါ် တီဗွီဓာတ်မှန်ဝမ်းဗိုက်ကိုရိုက်ရမှာသည်းခြေကျောက်တည်နေကိုတွေ့ရှိကြသည်။ ရံဖန်ရံခါသည်းခြေကျောက်များကိုမူ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနှင့် ဗိုက်အလွန်နာခြင်းဖြစ်စေသည်။...

သွားတွေကို ဘာကြောင့် ပြန်စိုက်သင့်သလဲ

သဘာဝတရားကြီးဟာ သွားတွေကို လူတွေအတွက် အဓိကတာဝန် (၃) ရပ်ဆောင်ရွက်ဖို့ ဖန်တီးပေးထားခဲ့တာ ဖြစ်ပါတယ်။ ၁။ အစားအစာတွေကို ကောင်းစွာကြိတ်ဝါးနိုင်ပြီး အဟရပြည့်ဝစွာ စားသုံးနိုင်ဖို့ ၂။ စကားသံ ပီသစွာ ပြောဆိုနိုင်ဖို့ ၃။ ရုပ်ဆင်းသွင်ပြင် လှပစွာရှိနိုင်ဖို့ စတဲ့ အဓိက လုပ်ငန်းကြီး သုံးရပ်ကို သွားတွေက...
x