ဆီးချိုသမားတို့ ဂရုထားဖို့ သွားဖုံးရောဂါ အန္တရာယ်
"ဆရာမရေ သွားချင်းထိရင်နာတယ် ..အစာမဝါးနိုင်ဘူး"
"ဆရာမရေ သွားဖုံးမှာ အဖုကြီးပေါက်နေတယ်.. သွားလည်းနာနေတာကြာပြီ"
"ဆရာမရေ သွားတွေလှုပ်လာတာ ..နှုတ်ပေးလို့ရမလား "
စတဲ့ စကားရပ်တွေနဲ့ ဆေးခန်းကို ရောက်လာတဲ့ အသက်လေးဆယ်ကျော်လူနာတွေဆိုရင် ကျွန်မ အနေနဲ့ မေးခွန်းတစ်ခုကို မဖြစ်မနေ မေးရပါတော့တယ်။
အဲ့ဒါကတော့ " ဆီးချိုရှိလား " ဆိုတာပါပဲ ။ ကျွန်မ...