သခွားမွှေးသီး၏ ကောင်းခြင်းအဖြာဖြာ

သခွားမွှေးသီး၏ ကောင်းခြင်းအဖြာဖြာ ဒီတစ်ပတ်အစာလည်းဆေး၊ဆေးလည်းအစာကဏ္ဍမှာ ဖော်ပြပေးမှာကတော့ သီးနှံတွေထဲမှာ ဗီတာမင်အေဓာတ် အများဆုံးပါဝင်ပြီး နွေရာသီမှာစားသုံးဖို့လည်းအထူးသင့်လျော်တဲ့အသီးတစ်မျိုးဖြစ်တဲ့ သခွားမွှေးသီးအကြောင်းပဲဖြစ်ပါတယ်။ သခွားမွှေးသီးကို မြန်မာနိုင်ငံနေရာအနှံ့မှာ တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ သူ့မှာ လူတိုင်းအတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေထဲက ဗီတာမင် အေ ၁၀၀% ၊ ဗီတာမင် စီ ၅၀ % ၊အမျှင်ဓာတ် ၁.၅...

ဆေးလိပ်နှင့်ကျန်းမာရေးအန္တရာယ်

“ဆေးလိပ်သောက်ခြင်းသည်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါသည်”ဟူသော စကားစုသည် နေရာတိုင်းတွင်တွေ့ရသည်။ သို့သော်လူဦးရေ၏၇၀ရာခိုင်နှုန်း သည်ဆေးလိပ်ကိုတရှိုက်ရှိုက်မက်မက်သောက်သုံးနေကြသည်။ ဆေးရွက်ကြီး၊ ကာဗွန်မိုနော့ဆိုဒ်၊ နီကိုတင်းနှင့်အခြားသောဘေးဖြစ်စေသောဓာတုပစ္စည်းများစွာပါဝင်သောဆေးလိပ်သည် ကျန်းမာရေးကိုအလွန်ထိခိုက်စေသည်။ ခန္ဓာကိုယ်သည် ဆဲလ်ပေါင်းမြောက်မြားစွာဖြင့်ဖွဲ့စည်းထားသောသက်ရှိအစုအဖွဲ့ဖြစ်သည်။ ခန္ဓာကိုယ်ရှိအသေးဆုံးသောအက်တမ်မော်လီကျူးများသည်ပင် သက်ရှိအစုအဖွဲ့ဖြစ်သည်။ ပုံမှန်ကြီးထွားဖွံ့ဖြိုးနေသောအရာများတွင် ဇီဝကမ္မဖြစ်စဉ်သည် လိုအပ်သောပစ္စည်းအာဟာရများကိုသွေးများမှတစ်ဆင့်ရယူသည်။ ထိုအခါတွင်ဆေးလိပ်တွင်ပါသောပစ္စည်းများနှင့်ဓာတုပစ္စည်းများသည် ဇီဝကမ္မဖြစ်စဉ်ကိုကမောက်ကမဖြစ်စေသည်။ ထိုဖြစ်စဉ်မှကြီးထွားလာသောဆဲလ်အပေါင်းအစုသည်မူမမှန်ကြီးထွားလာရာတွင် ကင်ဆာကဲ့သို့သောရောဂါများကိုဖြစ်စေတော့သည်။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကိုအလွန်ဒုက္ခပေးသည်။ ရောဂါများအားလုံး၏ ရောဂါဖြစ်စေသောအကြောင်းအရာများတွင်ဆေးလိပ်ပါဝင်သည်။ ကိုယ်ဝန်ဆောင်ချိန်မှစ၍ အသက်သေဆုံးသည်အထိဆေးလိပ်သည်ပါဝင်နေသည်။...

အကောင်းဆုံးသဘာဝဖျော်ရည် ကြံရည်

(အစာလည်း ဆေး၊ ဆေးလည်း အစာ) ဒီတစ်ပတ်အစာလည်းဆေး၊ဆေးလည်းအစာကဏ္ဍမှာ ဖော်ပြပေးမှာကတော့ ဒီကနေ့ပူပြင်းလှတဲ့ ရာသီဥတုဒဏ်ကြောင့် ခန္ဓာကိုယ်မှာချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးမှုတွေ မဖြစ်ရလေအောင် လူကြိုက်လည်းများ၊ရာသီလည်းကိုက်ညီပြီး ၊သောက်သုံးရန်အထူးသင့်လျော်တဲ့ ကြံရည်အကြောင်းပဲဖြစ်ပါတယ်။ ကြံပင်ဟာ မြက်မျိုးနွယ်ဝင် အဆစ်တွေပါတဲ့ အပင်တစ်မျိုးဖြစ်ပြီး၊ အမြင့်ကတော့ လူတစ်ရပ်စာလောက်မြင့်ပါတယ်။ကြံပင်က ရတဲ့ သဘာဝအရည်ဟာ စွမ်းအင်မြင့်မားတဲ့ အာဟာရဓာတ်တွေပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ အလွန်ညီညွတ်ပါတယ်။ကြံရိုးမှာ...

အဖြစ်များနေသော ရင်သားကင်ဆာ

ယခုလ အောက်တိုဘာလကို ရင်သားကင်ဆာအသိပညာပေးလ( Breast Cancer Awareness Month) အဖြစ်သတ်မှတ်ထားသည်။ ရင်သားကင်ဆာသည် ကမ္ဘာပေါ်တွင်အဖြစ်များသောကင်ဆာတစ်မျိုးဖြစ်ကာ မြန်မာနိုင်ငံတွင်သားအိမ်ခေါင်းကင်ဆာပြီးနောက်အမျိုးသမီးများတွင်ဒုတိယအဖြစ်များဆုံးသောကင်ဆာဖြစ်သည်။ ထို့ပြင်ရင်သားကင်ဆာသည် စောစီးစွာသိလျှင် ရာနှုန်းပြည့်နီးပါးပျောက်ကင်းနိုင်သောကင်ဆာရောဂါတစ်မျိုးဖြစ်သည်။ ရင်သားကင်ဆာသည်အမျိုးသမီးများတွင်အဖြစ်များကာ အမျိုးသားများတွင်လည်းဖြစ်တတ်သည်။ မျိုးရိုးလိုက်တတ်သောရောဂါမျိုးဖြစ်ကာ အဖွား၊အမေ၊အဒေါ်၊အစ်မများတွင်ရင်သားကင်ဆာဖြစ်ဖူးသောရာဇဝင်ရှိသောသူများတွင် ဖြစ်နိုင်ခြေပိုများသည်။ အမျိုးသမီးဟော်မုန်းအထွက်များသောကြောင့်ဖြစ်စေကာ ကိုယ်ဝန်ဆောင်တားဆေးများသုံးစွဲသူ၊ အိမ်ထောင်မရှိသောသူများ၊ အိမ်ထောင်ရှိသော်လည်း ကလေးမမွေးသောသူများ၊ ကလေးမွေးသော်လည်းနို့မတိုက်သောသူများ၊ နို့တိုက်သော်လည်းတစ်ဖက်တည်းသာတိုက်သောသူများ၊...

“အာဟာရထူးတဲ့ အာလူး”

ဒီတစ်ပတ် အစာလည်းဆေး၊ ဆေးလည်းအစာကဏ္ဍမှာ ဟင်္သာစာဖတ် ပရိသတ်တွေအတွက် အထူူးတင်ဆက်ပေးမှာ ကတော့ အားလုံးလည်းသိ၊ အားလုံးလည်း စားဖူးကြတဲ့ မီးဖိုချောင်သုံးအစားအစာ အာလူး အကြောင်းပဲဖြစ်ပါတယ်။ အာလူးဟာ အဟာရတန်ဖိုးမြင့်တဲ့ သီးနှံဖြစ်တဲ့အတွက် အနောက်နိုင်ငံနှင့် ကမ္ဘာ့နိုင်ငံအများစုက အဓိက ဟင်းလျာအဖြစ် စားသုံးကြပါတယ်။ အာလူးကို ရုက္ခဗေဒလို ဆိုလေနမ်တျူဗာရိုဆမ်လို့ ခေါ်ပြီး၊ သူက ဆိုလာနေစီအီးမျိုးရင်းမှာ ပါဝင်ပါတယ်။ စိုက်ပျိုး ဧရိယာအနေဖြင့် ပဉ္စမအဆင့်တွင်ရှိပြီး၊...

တင်ဒါ ဖိတ်ခေါ်ခြင်း

      တင်ဒါ ဖိတ်ခေါ်ခြင်း မွန်နှင့် ကရင်ပြည်နယ်ရှိ အခွင့်အရေးကို လက်လှမ်းမမီသူများအတွက် ကျေးလက်အခြေပြု သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားရန် Swisscontact, မှအကောင်အထည်ဖော် ဆောင်ရွက်နေသော အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုအတတ်ပညာ ဖွံ့ဖြိုးမှုအစီအစဉ် သည် မွန်နှင့် ကရင်ပြည်နယ်ရှိ အခွင့်အရေးကို လက်လှမ်းမမီသူများအတွက် ကျေးလက်အခြေပြု သက်မွေးပညာသင်တန်းများ ဖွင့်လှစ်သင်ကြားရန် စိတ်ဝင်စားသော အဖွဲ့အစည်းများကို ရှာဖွေနေသည်။...

” ဇီးဖြူသီးအစွမ်း အံ့မခန်း “

ဒီတစ်ပတ် ဆေးလည်းအစာ၊ အစာလည်းဆေးကဏ္ဍမှာ တင်ပြချင်တာကတော့ ဆီးဖြူသီး အကြောင်းပဲဖြစ်ပါတယ်။ ဆီးဖြူသီးပင်ကို အင်္ဂလိပ်လို Gooseberry လို့ခေါ်ပြီး၊ အပင်ကိုတော့သိပ္ပံအမည်အရ Ribes UVA-Crispa လို့ ခေါ်ပါတယ်။သူ့မှာ အစေ့အိမ် အခန်း သုံးခန်းပါပြီး တစ်ခန်းမှာ အစေ့ လောင်း နှစ်ခုစီပါဝင်ပါတယ်။ အသီးများမှာ လုံးဝိုင်းပုံဖြစ်ပါတယ်။...

အသက်စောင့်တဲ့ရှောက်ရွက်

ဒီတစ်ပတ်မှာတော့ငွေ ၁၀၀ ကျပ်လောက်ရှိရုံနဲ့ အလွယ်အကူဝယ်ယူလို့ရပြီး အင်မတန်မှဆေးဘက်ဝင်အကျိုးများတဲ့ ရှောက်ရွက်အကြောင်းလေးတင်ပြချင်ပါတယ်။ ရှောက်ရွက်ဟာ စိတ်ကြည်လင်လန်းဆန်းစေတဲ့ အနံံ့ရှိပြီး မြန်မာတွေအနေနဲ့ တို့စရာ နဲ့အသုတ်တွေမှာ ထည့်သုံးစားသောက်တတ်ကြပါတယ်။ ဘာတွေအကျိုးများတာလဲ? မြန်မာလဆန်းရက်မှာ ရှောက်ရွက်ကိုစားထားရင် အဲဒီတစ်လလုံးလေမဖြတ်တော့ဘူးလို့ ရှေးရိုးစကားရှိပါတယ်။ရှောက်ရွက်ကိုကြက်သွန်ဖြူ၊ငြုပ်ကောင်းတို့နဲ့ဟင်းခါးချက်ပြီးအမြဲတမ်းသောက်ပေးရင် လေငန်းရောဂါပျောက်ပါတယ်။ဒါတင်ပဲလား? မဟုတ်ပါဘူး၊ကမ္ဘာပေါ်မှာအဖြစ်များပြီး၊အပျောက်နည်းတဲ့ ကင်ဆာရောဂါကိုလည်းကာကွယ်ပေးပါတယ်၊ ရှောက်ရွက်ဟာ ကင်ဆာဆဲလ်တွေကို ခန္ဓာကိုယ်ထဲမှာ...

အစာလည်းဆေး၊ ဆေးလည်းအစာ – (သခွားသီး)

ဒီတစ်ပတ်မှာတော့ ဆေးဘက်ဝင်အသီးတစ်မျိုးလည်းဖြစ်၊အလွယ်တကူ ဈေးပေါပေါနဲ့ဝယ်ယူလို့ရတဲ့ သခွားသီး(Cucumber)အကြောင်းလေး ပြောပြချင်ပါတယ်။ သခွားသီးဟာ မြန်မာလူမျိုးတို့ ရဲ့နေ့စဉ်ထမင်းစားဝိုင်းမှာ တို့စရာတစ်ခုအဖြစ်အမြဲတမ်းနေရာယူလျက်ရှိပြီး၊ကလေးရောလူကြီးပါ ကြိုက်နှစ်သက်တဲ့အသီးဖြစ်ပါတယ်၊ သူ့ရဲ့အနံ့နဲ့အရသာဟာ စိတ်ကြည်လင်စေပြီး၊အေးမြမြနဲ့ စားကောင်းတဲ့အပြင် များပြားလှစွာအသုံးဝင်အကျိုးပြုတဲ့ အသီးလည်းဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ခန္ဓာကိုယ် ကျန်းမာဖို့ဆိုရင် ရေဓာတ်ကအရေးကြီးပါတယ်။ ရေများများသောက်ဖို့အပျင်းကြီးတဲ့သူတွေ၊ဝန်လေးတဲ့သူတွေအတွက် ရေဓာတ် ၉၀ ရာခိုင်နှုန်းပါဝင်တဲ့ သခွားသီးကိုစားလိုက်ရုံနဲ့ ပြည့်စုံသွားပါပြီး။ သခွားသီးမှာ Silica ဓာတ်နဲ့ ဆာလဖာ...

Buying Guide

ဒီတစ်ပတ်အတွက်တော့ ဟင်္သာစာဖတ်ပရိတ်သတ်တွေကို ချစ်စရာကောင်းပြီးသန့်ရှင်းသပ်ရပ်တဲ့ Pizza ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မော်လမြိုင်မြို့၊ မြိုင်သာယာပန်းခြံအရှေ့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ဖွင့်လှစ်ထားတဲ့ Hello Kitty ဆိုင်လေးပဲဖြစ်ပါတယ်။ Pizza အဝိုင်းလိုက်အနေနဲ့လည်း အမျိုးအစားပေါင်း (၁၉)မျိုးကို အော်ဒါမှာယူနိုင်ပါတယ်။ Pizza အဝိုင်းလိုက်တွေကို မိမိစိတ်ကြိုက်ပုံစံမျိုးလည်း မှာယူလိုရပါတယ်။ အော်ဒါ မှာယူချင်ရင်တော့ အချိန်တစ်ရက်...

Latest article

ဖားကန့်တွင် နွံနစ်သဖြင့် အလုပ်သမား ၅ဝ ကျော် ပျောက်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန့်နေ့ညက နွံအိုင်တစ်ခု ပြိုကျသဖြင့် နွံဖုံးလွှမ်းသွားသော ကျောက်စိမ်းတူးနေသည့်နေရာတွင်  လုပ်ကိုင်နေသူ ၅ဝ ထက် မနည်းကို ကယ်ဆယ်နိုင်ရန် လုပ်ဆောင်နေကြောင်း၊  ရုပ်အလောင်း ၁ ခု ဆယ်ယူ ရရှိထားကြောင်း ရဲတပ်ဖွဲ့က ယနေ့ ပြောသည်။ လုပ်ကွက်ဟောင်းတစ်ခုမှ အဆိုပါ နွံအိုင်သည် မြို့အနောက်ဘက်...

မွန်တွင် ယခုနှစ် သကြံန်ရက်အတွင်း မှုခင်း ၆၀ နီးပါး ဖြစ်ပွားခဲ့

မော်လမြိုင် ဧပြီ ယခုနှစ် မဟာသင်္ကြန်ကာလအတွင်း မွန်ပြည်နယ်၌ မှုခင်း ၅၉ မှု ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အတွင်း လူသတ်မှု ၁ မှု၊ ခိုးမှု (ရိုးရိုး) ၂ မှု၊ ယာဉ်တိုက်မှု ၁၆မှု၊ နာကျင်စေမှု...

ကာလုံ ဖျက်သိမ်းရန် ရခိုင်အမျိုးသားပါတီ ဆွေးနွေး

တစ်လကြာ ရပ်နားထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေးကို နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အဆောက်အဦတွင် ယနေ့ နေ့လယ်ပိုင်းက ပြန်လည်စတင်ခဲ့ပြီး အုပ်ချုပ်ရေးကဏ္ဍ အခန်း(၅)ကို ဆွေးနွေးခဲ့ကြသည်။ ယနေ့ ဆွေးနွေးပွဲတွင် ရခိုင်အမျိုးသားပါတီကိုယ်စားပြုပြီး အစည်းအဝေး တက်ရောက်သည့်  ဦးအောင်ကျော်ဇံက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ...