မုဒုံမြို့နယ်မှာ ရေအခက်အခဲဖြစ်နေသည့် ကျေးရွာများကို မွန်ညီညွတ်ရေးပါတီ ရေလှူဒါန်း
မော်လမြိုင်၊ ဧပြီ ၂၆
မုဒုံမြို့နယ်အတွင်း ရေအခက်အခဲဖြစ်ပေါ်နသည့်ကျေးရွာများကို မွန်ညီညွတ်ရေးပါတီမှ ဧပြီလ ၁၀ ရက်န့က စပြီး ရေသွားရောက်လှူဒါန်းခဲ့ကြသည်။
လက်ရှိအချိန်အထိ ရေသွားရောက်လှူဒါန်းနေသည်မှာ ၁၇ ရက်မြောက်နေ့တွင် ရေအခက်အခဲဖြစ်ပေါ်နေသည့် ကျေးရွာပေါင်း၂၀ ကျော်ကို သွားရောက်လှူဒါန်းလျက်ရှိကြောင်း မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီ နိုင်တလညီက ရှင်းပြသည်။
"အဓိကတော့ သူတို့ သောက်သုံးရေအဆင်ပြေစေဖို့အတွက် တတ်နိုင်တဲ့ဘက်က...
ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် ရေအခက်အခဲ စတင်ကြုံတွေ့
ရေး၊ ဧပြီ ၂၅ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် ရေရှားပါးသည့်ပြဿနာများကို ယခုနှစ်တွင် စတင်ကြုံတွေ့နေရပြီးဖြစ်ကြောင်း အံဒင်ကျေးရွာဒေသခံများထံမှ သိရသည်။"အရင်နှစ်တွေက ဒီလိုရေအခက်အခဲမရှိဘူး။ ဒီနှစ်မှ ရေစရှားတာပါ"ဟု အံဒင်ကျေးရွာ ရေပေးဝေနေသည့်လူငယ်အဖွဲ့ ကိုဖိုးဇော်က ပြောသည်။ကျေးရွာအတွင်း ရေအခက်အခဲဖြစ်ပေါ်နေသည့် နေအိမ်များကို ရေပေးဝေနိုင်ရေးအတွက် အံဒင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ စာချဆရာတာ် ဦးဇင်းနန္ဒမှ ဦးဆောင်ပြီး...
COVID-19 ကာကွယ်ရေးအတွက် ကလော့သော့ကျေးရွာအပါအဝင် ရွာ(၈)ရွာကို ပိုးသတ်ဆေးဖြန်း
မုဒုံ၊ ဧပြီ ၂၁COVID-19 ကာကွယ်ရေးအတွက် မုဒုံမြို့နယ်ရှိ ကလော့သော့ကျေးရွာ တောင်ပကျေးရွာ၊ ဖယ်ဒိုးကျေးရွာအပါအဝင် ကျေးရွာ(၈)ရွာရှိ ဘုန်းတော်ကြီးကျောင်း၊ စေတီဘုရားများ စသည့် လူသွားလာများသည့်နေရာတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းသွားမည်ဖြစ်ကြောင်း ကလော့သော့ကျေးရွာ နားရေးကူညီမှုအသင်းထံမှ သိရသည်။ယင်းကိစ္စနှင့်ပတ်သက်၍ အဆိုပါကျေးရွာရှိ ရာမညနိကာယ သာသနာနုဂ္ဂဟ...
ကျိုက်မရောမြို့နယ်မှ Case-27 လူနာနှင့် ထိတွေ့ခဲ့သူ ၁၅ ထဲတွင် ကလေး ၅ ဦးပါဝင်နေ
မော်လမြိုင်၊ ဧပြီ ၁၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာမှ Case-27 လူနာနှင့် ထိတွေ့ခဲ့သူ ၁၅ ဦးထဲတွင် ကလေး ၅ ဦးပါဝင်နေကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒု-ပြည်နယ် ဦးစီးမှုး ဒေါက်တာဝတ်မှုံက ပြောကြားသည်။
Case-27 လူနာနှင့် ထိတွေ့ခဲ့သည့် ကလေး ၅ ဦးမှာ...
သင်္ကြန်ကာလအတွင်း ယာဉ်လိုင်းအများစု ရပ်နားသော်လည်း New PTT ယာဉ်လိုင်းပြေးဆွဲမည်
မော်လမြိုင် ဧပြီ ၆
သင်္ကြန်ကာလအတွင်း မွန်ပြည်နယ်မှ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးပြေးဆွဲနေသော ယာဉ်လိုင်းအများစုက ရပ်နားထားသော်လည်း New PTT ယာဉ်လိုင်းက ပြေးဆွဲသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ပြောသည်။
မွန်ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီအောက်မှ ပြေးဆွဲနေသည့်ယာဉ်လိုင်း ၇၃ လိုင်းရှိကာ သင်္ကြန်ကာလအတွင်း...
COVID-19 ရောဂါနှင့်ပတ်သက်ပြီး မဟုတ်မမှန်သတင်းများ ထုတ်ပြန်ပါက သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ အရေးယူမည်
မော်လမြိုင် ဧပြီ ၁
COVID-19 ရောဂါနှင့် ပတ်သက်ပြီး အများပြည်သူအထိတ်တလန့်ဖြစ်စေသည့် ရည်ရွယ်ချက်ဖြင့် မမှန်သတင်းများ ထုတ်လွှင့်ပါက သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။
လတ်တလောဖြစ်ပေါ်နေသည့် COVID-19 ရောဂါသည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေတွင် အကျုံးဝင်သဖြင့်...
စက်စဲကမ်းခြေကို ဧပြီလကုန်အထိ ပိတ်ထားမည်
မော်လမြိုင်၊ မတ် ၃၀
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စက်စဲကမ်းခြေကို မတ်လ ၂၉ ရက် ဧပြီလ ၃၀ ရက်အထိ ပိတ်ထားလိုက်ပြီးဖြစ်ကြောင်း စက်စဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဟင်္သာမီဒီယာကို အတည်ပြုပြောကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသည့် COVID-19 ကို ကာကွယ်တားဆီးနိုင်စေရေးအတွက်
စက်စဲကမ်းခြေကို ဧည့်သည်ဘုရားဖူးယာဉ်များနှင့် အလှူခံယာဉ်များ ဝင်ခွင့်မပြုကြောင်းကိုလည်း...
ကျိုက်ထီးရိုးဘုရားပွဲတော်ကို မတ် ၂၁ ရက်ကစပြီး ပိတ်သိမ်းမည်
မော်လမြိုင်၊ မတ် ၁၈
ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော် ဘုရားပွဲတော်ကို မတ် ၂၁ ရက်ကစပြီး ပိတ်သိမ်းမည်ဖြစ်ကြောင်း မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ မတ်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်အစိုးရအဖွဲ့က...
တဖက်နိုင်ငံကပြန်လာသည့်လူများတွင် ထူးခြားသည့်ရောဂါတွေ့ရှိပြီး သတင်းပို့ရန်ပျက်ကွက်ပါကရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူများကို အရေးယူမည်
မော်လမြိုင်၊ မတ် ၁၆
မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှာတဖက်နိုင်ငံမှ ပြန်လာသည့်လူများတွင် ထူးခြားသည့် ရောဂါလက္ခဏာတစ်စုံတစ်ရာတွေ့ရှိပြီး သတင်းပို့ရန် ပျက်ကွက်ပါက ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူများကို အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံကပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ထိန်းချုပ်ထားမှု အခြေအနေနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မတ်လ...
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပဲခူးပရိယတ္တိမွန်စာသင်တိုက် ပဓာနနာယကဆရာတော် အန္တိမအဂ္ဂိစျာပနအခမ်းအနားကို ဆိုင်းငံ့ထား
မော်လမြိုင်၊ မတ် ၁၇
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပဲခူးပရိယတ္တိမွန်စာသင်တိုက် ဦးစီးပဓာနနာယက၊ ဘဒ္ဒန္တသီလာစာရမဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိစျာပနအခမ်းအနားကို ဧပြီလ ၁၈ ရက်မှ ၃၀ ရက်အထိ(တန်ခူးလဆုတ် ၁၁ ရက်မှ ကဆုန်လဆန်း ၅ ရက်နေ့အထိ) ကျင်းပရန် စီစဉ်ထားသော်လည်း ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မတ်လ...