မွန်ပြည်နယ်တွင် ၅ လအတွင်း သွေးလွန်တုတ်ကွေးကြောင့် ၂ ဦးသေဆုံး၊ ၃၆၀ ကျော်ရောဂါဖြစ်ပွား

၂၀၁၉ ဇွန် ၁၈ ၅ လကျော်အတွင်း မွန်ပြည်နယ်၌ သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူ ၃၆၀ ဦးကျော်ရှိပြီး သေဆုံးသူ ၂ ဦးရှိသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစည်သူရဲနောင် က ပြောသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့ထိ...

မွန်ပြည်နယ် ဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံတိုင်ကြား

မော်လမြိုင်၊ ဇွန်၂၀ မွန်ပြည်နယ် ဝန်ကြီးချုပ် ဆုံးဖြတ်ချက်ဖြင့် တင်ဒါမခေါ်ပဲ ဖောက်လုပ်ခဲ့သော အောင်သပြေ-နှစ်ကရင်လမ်း ကျေးရွာချင်းဆက်လမ်း ပိုင်းကိစ္စတွင် တင်ဒါ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှု မရှိဟုဆိုကာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ထံတိုင်ကြားထားကြောင်း တိုင်ကြားသူများထဲ မှတစ်ဦးဖြစ်သည့် ရေးတော်ဝင် ရေတော်ဝင် သတင်းလွှာ အယ်ဒီတာချုပ်...

ကလေးလုပ်သားများ ပပျောက်ရေးအတွက် အလုပ်ရှင်များ၏ အကူအညီလိုအပ်

မော်လမြိုင်၊ ဇွန်၁၇ ကလေးလုပ်သားများ ပပျောက်ရေးအတွက် စက်ရုံ ၊အလုပ်ရုံ ၊ အလုပ်ဌာန ၊ ဆိုင်ပိုင်ရှင်များ ပူပေါင်းပါဝင်အကူ အညီပေးဖို့ လိုအပ်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားများဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ကြည်အေးက ပြောသည်။ ကလေးလုပ်သားများ ပပျောက်ရန်အတွက် လက်ရှိတွင် ကော်မတီ ရှစ်ခု ဖွဲ့စည်းထားပြီး အလုပ်ရှင်များအနေနှင့်...

မွန်တွင် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားပြီးဟုဆို

မော်လမြိုင်၊ ဇွန် လာမည့် မိုးရာသီကာလတွင် မွန်ပြည်နယ်အတွင်း ရင်ဆိုင်ရမည့် သဘာဝဘေးအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ “အဓိကတော့ ကြိုတင်ပြင်ဆင်ထားတာက အချက် (၂၁)ချက်လောက်ရှိတယ်။ အဓိကအချက်တွေကိုပဲ ပြောပြမယ်။ အဓိကအချက်က ပထမဦးဆုံးအနေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ စုဆောင်းတယ်။ မွန်ပြည်နယ်ဦးစီးဌာနရုံးမှာကယ်ဆယ်ရေးပစ္စည်း အိမ်ထောင်စု (၁၀၀၀) နဲ့သထုံခရိုင်ဦးစီးဌာနမှာဆို အိမ်ထောင်စု (၈၀၀) မြို့နယ်ဦးစီးမှူးရုံးမှာ...

အစိုးရစီမံကိန်း အဆောက်အအုံများကို အမှီအခိုကင်းသောအဖွဲ့အစည်းများဖြင့် စစ်ဆေးမည်

မော်လမြိုင်၊ ဇွန် မွန်ပြည်နယ် အတွင်းတွင်လာမည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်မည့် အဆောက်အအုံများကို အမှီအခိုကင်းပြီး လွတ်လပ်သော တတိယအဖွဲ့အစည်းထားရှိပြီး တာဝန်ခံ စစ်ဆေးသွားမည်ဖြစ် ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက် လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။ ဇွန်လ ၁၃ ရက်နေ့ကကျင်းပသော ဒုတိယအကြိမ်လွှတ်တော်အထူးအစည်းအဝေးတွင်...

လွှတ်တော်တွင် အစိုးရ ပြန်လည်ဖြေကြားမှုများ စာဖြင့် မထုတ်ပေး၍ ကိုယ်စားလှယ်များ ဝေဖန်

မော်လမြိုင်၊ ဇွန် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးတွင် ကိုယ်စားလှယ်များ၏ မေးခွန်းအပေါ် ပြန်လည်ဖြေကြားသောအဖြေများကို စာဖြင့်ထုတ်ပေးခြင်း မရှိသောကြောင့် လွှတ်တော်ကိုယ်စားလှယ်များ က ဝေဖန်ပြောဆိုမှုများ ရှိနေသည်။ ယခင်လွှတ်တော် အစည်းအဝေးများတွင် စာဖြင့် ပြန်လည်ဖြေကြားသောဖြေကြားလွှာများကို  လွှတ်တော် မစတင်မီ အချိန်ကတည်းက ပေးဝေထားသော်လည်း လက်ရှိကျင်းပနေသော လွှတ်တော်အစည်းအဝေးတွင် စာဖြင့် ဖြေကြားလွှာများပေးပို့ခြင်း...

စာဖြင့် ပြန်လည်ဖြေကြားပေးမည့် မေးခွန်းကို ၁၀ ရက်အတွင်း တိတိကျကျဖြေကြားပေးရန် လွှတ်တော် ဥက္ကဋ္ဌ သတိပေး

မော်လမြိုင်၊ ဇွန် ၁၃ လက်ရှိ ကျင်းပနေသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးတွင် စာဖြင့် ပြန်လည်ဖြေကြားပေးရမည့် မေးခွန်းများကို ၁၀ ရက်အတွင်း တိတိကျကျဖြေကြားပေးရန် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက သတိပေး ပြောကြားသည်။ “ဖြေရမယ့် အဖြေတွေကို ၁၀ ရက်အတွင်း ပို့ပေးပါလို့ ကျွန်မအမြဲတမ်းပြောပါတယ်။ ဒါပေမယ့်...

မွန်ပြည်နယ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃ နှစ်အတွင်း ဒေါ်သာ သန်း ၆၀၀ ကျော် ၊ ယခုနှစ်တွင် ယခင်နှစ်ကထက် ကျဆင်း

၂၀၁၉ ဇွန် ၁၀ လက်ရှိအစိုးရ သုံးနှစ်တာကာလအတွင်း မွန်ပြည်နယ်၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန် ဒေါ်လာ သန်းပေါင်း ၆၀၀ ကျော် ရှိသော်လည်း ပြီးခဲ့သည့်နှစ်တွင် ယခင်နှစ်ကထက် ရင်းနှီးမြှုပ်နှံမှု ကျဆင်းသွားသည်။ “၃ နှစ်တာကာလအတွင်းမှာ ဆောင်ရွက်ထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ၁၀ ခုရှိပါတယ် ၊ တန်ဖိုးအားဖြင့်ဆိုရင်တော့ အမေရိကန်ဒေါ်လာ...

မြေနေရာတွေ့ရှိပါက တန်ဖိုးနည်းအိမ်ယာများ ထပ်မံအကောင်အထည်ဖော်မည်

မော်လမြိုင် ၊ ဇွန် ၅ မြေနေရာသစ်တွေ့ရှိပါက တန်ဖိုးနည်း အိမ်ယာများ ထပ်မံတည်ဆောက်ရန် စဉ်းစားထားကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်ကပြောသည်။ "ကျွန်တော်တို့ မြေနေရာတွေ့ရှိရင် အဲ့ဒီအိမ်ယာအတွက် စဉ်းစားထားတာရှိတယ်။ ဝန်ကြီးချုပ်လည်း အိမ်ယာဆောက်ဖို့အတွက်ကို အများကြီး စဉ်းစားထားတယ်"ဟု ၎င်းကပြောသည်။ မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ဇွန်လ ၄...

တာဝန်ခံမည့်သူရှိပါက ဘေးတွဲဆိုင်ကယ်များကို အရေးယူမည်

မော်လမြိုင်၊ ဇွန် ၅ တာဝန်ခံပေးမည့်သူရှိပါက ဘေးတွဲဆိုင်ကယ်များကို ဥပဒေအရ ချက်ခြင်းအရေးယူမည် ဖြစ်ကြောင်း မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ္ဋ်ဦးကပြောကြားသည်။ “ တာဝန်ခံမယ့်သူရှိရင် ကျွန်တော်တို့ကရှင်းတယ်၊ အခုချက်ခြင်း ဆင်းဖမ်းလို့ရတယ်၊ အခုချက်ခြင်းအရေးယူ လို့ရတယ်၊" ဟု ၎င်းကပြောသည်။ ဇွန် ၄ ရက်ကပြုလုပ်တဲ့ မွန်ပြည်နယ်အစိုးရအဖွဲ့ တတိယတစ်နှစ်တာကာလတွင်း ဆောင်ရွက်ခဲ့မှုနှင့်...