ထိုင်း နှင့် အိန္ဒိယတို့တွင် မြန်မာယာဉ်မောင်းလိုင်စင်ဖြင့် ယာဉ်မောင်းနိုင်ရန် စီစဉ်
အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် မြန်မာနိုင်ငံမှ ယာဉ်မောင်းလိုင်စင်ဖြင့် သွားရောက်ယာဉ်မောင်းနှင်နိုင်မည့် သုံးနိုင်ငံစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှု များပြုလုပ်ထားပြီးဖြစ်ကြောင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
"အိန္ဒိယ၊မြန်မာ၊ ထိုင်းစာချုပ်ချုပ်ဆိုဖို့ဆွေးနွေးထားပြီးပြီ"ဟုကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မာန်ကဟင်္သာမီဒီယာသို့ ပြောသည်။
အခြားနိုင်ငံများကိုလိုက်မီနိုင်ရန် နိုင်ငံဖြတ်ကျော် ယာဉ်မောင်းနှင်ခွင့်အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီးလက်တွေ့အကောင်အထည်ဖော်ရန် နိုင်ငံအချင်းချင်းစာချုပ်ချုပ်ဆိုရန် ကျန်ရှိသေးကြောင်း ၎င်းကထပ်လောင်းပြောဆိုသည်။
လမ်းစည်းကမ်း၊ယာဉ်စည်းကမ်းများမှာမူများသောအားဖြင့်တူညီမှုရှိပြီးလက်ယာကပ်မောင်းစနစ် နှင့် လက်ဝဲကပ်မောင်းစနစ်သာကွာခြားနိုင်ကြောင်းကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
" ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းတွေကတော့...
မြေမြှုပ်မိုင်းအန္တရာယ်ရှိသည်ဟုယူဆရသော ပြည်နယ်များတွင် မွန်ပြည်နယ်ပါဝင်
မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအစီရင်ခံစာအရမြေမြှုပ်မိုင်းအန္တရာယ်ရှိသည်ဟုယူဆရသော ပြည်နယ်များတွင် မွန်ပြည်နယ်ပါဝင်ကြောင်းCatholic Relief Services (CRS) အဖွဲ့မှ Project Officer ဦးနေမျိုးလင်းကပြောသည်။
လူမှုဝန်ထမ်းဦးစီးဌာနနှင့် CRS တို့ ပူးပေါင်းကာဇွန်လ ၂၃ ရက်နေ့က ပြုလုပ်ကျင်းပသည့် မိုင်းအန္တရာယ် အသိပညာပေးသင်တန်းတွင် ၎င်းက ပြောဆိုခဲ့သည်။
အဆိုပါ ၂၀၁၅ အစီရင်ခံစာတွင် မော်လမြိုင်မြို့၊ ဘီးလင်းမြို့၊...
အစိုးရစစ်စာမေးပွဲအောင်မြင်သူများသာမွန်အမျိုးသားပညာရေးကျောင်းမှအစိုးရကျောင်းသို့ ပြောင်းခွင့်ရမည်ဟုဆို
မွန်အမျိုးသားပညာရေးကျောင်းတွင် အစိုးရစစ်စာမေးပွဲကျင်းပ၍ ယင်းစာမေးပွဲကိုအောင်မြင်ပြီးသူများသာအစိုးရ၏ အခြေခံပညာကျောင်းများသို့ ပြောင်းရွှေ့တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်းမွန်အမျိုးသားပညာရေးဌာနထံမှ သိရသည်။
လက်ရှိတွင် မွန်အမျိုးသားပညာရေးကျောင်းများတွင် အစိုးရစစ်စာမေးပွဲမကျင်းပသေးသည့်အတွက် အဋ္ဌမတန်းကျောင်းသားများအခြေခံပညာကျောင်းများသို့ ပြောင်းရွှေ့ရာတွင် လက်ခံ၍ မရနိုင်သေးဟု ပြည်နယ်ပညာရေးမှူးကပြောကြားထားကြောင်းမွန်အမျိုးသားပညာရေးဌာန၏ Education Program Administration မင်းအောင်ဇေကပြောသည်။
ကျောင်းပြောင်းရွှေ့မရသော်လည်းကျောင်းသား/သူများ၏ အခွင့်အလမ်းများကိုမပိတ်ပင်ဘဲမွန်အမျိုးသားပညာရေးကျောင်းကိုဆက်တက်ခြင်းနှင့် အပြင်တွင် ကျူရှင်တက်၍ နဝမတန်းစာမေးပွဲကို ပြင်ပဖြေဆိုခွင့်ပေးမည်ဟု...
ပြည်နယ်စည်ပင်သာယာရေးကော်မတီကိုနှစ်လအတွင်းပြန်လည်ဖွဲ့စည်းမည်
မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီကိုဖေဖော်ဝါရီလကအဖွဲ့ဝင်အဟောင်းများဖြင့် စည်ပင်သာယာရေးဥပဒေအတိုင်းဖွဲ့စည်းထားသော်လည်းနှစ်လအတွင်းအသစ်ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကဟင်္သာမီဒီယာသို့ ပြောသည်။
“အစိုးရအဖွဲ့ကစည်ပင်နဲ့ ပတ်သက်ပြီးဘာမှမလုပ်ရသေးဘူး၊ဒီအတွက် အချိန်တော့ယူဦးမယ်၊ အမှားခံလို့မဖြစ်ဘူး၊ လိုအပ်ရင်ပြင်ဆင်တိုးချဲ့ဖွဲ့စည်းမယ်၊ ဒီအဖွဲ့ကအရမ်းအရေးကြီးတယ်လေ”ဟုဝန်ကြီးချုပ် ဦးမင်းမင်းဦးကဆက်လက်ပြောသည်။
စည်ပင်ကော်မတီဖွဲ့စည်းရာတွင်လူထုအတွင်းသို့နှစ်လအတွင်းကွင်းဆင်းကာသဘောထားများမေးမြန်းသွားမည်ဖြစ်ပြီးလူထုအားလုံးသဘောကျသည့်လူများကော်မတီအတွင်းပါဝင်လာရစေမည်ဟုအာမခံကြောင်းမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးကထပ်လောင်းပြောဆိုသည်။
အစိုးရအဖွဲ့သည် စည်ပင်သာယာရေးကော်မတီကိုလိုအပ်ပါက ပြန်လည်ဖွဲ့စည်းခြင်း၊ ကော်မတီဦးရေတိုးချဲ့ခြင်း၊ ကော်မတီဝင်အစားထိုးခြင်း ပြုလုပ်ခွင့်ရှိသည်ဟုမွန်ပြည်နယ်စည်ပင်သာယာဥပဒေတွင် ဖော်ပြပါရှိသည်။
ယခုဖွဲ့စည်းထားသည့် စည်ပင်ကော်မတီသည် ယခင်အစိုးရလက်ထက်ကဖွဲ့စည်းပုံအတိုင်းဖွဲ့စည်းထားခြင်းဖြစ်ပြီးမိမိအနေဖြင့် စည်ပင်သာယာရေးဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားခြင်းဖြစ်သည့်အတွက် ဥက္ကဋ္ဌ နေရာကိုတိုက်ရိုက်ထည့်လိုက်ခြင်းဖြစ်ကြောင်းဦးမင်းမင်းဦးကပြောကြားသည်။
မွန်ပြည်နယ်...
ရွေ့ပြောင်းအလုပ်သမားများကိုအိမ်ထောင်စုစာရင်းထုတ်ပေးမည့် အစီအစဉ်ပြန်သုံးသပ်ရန် မွန်ပြည်နယ်ဝန်ကြီးချုပ်ထံတောင်းဆို
မွန်ပြည်နယ်အစိုးရအဖွဲ့ကရွေ့ပြောင်းအလုပ်သမားများနှင့် ရွေ့ပြောင်းအခြေချနေထိုင်သူများကိုအိမ်ထောင်စုစာရင်းထုတ်ပေးမည့် စီမံချက်ကို ပြန်လည်သုံးသပ်ပေးရန် မွန်အဖွဲ့စည်းများကမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးထံဇွန်လ ၁၀ ရက်နေ့ကလက်မှတ်ရေးထိုးတောင်းဆိုထားကြောင်းအဆိုပါ မွန်အဖွဲ့အစည်းများကပြောကြားသည်။
“ရွေ့ပြောင်းအလုပ်သမားတွေ ဝင်လာပါက ပြဿနာတွေ အများကြီးရှိလာနိုင်တယ်၊ ရွေ့ပြောင်းတွေကိုခြောက်လနေရင် ယာယီအိမ်ထောင်စုထုတ်ပေးတယ်၊ သုံးနှစ်နေခဲ့ရင် အိမ်ထောင်စုစာရင်းထုတ်ပေးတယ်၊ မွန်ပြည်နယ်မှကဒီကိစ္စနဲ့ပတ်သက်ပြီးတရားဝင်ချပြထားတာမရှိဘူး”ဟုဦးဆောင်ပါဝင်သူညီညွှတ်သောရဟန်းပျိုများအဖွဲ့ဝင် အရှင်သဒ္ဓမ္မပါလကမိန့်ကြားသည်။
ထို့သို့ ထုတ်ပေးနေခြင်းကြောင့် ရွေ့ပြောင်းအလုပ်သမားများသည် အိမ်ထောင်စုစာရင်းများစွာရှိလာနိုင်ပြီးမွန်လူမျိုးအနေဖြင့် ထိခိုက်နိုင်မှုများရှိလာနိုင်ခြင်းကိုသုံးသပ်ပေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံစာတင်ရခြင်းဖြစ်ကြောင်း ၎င်းက...
လွှတ်တော်ကရပ်နားရန်အကြံပြုထားသောအဆင့်မြင့်ဧည့်ရိပ်သာစီမံကိန်းကိုတင်ဒါခေါ်ယူ
အဆင့်မြင့်ဧည့်ရိပ်သာတည်ဆောက်ရေးစီမံကိန်းကိုလွှတ်တော်ကိုယ်စားလှယ်များကရပ်နားရန် အကြံပြုထားသော်လည်းအစိုးရကဇွန်လ ၁၄ရက်နေ့က တင်ဒါခေါ်ယူခဲ့ကြောင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦးကဟင်္သာမီဒီယာသို့ပြောကြားခဲ့သည်။
“ တို့ကတော့ အစိုးရအဖွဲ့လုပ်ငန်းကိုလုပ်နေတာပဲလေ၊ ကျန်တဲ့လွှတ်တော်ပိုင်းကတော့ လွှတ်တော်နဲ့ပဲဆက်သွယ်ပြီးတော့ မေးဖို့သင့်ပါတယ်၊ အစိုးရအဖွဲ့ကတော့ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်သွားမှာပဲ” ဟုဗိုလ်မှူးကြီးဝင်းနိုင်ဦးကဆိုသည်။
အဆင့်မြင့်ဧည့်ရိပ်သာဆောက်လုပ်ရန် လျှောက်ထားသည့်တင်ဒါများကိုစိစစ်ပြီးအစိုးရအဖွဲ့အစည်းအဝေးတွင်တင်ပြကာသဘောတူညီမှုများရယူသွားမည်ဖြစ်ကြောင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းနိုင်ဦးကထုတ်ဖော်ပြောကြားခဲ့သည်။
“ ဒီကိစ္စလုပ်မယ့်အစားတခြားလူထုအတွက် အကျိုးရှိမယ့်နေရာလုပ်သင့်တယ်ဆိုတာကိုရေးရာကော်မတီမှာပါတဲ့ကိုယ်စားလှယ်အားလုံးလက်ခံပြီးအစိုးရကိုအကြံပြုစာပို့လိုက်ပေမယ့် ဘာမှမတုံ့ပြန်ခဲ့ဘူး” ဟုလွှတ်တော် ဒုတိယဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦးကပြောသည်။
အခြားလိုအပ်ချက်ရှိသည့်နေရာများရှိနေသည့်အတွက် သိန်းပေါင်း ၁၂ဝဝဝအသုံးပြုတည်ဆောက်မည့် အဆိုပါစီမံကိန်းကိုလွှတ်တော်ဒုဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များညှိနှိုင်းကာရပ်နားရန်အကြံပြုခဲ့ခြင်း...
မော်လမြိုင်မြို့တွင်းရှိ လမ်းညွှန်ဆိုင်းဘုတ်များတွင် မွန် ဘာသာစကားဖြင့်ပါ ဖော်ပြမည်
မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်မြို့တွင်းရှိ လမ်းညွှန်ဆိုင်းဘုတ်များကို အသစ်တပ်ဆင်ခြင်းနှင့် လဲလှယ်ခြင်းများ ပြုလုပ်ရာတွင် မွန်ဘာသာစကားဖြင့် ရေးသားဖော်ပြတော့မည်ဖြစ်ကြောင်း အဆိုပါဆိုင်းဘုတ်များကို လိုက်လံတပ်ဆင်မည့် ဘိုဘိုဝင်း (အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့)ထံမှ သိရသည်။
မော်လမြိုင်ရှိ ပျက်စီးနေသော လမ်းညွှန်ဆိုင်းဘုတ်များကို ပြင်ဆင်ခြင်းနှင့် လမ်းညွှန်ဆိုင်းဘုတ်အသစ်များ ထပ်မံတပ်ဆင်ရန် ဘိုဘိုဝင်း(အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့)နှင့် သာသနာနွယ်ဖောင်ဒေးရှင်းတို့က ပူးပေါင်း...
မွန်ပြည်နယ် အတွင်း တပ်မတော် က သိမ်းယူထားသောမြေဧက ၈၀ဝကျော် ကို ဒုသမ္မတ ကိုယ်တိုင် ပိုင်ရှင်ထံ ပေးအပ်မည်
မွန်ပြည်နယ်တွင် ယခင်တပ်မတော် အစိုးရလက်ထက်က သိမ်းဆည်းထားသည့် မြေဧက ၈၀ဝကျော်ကို ဒုတိယ သမ္မတ (၂) ဟင်နရီဗန်ထီးယူ ကိုယ်တိုင် မူလ ပိုင်ရှင်ထံပြန်ပေး မည် ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။
“ဌာနဆိုင်ရာတွေ၊ တပ်ရင်းတပ်ဖွဲ့တွေကသိမ်းထားတဲ့...
သင်ယူ လေ့လာ မွန်သင်ခန်းစာ
ဒီတစ်ပတ်မှာတော့ ဟင်္သာမီဒီယာရဲ့ စာဖတ်ပရိတ်သတ်တွေအတွက် မွန်စာပေကို အရေး၊အဖတ် တတ်မြောက်အောင် အခွေကြည့်ရင်း အလွယ်တကူ သင်ယူနိုင်မယ့် မွန်စာသင် အခွေနဲ့မိတ်ဆက် ပေးချင်ပါတယ်။
မွန်စာသင်အခွေကို ၂၀၁၅ ခုနှစ် ဧပြီလမှာ Mon Education Group Online (MEG) အွန်လိုင်းမွန်ပညာ ထောက်ပံ့ရေးအဖွဲ့က...
၂၁ ရာစုပင်လုံညီလာခံတွင်မွန်အမျိုးသားများတစ်သံတည်းထွက်ပေါ်ရေးမွန်ပြည်သစ်ပါတီစတင်လုပ်ဆောင်
မော်လမြိုင်၊ ဇွန် ၁၃ ။ ။ နိုင်ငံရေးပါတီသုံးခုရှိနေပြီးသဘောထားမတူညီမှု များလည်းရှိနေသောမွန် နိုင်ငံရေးအဖွဲ့အစည်းများ ၂၁ ရာစုပင်လုံညီလာခံတွင် မွန်အမျိုးသားရေးကိစ္စများကိုယ်စားပြုတင်ပြနိုင်ရာ၌ အသံတစ်သံတည်းထွက်ပေါ် ရေးအတွက် မွန်ပြည်သစ်ပါတီ က ကြိုးပမ်းရန် စည်းများစတင်နေကြောင်းအဆိုပါပါတီ၏ ပြည်တွင်းရေးတာဝန်ခံနိုင်ဝင်းလှကဆိုသည်။
အဆိုပါ ညီလာခံအတွက် မွန်တစ်မျိုးသားလုံးဆိုင်ရာ...