Advertisements

ကုလားကုတ် အရပ်သားကို ပစ်သတ်ခဲ့သည့် တပ်မတော်အရာရှိထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

မော်လမြိုင် ၊ မေ ၂၀ ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအလယ်ဆိပ်တွင် လွန်ခဲ့သော တစ်နှစ်ခန့်က အရပ်သားတစ်ဦး အား သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် တပ်မတော်အရာရှိကို မော်လမြိုင်ခရိုင်တရားရုံးက မေ ၂၀ ရက်နေ့ က အမိန့်ချမှတ် ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ မေ ၁၆ ရက်နေ့က အမှတ်...

လယ်ဧက ၈၀ အတွက် မျိုးစပါးအခမဲ့ ဖြန့်ဝေ

ချောင်းဆုံ မေ ဘီလူးကျွန်း ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာပိုင် ကွင်းအမှတ် ၆၃၄ အေရှိဘက်စုံအဆင့်မြင့်နည်း ပညာသုံးစံပြကျေးရွာစိုက်ကွက် လယ်ဧက ၃၀၀ အနက် လယ်ဧက ၈၀ ကိုမျိုးစေ့ထုတ်စိုက်ခင်းပြုလုပ်နိုင်ရန်အ တွက်မျိုးစပါးအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနကတစ်ဆင့် သိရသည်။ "ဒေသခံတွေလည်း နှစ်သက်စိုက်ပျိုးနေတဲ့ မျိုးစပါးဖြစ်တယ် ၊ သက်တမ်း ၁၄၅ ရက်ဖြစ်တယ် ။...

အောင်သပြေ – နှစ်ကရင်လမ်းဖောက်လုပ်ရာတွင် ခြံရှင်များကိုပေးသောလျော်ကြေးငွေမှ အလှူငွေပြန်ကောက်

မော်လမြိုင်၊ မေ အောင်သပြေ-နှစ်ကရင်လမ်းကို လမ်းအကျယ်ပေချဲ့ထွင်ရာတွင် ဒေသခံများ ၏ ခြံတချို့၏ မြေယာများ ပါဝင်နေခြင်းကြောင့် တစ်ဧကလျှင် လျော်ကြေးငွေ ကျပ်သိန်းတစ်ရာ ပေးအပ်ရန်သတ်မှတ်ထားသော်လည်း ကျပ်သိန်း (၂၀)ကို အလှူငွေသဘောဖြင့် ထည့်ဝင်ပေးကြပါရန် လမ်းဖောက်လုပ်သည့် ကုမ္ပဏီ နှင့် အစိုးရ ပြောဆိုတောင်းခံခဲ့ကြောင်း ခြံရှင်များ ကပြောကြားသည်။ လျော်ကြေးသိန်း(၁၀၀) ထဲမှ...

ကျောင်းဝတ်စုံများ ယခင်နှစ်ထက် ရောင်းအားကျ

မော်လမြိုင်၊ မေ ၂၀ ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းဝတ်စုံများ ရောင်းချမှုမှာ ယခင်နှစ်လောက် ရောင်းအားမသွက်ဘဲ ရောင်းအားကျနေကြောင်း မော်လမြိုင်ဒေါင်းမင်းရပ်ရှိ အထည်ဆိုင်များမှ သိရသည်။ “ မနှစ်က ဒီအချိန်ဆို ကျောင်းစိမ်းလုံချည်တွေ ပထမတစ်ပြန်ကုန်သွားပြီ၊ အခု အများကြီးကျန်သေးတယ်။ ဒါဟာ ဘာလို့လဲဆိုရင် အခုက ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေများလာတယ်လေ၊ အပ်နှံတဲ့သူတွေလည်းများလာတော့...

မြိုင်သာယာစျေးသစ်ကို ကျပ်သန်းငါးရာကျော်ဖြင့် တည်ဆောက်မည်

မော်လမြိုင်၊ မေ ၂၀ မော်လမြိုင်မြို့ရှိ မြိုင်သာယာရပ်ကွက်စျေးသစ်ကို ကျပ်သန်း-၅၄၄ ဒသမ၅၈ ဖြင့် ဌာနအနေနှင့် ဦးစီးတည်ဆောက်ပြီး လိုအပ်သည့်ပစ္စည်းများကိုတင်ဒါခေါ်မည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာယာ ရေးအဖွဲ့မှသိရသည်။ “မြိုင်သာယာစျေးဆောက်တာ ကုမ္ပဏီတင်ဒါအနေနဲ့မသွားတော့ဘူး၊ ဌာနအနေနဲ့ဦးစီးပြီးလုပ်မယ်။ လိုအပ်တဲ့ ပစ္စည်းကိုတင်ဒါအနေနဲ့ခေါ်ယူမယ်။ ဌာနအနေနဲ့ပဲလုပ်မယ်။ အခုဟာက တစ်ထပ်၊ သံဖရိမ်နဲ့ဆိုတော့ မိုးတွင်းကာလမှာလည်းလုပ်ရမယ်၊ အချိန်ကလည်း သိပ်မကျန်တော့ဘူး၊...

ချောင်းဆုံ ဒေသခံ ၆၀၀ ကျော် ယာဉ်မောင်းလိုင်စင် ရရှိ

ချောင်းဆုံ မေ ချောင်းဆုံမြို့နယ်မှဒေသခံ ၆၃၈ ဦးကို မွန်ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယာဉ်မောင်းလိုင်စင် (က) (မော်တော်ဆိုင်ကယ်) လာရောက်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ "ပြည်နယ်ကညန ကမေလ ၁၁ ရက်နေ့မှာ ချောင်းဆုံမြို့နယ်ကျွန်းသာယာခန်းမမှာ ဒေသခံ ၅၈၈ ဦးကိုဆိုင် ကယ်ယာဉ်မောင်းလိုင်စင်လာရောက်လုပ်ပေးခဲ့တယ် ။ မေလ ၁၃ ရက်နေ့မှာ ချောင်းဆုံ အထကမှာဒေသ...

မိုက်ကယ်ကျော်မြင့်နှင့် နောက်တစ်ဦးကို မေလ ၂၃ ရက်မတိုင်မီ လာရောက်ရန် ဝရမ်းထုတ်ထား

19/05/2019 / Myanmar Now ပြီးခဲ့သည့်ရက်ပိုင်းက မွတ်စလင်တို့၏ရမ္မဇန်ဥပုသ်လဝတ်ပြုပွဲများမပြုလုပ်ရန်တောင်ဒဂုံမြို့နယ်၌ သွားရောက်ပိတ်ပင်နှောင့်ယှက်သောကြောင့် တရားစွဲခံထားရသူ မိုက်ကယ်ကျော်မြင့်နှင့် အမျိုးသားတစ်ဦးတို့ကိုယခုလ ၂၃ ရက်မတိုင်မီ မြို့နယ်တရားသို့ လာရောက်ရမည်ဟု ၎င်းတို့အား ထုတ်ထားသော တရားရုံးဖမ်းဝရမ်းများတွင်ဖော်ပြ ထားသည်။ Myanmar Now ကရရှိထားသော ထိုဝရမ်းစာများတွင် မိုက်ကယ်ကျော်မြင့်နှင့် သီဟမျိုးနိုင်တို့ နှစ်ဦးသည် ရာဇသတ်ကြီးပုဒ်မ၅၀၅(ခ)...

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်ခွင့်ဖြင့်လွတ်မြောက်လာသည့် အမျိုးသားတစ်ဦး ခိုးမှုထပ်မံကျူးလွန်

မော်လမြိုင်၊ မေ ၁၇ နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်ခွင့်ဖြင့် လွတ်မြောက်လာသည့် အမျိုးသားတစ်ဦးကို မော်လမြိုင်မြို့တွင် မေ ၁၄ ရက်နေ့က ဆိုင်ကယ်ခိုးယူမှုဖြင့် ထပ်မံဖမ်းဆီးခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။ “ပြစ်မှုကျူးလွန်တဲ့သူ မျိုးမင်းစိုးက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျပြီး နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်ချမ်းသာနဲ့ လွှတ်ခဲ့တာ မကြာသေးဘူး။ အခုဆိုင်ကယ်ဆိုင်ခိုးမှုနဲ့ ထပ်ပြီး ဖမ်းတာဖြစ်တယ်”...

ဈေးကြိုအဝိုင်းကို တင်ဒါ မခေါ်ဘဲ အစိုးရကသာ တာဝန်ဆောက်လုပ်မည်

မော်လမြိုင် ၊ မေ ၁၇ မွန်ပြည်နယ် ၊မော်လမြိုင် မြို့ ဈေးကြိုအဝိုင်း ကို တင်ဒါခေါ်ယူမည်မဟုတ်ပဲ အစိုးရက သက်ဆိုင်ရာ ဌာန ကိုသာ တာဝန်ပေးအပ်တည်ဆောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေး နှင့် ဆောက်လုပ်ရေး ဝန်ကြီးဦးမင်းကျော်လွင်ကပြောကြားသည်။ လုပ်ငန်း အတတ်ပညာ နှင့် ပညာရပ်ပိုင်းဆိုင်ရာ ကိစ္စများကြောင့် ပြည်နယ်အစိုးရ...

မောင်းမကန်ကမ်းခြေကို မြေကွက်ရိုက်ရောင်းချနေခြင်းမဟုတ်ဟု DDPCကုမ္ပဏီက ဆို

ထားဝယ်၊ မေ ၁၇ ထားဝယ်ခရိုင် ၊လောင်းလုံမြို့နယ် မောင်းမကန်ကမ်းခြေ တွင်လုပ်ငန်းများ လုပ်ကိုင်ခွင့် ရရှိနေသော ထားဝယ်ဖွံ့ဖြိုးတိုးတက်မှုအများပိုင် ကုမ္ပဏီလီမိတက်(DDPC) အနေနှင့် မောင်းမကန်ကမ်းခြေတွင် မြေကွက်ရိုက်ရောင်းချနေသည်ဟုသော စွပ်စွဲချက်များ မှာ မဟုတ်မမှန် ကြောင်း DDPC ကုမ္ပဏီ ဒု ဥက္ကဌ ဦးကျော်ဝင်းက ပြောကြားသည်။ “ရောင်းထားတာ ဘာမှမရှိဘူး၊...

Latest article

ရှယ်ယာတန်ဖိုး ၅၀ရာခိုင်နှုန်းအထိမြင့်တက်လာတဲ့ Luckin ကော်ဖီ

ပေကျင်း မေ ၁၉ Luckin ကော်ဖီဟာ တရုတ်ပြည်တွင်းဈေးကွက်မှာ သူ့ရဲ့ ရှယ်ယာတန်ဖိုး ငါးဆယ်ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။ ကုန်သွယ်မှုနဲ့ဆိုင်တဲ့ သုတေသနပြုချက်တွေအရ Luckinကေ်ာဖီဟာ ၎င်းတို့ရှယ်ယာရဲ့ ၂၅ရာခိုင်နှုန်းကို ထုတ်ရောင်းပေးခဲ့တယ်လို့သိရပါသေးတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရှယ်ယာရဲ့ ၁၇ရာခိုင်နှုန်းကို အပြိုင်အဆိုင်ဈေးတင်ပြီးဝယ်ယူလိုသူတွေရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၄သန်းကျော်အထိ ဈေးရခဲ့ပါတယ်။ Luckinကော်ဖီဟာ တရုတ်နိုင်ငံပေကျင်းအခြေစိုက်ကုမ္ပဏီဖြစ်ပြီးတော့...

လူမှုကွန်ယက်ဆိုင်ရာ အွန်လိုင်းတိုင်စာစနစ် အမေရိကန် စတင်

ကယ္လီဖိုးနီးယား ေမ ၂၀ လူမှုကွန်ယက်များပေါ်တွင် အချက်အလက်ဝေမျှခြင်းများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာထင်မြင်ချက်များမျှဝေခြင်း၊ ဖြန့်ဝေခြင်းစသည်တို့ရှိပါက အမေရိကန်အစိုးရသို့တိုင်ကြားနိုင်သည့် အွန်လိုင်းတိုင်စာစနစ်ကို သမ္မတရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။ အထူးသဖြင့် ဖေ့ဘွတ်နှင့် ယူကျူ့မှ ဆင်ဆာဖြတ်သည့်ကိစ္စများကို အစိုးရဘက်မှ တရားဝင် ဒဏ်ကြေးကောက်ခံခြင်း၊ အရေးယူခြင်းများလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။ သမ္မတထရန့်၏ အဆိုပါအစီအစဉ်သည် အွန်လိုင်းပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်ကို အားပေးရန်...

ထိုင်းမိဖုရား မွေးနေ့ အများပြည်သူရုံးပိတ်ရက် သတ်မှတ်

ဘန်ကောက် မေ ၂၀ ထိုင်းဘုရင့် မိဖုရားအသစ် မွေးနေ့ ဇွန်လ ၃ရက်နေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း မေလ ၁၈ရက်နေ့က အတည်ပြုခဲ့သည်။ ယခုနှစ် ဇွန်လ ၃ရက်နေ့မှစတင်ကာ ထိုင်းနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ပြည်သူ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်း၏ ခွင့်ပြုချက်ဖြင့် မိဖုရား...