မြဝတီနယ်စပ်ဂိတ် ပြည်ပခရီးသွား အဝင်အထွက် မြင့်တက်ခဲ့

မြဝတီ ဇန်နဝါရီ မြန်မာ - ထိုင်း နယ်စပ် မြဝတီ အဝင်အထွက်ပေါက်မှ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား   ဗီဇာပါရှိသော ပတ်စ်ပို့ စာအုပ်ဖြင့် ဝင်ရောက်လည်ပတ်မှုမှာ ယခင်နှစ်ကထက် ၂၀၁၈ ခုနှစ်တွင်  ပိုမို မြင့်တက်ခဲ့ကြောင်း မြဝတီ ချစ်ကြည်ရေး တံတား တာဝန်ရှိသူများထံမှ သိရသည်။ ၂၀၁၈...

အဓမ္မပြုကျင့်သူ ညီအစ်ကိုသုံးဦး ထောင်ဒဏ် နှစ် ၂၀ စီ ကျ

မော်လမြိုင် ဇန်နဝါရီ ကရင်ပြည်နယ် မြဝတီမြို့တွင် ဉာဏ်ရည်မမီသူ ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ညီအစ်ကိုသုံးဦးကို မြဝတီခရိုင်တရားရုံးက ဇန်နဝါရီ ၁၅ ရက်တွင် ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှတစ်ဆင့် သိရသည်။ ဖြစ်စဉ်မှာ  အဆိုပါမိန်းမငယ်သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ...

သားအဖနှစ်ဦးကို လက်နက်ကိုင် ၃ ဦးက ဖမ်းဆီးခေါ်ဆောင်သွားမှု ရဲတပ်ဖွဲ့ စုံစမ်းဆဲ

မော်လမြိုင် ဇန်နဝါရီ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ရော်ဘာခြံတစ်ခြံအတွင်းမှ သားအဖနှစ်ဦးကို အမည်မသိ လက်နက်ကိုင်အမျိုးသား ၃ ဦးက ဖမ်းဆီးခေါ်ဆောင်သွားသည့် လွန်ခဲ့သော သုံးလကျော်က ဖြစ်စဉ်ကို ဇန်နဝါရီ ၁၄ ရက်တွင် အမှုဖွင့်လာသဖြင့် အိန္ဒုနယ်မြေရဲစခန်းမှ တပ်ဖဲွဲ့ဝင်များက လိုက်လံစုံစမ်း ရှာဖွေလျက်ရှိကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဦးမွန်ဌေးနိုင် (၄၂...

မြဝတီတွင် ဖောက်ထွင်း ခိုးယူသူအဖွဲ့ ဖမ်းမိ

မြဝတီ ဇန်နဝါရီ ကရင်ပြည်နယ်  မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အိမ်ရှင်မရှိခိုက် မီးခံသေတ္တာ၊ ရွှေထည်ပစ္စည်းများနှင့် ငွေကျပ် သိန်း ၄၀ ခန့် ဖောက်ထွင်း ခိုးယူသွားသည့်အဖွဲ့ကို ပြစ်မှုကျူးလွန်အပြီး ၃၈ ရက်အကြာ ဇန်နဝါရီ ၁၆ ရက်တွင် ရဲတပ်ဖွဲ့က ဖော်ထုတ်...

နယ်စပ် တရားမဝင် ကုန်သွယ်မှု ထိုင်းဘက်တွင် ကြပ်မတ် ဖမ်းဆီးနေ

မြဝတီ ဇန်နဝါရီ ထိုင်းနိုင်ငံဘက်တွင် တရားမဝင်ကုန်သွယ်သော မြန်မာထွက်ကုန် ပြောင်းဆန် တန် ၁၀၀ ကျော်၊ ဂျပန်ကား၊ ထိုင်းဆိုင်ကယ်များကို ထိုင်းအကောက်ခွန်ဌာနက ဇန်နဝါရီ ပထမပတ်တွင် ဖမ်းဆီးခဲ့ကြောင်းသိရသည်။ မြန်မာ- ထိုင်း နယ်စပ်တလျှောက်တွင် မြန်မာဘက်မှ တရားမဝင် တင်ပို့သော ပြောင်းဆန် တန်တစ်ရာကျော်ကို ဖမ်းဆီးခဲ့သလို ဂျပန်နိုင်ငံထုတ် တွဲကား...

လိမ်လည်ပြီး လုပ်သားပို့ဆောင်သော အေဂျင်စီများကို အရေးယူပေးရန် ဆန္ဒထုတ်ဖော်

မြဝတီ ဇန်နဝါရီ ထိုင်းနိုင်ငံအတွင်း သုံးလကြာ အလုပ်မရဘဲ နေရပ်သို့ ပြန်ရောက်လာသူ အလုပ်သမားများက ထိုင်း - မြန်မာ နယ်စပ် မြဝတီမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ အေဂျင်စီများ၏ လိမ်လည်လှည့်ဖျားမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများ သိရှိစေရန်ဟူ၍ မြဝတီသို့ ပြန်လည်ရောက်ရှိလာသူ အလုပ်သမား ၂၇ ဦးအပြင် အလုပ်သမားအရေး ကူညီဆောင်ရွက်...

ပညာတော်သင်များ စေလွှတ်ရေး ကရင်ပြည်နယ်အစိုးရနှင့် အိန္ဒိယသံရုံး တာဝန်ခံတို့ဆွေးနွေး

ဘားအံ ဇန်နဝါရီ အိန္ဒိယနိုင်ငံသံရုံး အကူအညီဖြင့် ပညာတော်သင်များစေလွှတ်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အိန္ဒိယသံရုံး ယာယီတာဝန်ခံ Dr.Sumit Seth တို့ ပြီးခဲ့သည့် သီတင်းပတ်က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး ရန်ကုန်၏ ယာယီသံရုံးတာဝန်ခံ Dr.Sumit...

၇၁ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပ

မြဝတီ ဇန်နဝါရီ ၄ ၂၀၁၉ ခုနှစ် ၇၁ - နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို ကရင်ပြည်နယ် မြဝတီမြို့တွင် ဇန်နဝါရီ ၄ ရက် နံနက် ၄နာရီ မိနစ်၂၀ အချိန်၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး...

မြဝတီ နယ်စပ်တံတား ချဉ်းကပ်လမ်းမြေကိစ္စ ရုံးချိန်း ဇန်နဝါရီ ၃ ရက် ချိန်းဆို

ဘားအံ ဒီဇင်ဘာ ၂၇ မြန်မာ- ထိုင်း ချစ်ကြည်ရေး တံတား အမှတ် ၂ ချဉ်းကပ်လမ်း လမ်းအူကြောင်းနှင့် မလွတ်ဟုဆိုကာ နေအိမ်ခြောက်လုံးကို သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားရှင်းလင်းခဲ့သည့် ကိစ္စ နေအိမ်ဖယ်ရှားရှင်းလင်းရေး အဖွဲ့ခေါင်းဆောင်ကို နေအိမ် ဖယ်ရှားခံရသူများဘက်မှ တရားစွဲဆိုထားသည့်အမှု ဒုတိယမြောက် ရုံးချိန်းကို ယခု...

တိုင်ကြားစာ ၁၀၀ ရှိလျှင် ၉၉ စောင်မှာ မြေယာကိစ္စ ဖြစ်နေဟု ပြည်နယ်ဝန်ကြီးချုပ် ပြောကြား

ဘားအံ ဒီဇင်ဘာ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိသည့် တိုင်ကြားစာ အစောင်၁၀၀ ရှိပါက ၉၉စောင်သည် မြေယာကိစ္စနှင့် ပတ်သက်သော တိုင်ကြားစာများသာ ဖြစ်နေပြီး မြေယာအမှုများကို စိစစ်ရာတွင် ကိုယ်တိုင် ကွင်းဆင်းလိုက်ပါ မဆောင်ရွက်နိုင်တော့သည်မှာ မှန်ကန်ကြောင်း ပြည်နယ် ဝန်ကြီးချုပ်က ဝန်ခံကြောင်း သိရသည်။ ကရင်ပြည်နယ် အရပ်ဖက်အဖွဲ့အစည်းများဖိုရမ် စတင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ...

Latest article

ခြေ/ဥ ပြင်ရေး ပူးပေါင်းကော်မတီဝင်များ ကန့်သတ်ခံနေရ

ပြည်ထောင်စုလွှတ်တော် ခြေ/ဥ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးများနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုရန် ကော်မတီဝင် အများအပြားက ယနေ့ ငြင်းဆိုလိုက်သည်။ ဆွေးနွေးချက်များကို ပြင်ပသို့ ထုတ်ပြန်ခြင်းမပြုရန်  အာဏာရပါတီ အင်အားများသည့် အဆိုပါကော်မတီတွင် စည်းကမ်းချက် ထုတ်ထားသည်ဟု အမည်မဖော်လိုသည့် ကော်မတီဝင်တစ်ဦးက  ပြောသည်။ “သူတို့က လျှို့ဝှက်ခိုင်းထားနေတယ်ဗျ။ အမှန်ကတော့ လျှို့ဝှက်ခိုင်းထားစရာ...

တိုယိုတာအပါအဝင် ဂျပန်ကားကုမ္ပဏီ ၂ခုနဲ့အတူ ရင်းနှီးမြှုပ်နှံခဲ့တဲ့ Uber

တိုကျို၊ ဧပြီ ၂၁ Uber ကားအငှားဝန်ဆောင်မှုကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကို ဂျပန်ကားကုမ္ပဏီတစ်ချို့နဲ့ ပူးတွဲပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဂျပန် နာမည်ကျော် ကားကုမ္ပဏီ တိုယိုတာနဲ့ ကားစက်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ ဒန်ဆိုတို့ကလည်း အမေရိကန်ဒေါ်လာသန်းပေါင်း ၆၆၇သန်းကျော်ကို Uber နဲ့တူတူ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီရင်းနှီးမြှုပ်နှံမှု အစုအဖွဲ့မှာ SoftBank...

ဥရောပနဲ့ မြောက်အမေရိကကို ရှစ်ရက်တာ ခြေဆန့်တော့မဲ့ ဂျပန်

တိုကျို၊ ဧပြီ ၂၃ ဂျီ -၂၀ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ကုန်သွယ်ရေးတိုးတက်အောင်လုပ်ဆောင်ရန် ဥရောပနှင့် မြောက်အမေရိကကို ရှစ်ရက်တာခရီးသွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့က ကြေညာသည်။ ခရီးစဉ်ကို ဧပြီလ ၂၂ရက်နေ့တွင် စတင်ကာ ဧပြီလ ၂၉ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် တရုတ်၏...