လွတ်လပ်ရေးနေ့နှင့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားများ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး ကြိုတင်ပြင်ဆင်

ဘားအံ ဒီဇင်ဘာ လာမည့် ၂၀၁၉ ဇန်နဝါရီ ၄ရက်တွင် ကျရောက်မည့် ၇၁နှစ်မြောက်လွတ်လပ်ရေးနေ့နှင့်ဇန်နဝါရီ၆ရက်၊ ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားများကို ဘားအံမြို့ သီရိကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပျော်ပွဲ ရွှင်ပွဲများ၊ အားကစားပွဲများ၊ ဖျော်ဖြေပွဲများ၊ ဌာနဆိုင်ရာမှ ပြခန်း...

အသေးစား အလတ်စား လုပ်ငန်းငယ်များကို လက်တွဲခေါ်ယူရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် တိုက်တွန်း

မော်လမြိုင် ဒီဇင်ဘာ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဒေသနှစ်ခု ပူးတွဲကျင်းပသော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဋ္ဌမအကြိမ် MSMEs Productsဒေသတွင်း ပြပွဲ၊ ပြိုင်ပွဲကို မော်လမြိုင်မြို့တွင် ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်ထိ သုံးရက်ကြာ ကျင်းပခဲ့ရာ...

ကရင်ပြည်နယ်တွင် ရွှေထည်အရောင်းပြေစာပေါ် အခွန်အမှတ်တံဆိပ်မပြည့်စုံလျှင် အရေးယူမည်

ဘားအံ ဒီဇင်ဘာ ရွှေထည်လက်ဝတ်ရတနာ အရောင်းပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်ခြင်း၊ လုံလောက်စွာ မကပ်ခြင်းနှင့် ပြေစာထုတ်ပေးရန်ပျက်ကွက်မှုများရှိပါက လုပ်ငန်းရှင်များကို ဒဏ်တပ်ရိုက်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ပြောကြားခဲ့သည်။ အဆိုပါ အရောင်းပြေစာအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း ရှင်းလင်းသည့်အခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၉...

ကွမ်းသီးဈေးကွက် ပြန်လည်အားကောင်းရန် တောင်သူနှင့် ဌာန ဝိုင်းဝန်းလုပ်ဆောင်မည်

ဘားအံ ဒီဇင်ဘာ ထိုင်းနိုင်ငံမှ တရားမဝင် ဝင်ရောက်သည့် သွင်းကုန်များ မရှိစေရေးနှင့် ပြည်တွင်း ဈေးကွက် ပိုမိုအားကောင်းလာရေး ရည်ရွယ်၍ ကွမ်းသီးစိုက်တောင်သူများနှင့် ပူပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းလှိုင်ဦးက ဟင်္သာမီဒီယာကို ပြောသည်။ "ကျွန်တော်တို့ဆီက လုပ်ငန်းရှင်တွေအနေနဲ့ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ပူးတွဲပြီးဆောင်ရွက်သွားစေချင်ပါတယ်၊...

သိမ်းဆည်းခံ လယ်ယာမြေ ပြန်ပေးရေးလုပ်ငန်းစဉ်ကိစ္စ ပြည်နယ်အစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတ တိုက်တွန်း

ဘားအံ ဒီဇင်ဘာ လယ်ယာမြေ သိမ်းဆည်းခံရမှုများ ပြန်လည်ပေးအပ်ရာတွင် နိုင်ငံတော်ကချမှတ် ထားသည့် မူဝါဒများနှင့်အညီ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် တိတိကျကျ လုပ်ဆောင် ရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံရာတွင် တစ်ကဏ္ဍ ထည့်သွင်း မှာကြားတိုက်တွန်းခဲ့သည်။   ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်...

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား ဌာနေပြန် ကြိုဆိုရေးစခန်း ပိတ်သိမ်း

မြဝတီ ဒီဇင်ဘာ ထိုင်းနိုင်ငံအတွင်း သွားရောက်လုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ် ပြန်လာသူ မြန်မာ ရွှေ့ပြောင်းလုပ်သားများကို လက်ခံကြိုဆိုသည့်စခန်းအား ဒီဇင်ဘာ ၁ ရက်နေ့တွင် ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ အမှတ် ၄ ရပ်ကွက် ကျောက်လုံးကြီးလမ်းရှိ မြန်မာအလုပ်သမားများ ပြန်လည်လက်ခံကြိုဆိုရေးစခန်း ကို ယမန်နှစ် ၂၀၁၇ ဇွန်လ...

မြဝတီရှိ ထိုင်း- မြန်မာ ချစ်ကြည်ရေးတံတားချဉ်းကပ်လမ်းမြေကိစ္စ ပြေလည်မှု မရသေး

ဘားအံ ဒီဇင်ဘာ မြန်မာ- ထိုင်း ချစ်ကြည်ရေး တံတား အမှတ်( ၂) ချဉ်းကပ်လမ်း လမ်းအူကြောင်းနှင့် မလွတ်ဟုဆိုကာ နေအိမ်ခြောက်လုံးကို သက်ဆိုင်ရာက ဒီဇင်ဘာ ၂ ရက် နံနက်တွင်  အင်အားသုံး ဖယ်ရှားရှင်းလင်းခဲ့သည့် ကိစ္စ နေအိမ် ဖယ်ရှားခံရသူများဘက်မှ ယခုလ ၆ ရက်တွင်...

အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ဘားအံတွင်ကျင်းပ

ဘားအံ ဒီဇင်ဘာ ကရင်ပြည်နယ်တွင် တတိယအကြိမ်မြောက်အဖြစ် ပြုလုပ်သည့် အလုပ်အကိုင် အခွင့်အလမ်းပြပွဲ Job Fair 2018 ကို ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ဒီဇင်ဘာ ၆ ရက်နှင့် ၇ ရက်က ကျင်းပခဲ့သည်။ ပြပွဲကို ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဦးစောမြင့်ဦး၊ ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင်၊...

ဘီးလင်း – ဖာပွန် လမ်းကြောင်းတွင် တစ်ကျော့ပြန် ဝင်ရောက်သည့် ဂျာမဏီနိုင်ငံသား နှစ်ဦးကို အရေးယူ

နိုင်ငံခြားသားများ သွားလာခွင့်မရှိသည့် ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကတိုင်ထိကျေးရွာသို့ ဂျာမဏီနိုင်ငံသား နှစ်ဦး ရောက်ရှိလာသဖြင့် ပထမအကြိမ်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း၊ မွန်ပြည်နယ် ဘီးလင်းမြို့မှ ဘီးလင်း-ဖာပွန် လမ်းကြောင်းအတိုင်း ဖာပွန်မြို့သို့ နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာက တွေ့ရှိခဲ့သဖြင့် အရေးယူလိုက်ကြောင်း သိရသည်။ ဂျာမဏီနိုင်ငံသား Mr.Marco Fritz Hans...

ငါးဖမ်းလောင်းကစားဂိမ်း နှစ်ခု ဖမ်းဆီး

မြဝတီ ဒီဇင်ဘာ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်နေ အေးအေးမူ၏ နေအိမ်ခြံဝင်းအတွင်း၌ ငါးဖမ်းလောင်းကစားဂိမ်းပြုလုပ်နေကြောင်း သတင်းအရ မြဝတီမြို့မရဲစခန်း တာဝန်ရှိသူများမှ ဒီဇင်ဘာလ ၅ ရက် မွန်းလွဲပိုင်းတွင် ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။ ယင်းသို့ ရှာဖွေစဉ် အေးအေးမူနှင့် ဂိမ်းရုံတာဝန်ခံ အားဝေ(ခ)ထွန်းလင်း(စိစစ်ဆဲ)တို့ ၂ ဦးမှာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဂိမ်းရုံအလုပ်သမား...

Latest article

ခြေ/ဥ ပြင်ရေး ပူးပေါင်းကော်မတီဝင်များ ကန့်သတ်ခံနေရ

ပြည်ထောင်စုလွှတ်တော် ခြေ/ဥ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးများနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုရန် ကော်မတီဝင် အများအပြားက ယနေ့ ငြင်းဆိုလိုက်သည်။ ဆွေးနွေးချက်များကို ပြင်ပသို့ ထုတ်ပြန်ခြင်းမပြုရန်  အာဏာရပါတီ အင်အားများသည့် အဆိုပါကော်မတီတွင် စည်းကမ်းချက် ထုတ်ထားသည်ဟု အမည်မဖော်လိုသည့် ကော်မတီဝင်တစ်ဦးက  ပြောသည်။ “သူတို့က လျှို့ဝှက်ခိုင်းထားနေတယ်ဗျ။ အမှန်ကတော့ လျှို့ဝှက်ခိုင်းထားစရာ...

တိုယိုတာအပါအဝင် ဂျပန်ကားကုမ္ပဏီ ၂ခုနဲ့အတူ ရင်းနှီးမြှုပ်နှံခဲ့တဲ့ Uber

တိုကျို၊ ဧပြီ ၂၁ Uber ကားအငှားဝန်ဆောင်မှုကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကို ဂျပန်ကားကုမ္ပဏီတစ်ချို့နဲ့ ပူးတွဲပြီး ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဂျပန် နာမည်ကျော် ကားကုမ္ပဏီ တိုယိုတာနဲ့ ကားစက်ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီ ဒန်ဆိုတို့ကလည်း အမေရိကန်ဒေါ်လာသန်းပေါင်း ၆၆၇သန်းကျော်ကို Uber နဲ့တူတူ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီရင်းနှီးမြှုပ်နှံမှု အစုအဖွဲ့မှာ SoftBank...

ဥရောပနဲ့ မြောက်အမေရိကကို ရှစ်ရက်တာ ခြေဆန့်တော့မဲ့ ဂျပန်

တိုကျို၊ ဧပြီ ၂၃ ဂျီ -၂၀ ထိပ်သီးအစည်းအဝေးဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ကုန်သွယ်ရေးတိုးတက်အောင်လုပ်ဆောင်ရန် ဥရောပနှင့် မြောက်အမေရိကကို ရှစ်ရက်တာခရီးသွားမည်ဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့က ကြေညာသည်။ ခရီးစဉ်ကို ဧပြီလ ၂၂ရက်နေ့တွင် စတင်ကာ ဧပြီလ ၂၉ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် တရုတ်၏...