29.9 C
Mawlamyine
Thursday, December 3, 2020

မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတား ဖွင့်လှစ်ပြီးပါက မြို့အဝင်ဘီးခွန် ကောက်ခံခြင်းကို ပြန်လည် သုံးသပ်သင့်သည်ဟု ဒေသခံများဆို

ချောင်းဆုံ၊ မတ် ။ ။ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတား ဖွင့်လှစ်ပြီးပါက မြို့အဝင်ဘီးခွန် ကောက်ခံရာ၌ ဆိုင်ကယ်များကိုပါ တံတားဖြတ်ကူးခ ကောက်ခံခြင်းကို ပြန်လည်သုံးသပ်သင့်ကြောင်း ချောင်းဆုံမြို့နယ် ဒေသခံများက ပြောဆိုနေကြသည်။ “မွန်ပြည်နယ်အတွင်းက တံတားတွေဖြစ်တဲ့ အတ္ထရံတံတား၊ ဇာသပြင်တံတား၊...

ဇာတ်ပွဲကပြရန် ခွင့်ပြုမိန့် ရယူရာတွင် တရားဝင်သတ်မှတ်ထားသည့် အခကြေးငွေမှလွဲ၍ ပေးရန် မလိုဟုဆို

ချောင်းဆုံ၊ အောက်တိုဘာ ။ ။ ချောင်းဆုံမြို့နယ်တွင် ဇာတ်ပွဲကပြရန် ခွင့်ပြုမိန့်ရယူရာ၌ နိုင်ငံတော်မှတရားဝင်သတ်မှတ်ချက် အခကြေးငွေများမှလွဲ၍ ယခင်ကပေးဆောင်နေခဲ့ရသည့် တရားမဝင်သောအခြားပေးဆောင်ရန် ကိစ္စများကိုပေးရန်မလိုတော့ကြောင်း ချောင်းဆုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။ “ပွဲခွင့်ပြုမိန့်ရယူရာမှာတစ်နေရာတည်းတော့မဟုတ်ပါဘူး မြို့နယ်စည်ပင်၊မြို့နယ်ရဲစခန်း၊ကျန်းမာရေးဌာန၊ မီးသတ်ဦးစီးဌာန၊လျှပ်စစ်ဦးစီးဌာန၊ တပ်ရင်းတပ်ဖွဲ့ဌာနများစွာတို့မှာဆိုင်ရာဆိုင်ရာထောက်ခံချက်တွေ ရယူရမှာဖြစ်တယ်၊နိုင်ငံတော်ကသတ်မှတ်ထားတဲ့ ဇာတ်ပွဲကပြခွင့်အတွက်...

ချောင်းဆုံမြို့နယ်ရှိ ကျွန်းပတ်လမ်းထိပ်တွင် ဟင်္သာရုပ်တု ယာဉ်ပတ်အဝိုင်း စတင်တည်ဆောက်

ချောင်းဆုံ၊ ဖေဖော်ဝါရီ ။ ။ ချောင်းဆုံမြို့နယ်ရှိ ကျွန်းပတ်လမ်းထိပ်တွင် ဟင်္သာရုပ်တု ယာဉ်ပတ်အဝိုင်းကို ဇန်နဝါရီ ၃၀ ရက်တွင် စတင် တည်ဆောက်နေပြီဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ပြည်သူ့ဆောက်လုပ်ရေး ဦးစီးဌာနထံမှ သိရသည်။ “အခု တည်ဆောက်နေတဲ့ ဟင်္သာရုပ်တု ယာဉ်ပတ်အဝိုင်းက...

ချောင်းနှစ်ခွ ရဲစခန်းမှူးကိုရဲတပ်သားတစ်ဦးကဓားမြှောင်ဖြင့်ထိုး

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသည့် ရဲစခန်းမှူးရဲအုပ် အေးမင်းငြိမ်းကိုနိုဝင်ဘာ ၂၀ ရက်နေ့ကယင်းရဲစခန်းမှ ရဲတပ်သားထက်မြတ်ဝင်းကဓားမြှောင်ဖြင့် ထိုးခဲ့၍ စခန်းမှူး ဒဏ်ရာရရှိခဲ့ကြောင်းကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သန်းကပြောကြားသည်။ “တပ်ဖွဲ့ဝင် အချင်းချင်းဖြစ်တာပါ၊ ဓားနဲ့ထိုးတဲ့...

ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဟု သတင်းပျံ့ခဲ့သော်လည်း အထ မမြောက်

ချောင်းဆုံ ၊ မတ် ၉ ပြီးခဲ့သည့် ဖေဖော်ဝါရီ စတုတ္ထပတ်အတွင်းက ဘီလူးကျွန်းဒေသအပါအဝင် မွန်ပြည်နယ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဆိုသည့် သတင်းများ နယ်မြေအတွင်း၌ရော လူမှုကွန်ရက်စာမျက်နှာထက်တွင်ပါ ထွက်ပေါ်ပျံ့နှံံ့ခဲ့သော်လည်း ယင်းခရီးစဉ်မှာ အကောင်အထည်ပေါ်၊ အထမြောက်လာခြင်း မရှိခဲ့သည့်အပေါ် ချောင်းဆုံဒေသခံတို့ အနေဖြင့် မချင့်မရဲဖြစ်ရကြောင်း ၎င်းတို့ကိုယ်တိုင်...

ချောင်းဆုံမြို့နယ်အတွင်းယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ဖမ်းဆီးအရေးယူနေမှုကိုဒေသခံများအမြင်မရှင်း

ချောင်းဆုံမြို့နယ်အတွင်းရှိကျေးရွာများတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ အဖွဲ့ပေါင်းစုံဖြင့် ဖမ်းဆီးအရေးယူလျက်ရှိရာယင်းအဖွဲ့၏ဖမ်းဆီးအရေးယူနေမှုဒ ဏ်ငွေသတ်မှတ်ပေးဆောင်နေရမှု အပေါ်ဒေသခံများအမြင်မရှင်းဖြစ်နေကြောင်း ဒေသခံများထံမှသိရသည်။ “အခုတလောချောင်းဆုံမြို့နယ်မှာယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေကဒေသအတွင်းမှာစစ်ဆေးအရေးယူမှုတွေပိုမိုလုပ်ဆောင်နေတယ်၊စည်းကမ်းပျက်ယာဉ်တွေ ယာဉ်မောင်းလိုင်စင်မရှိတဲ့သူတွေကိုလည်းထိရောက်စွာအရေးယူနေတယ်၊ အချို့ကနှစ်မှုသုံးမှုထိဒဏ်ကြေးငွေပေးဆောင်နေရတာလည်းရှိတယ်၊ အချို့ကိုမြို့နယ်တရားရုံးမှာဒဏ်ကြေးပေးဆောင်ဖို့ဖြတ်ပိုင်းတွေပေးတယ်၊ အချို့ကိုဖမ်းတဲ့နေရာမှာညှိုပြီးပေးဆောင်နေတာလည်းရှိတယ်”ဟုကညှော်ကျေးရွာမှ ဦးသားလေးကဆိုသည်။ ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှကျေးရွာများတွင်ဆိုင်ကယ်ဘေးတွဲနောက်တွဲများကိုတင်းကျပ်စွာအရေးယူနေသော်လည်းချောင်းဆုံမြို့ပေါ်တွင်ဆိုင်ကယ်နောက်တွဲ၊ဘေးတွဲများဖြင့်လွတ်လပ်စွာပြေးဆွဲသွားလာနေသည်ကိုတွေ့မြင်နေရ၍အရေးယူမှုအပေါ်အမြင်မရှင်းဖြစ်နေကြောင်းမြို့ပေါ်နှင့်ကျေးရွာမခွဲခြားဘဲတစ်ပြေးညီအရေးယူစေလိုကြောင်းဘိုးနက်ကျေးရွာမှ ဦးတင်ဖေကပြောသည်။ “ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ကတောင်စိန်ကျေးရွာအောင်ခင်ဇရပ်လမ်းဆုံမှာတွေ့တယ်၊ ယာဉ်မောင်းလိုင်စင်မရှိတဲ့ပြစ်မှုနဲ့ ကျွန်တော်နဲ့ကျွန်တော်ညီအစ်ကိုတွေကို မြို့နယ်မှာဒဏ်ကြေးငွေတစ်ယောက်ငါးသောင်းစီပေးဆောင်ဖို့ ဖြတ်ပိုင်းတွေပေးပြီးယာဉ်လိိုင်စင်သိမ်းသွားတယ်၊ အရေးယူတဲ့အဖွဲ့ကိုချောင်းဆုံY2K လက်ဖက်ရည်ဆိုင်မှာတစ်ယောက်လေးသောင်းစီပေးပြီးယာဉ်လိုင်စင်ပြန်ရခဲ့တယ်”ဟုမုဒွန်းကျေးရွာမှ ဦးအောင်လွင်စိုးကဆိုသည်။ ပြည်သူများယာဉ်စည်းကမ်းမညီညွတ်မှုအတွက်ပေးဆောင်ကြရသည့်ဒဏ်ကြေးငွေများကိုနိုင်ငံဘဏ္ဍာအဖြစ်အပြည့်အဝရောက်ရှိစေရန်စစ်ဆေးအရေးယူသောအဖွဲ့မှပြည်သူများပေးဆောင်သည့်ငွေကြေးကိုလေလွင့်မှုမရှိစေရန်နှင့်အမြင်ရှင်းအောင်လုပ်ဆောင်ကြစေလိုကြောင်း၊ သတ်မှတ်စည်းကမ်းနှင့်မကိုက်ညီမှုအပေါ်ပထမဦးဆုံးအကြိမ်သတိပေးခြင်းနှစ်မှု၊သုံးမှုအရေးယူခြင်းထက်အသိပညာပေးပြီးအမှုလျှော့ချသင့်ကြောင်းမုဒွန်းကျေးရွာမှဦးအောင်လွင်စိုးကဆိုသည်။ ချောင်းဆုံမြို့နယ်တွင်ယာဉ်တိုက်မှု၊ယာဉ်တိမ်းမှောက်မှု၊ယာဉ်မတော်တဆမှုများတစ်နှစ်ထက်တစ်နှစ်ပိုမိုများပြားလာ၍မြို့နယ်အတွင်းယာဉ်စည်းကမ်းလမ်းစည်းကမ်းများစနစ်တကျရှိစေရေးအတွက်မြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှအဖွဲ့ပေါင်းစုံဖြင့်စစ်ဆေးအရေးယူနေခြင်းသာဖြစ်ကြောင်း၊ ဒေသခံပြည်သူများမှာလည်းစစ်ဆေးအရေးယူနေသည့်အချိန်များတွင်သာစည်းကမ်းကိုလိုက်နာပြီးကျန်အချိန်များတွင်စည်းကမ်းမဲ့သွားလာနေကြကြောင်းမြို့ပေါ်နှင့်ကျေးရွာခွဲခြားအရေးယူနေခြင်းမျိုးမရှိကြောင်းချောင်းဆုံမြို့နယ်ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သိရသည်။

ဘီလူးကျွန်းတွင် ဇန်နဝါရီ ၁၈ ရက်နေ့ အစိုးရလျှပ်စစ်ဓါတ်အား စတင်ဖြန့်ဝေမည်

မော်လမြိုင်၊ ဇန်နဝါရီ ၁၅ မော်လမြိုင်-ချောင်းဆုံ 66 KV ဓါတ်အားလိုင်းအား သံလွင်မြစ်ဖြတ်ကျော် သွယ်တန်းမှုအခြေအနေ ပြီးစီးပြီးဖြစ်၍ ဇန်နဝါရီ ၁၈ ရက်တွင် ဘီလူးကျွန်းသို့ လျှပ်စစ်ဓါတ်အား စတင်ဖြန့်ဝေနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန မြန်မာ့လျှပ်စစ် ဓါတ်အားလုပ်ငန်း ဓါတ်အားပို့လွှတ်ရေးစီမံကိန်း (တောင်ပိုင်း) စီမံကိန်းမန်နေဂျာ ဦးမျိုးနိုင်က ပြောသည်။ ဇန်နဝါရီ...

ကျောင်းဖွင့် ရာသီဖြစ်သော်လည်းကျောက်သင်ပုန်းအသုံးနည်းလာ၍ ရောင်းအားကျဆင်း

ချောင်းဆုံ၊ ဇွန် ၂ ။ ။ ဘီလူးကျွန်းဒေသရှိမုဒွန်းကျေးရွာကျောက်သင်ပုန်းတောင်မှ ထွက်ရှိသည့် သင်ပုန်းကျောက်ဖြင့် ပြုလုပ်ထားသောကျောက်သင်ပုန်း၊ ကျောက်တံများကိုကျောင်းသူ၊ ကျောင်းသားများသုံးစွဲမှု နည်းလာခြင်းကြောင့် ရောင်းအားကျဆင်းလာကြောင်းကျောက်သင်ပုန်းကျောက်တံများတင်ပို့ရောင်းချသူမုဒွန်းကျေးရွာမှ ဒေါ်နီနီအေးကပြောသည်။ အဆိုပါ ကျောက်သင်ပုန်းကျောက်တံများသည် ဘီလူးကျွန်းဒေသ၏ ထွက်ကုန်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချကြောင်း ၎င်းက...

မော်လမြိုင်-ချောင်းဆုံ (သံလွင်တံတား) ချဉ်းကပ်လမ်းတံတား လုပ်ငန်းများအတွက် တင်ဒါများခေါ်ယူ

မော်လမြိုင်၊ ဇန်နဝါရီ ၁၃ မော်လမြိုင်-ချောင်းဆုံ (သံလွင်တံတား) ချဉ်းကပ်လမ်းတံတား လုပ်ငန်းများအတွက် ဇန်နဝါရီ ၁၂ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဟင်္သာခန်းမတွင် တင်ဒါခေါ်ယူခြင်း ပြုလုပ်ခဲ့ကြောင်း မော်လမြိုင်ခရိုင် လမ်းဦးစီးဌာန (မြို့ပြ) လက်ထောက်ညွန်ကြားရေးမှူး ဦးသန်းမြိုင်ထူးက ပြောသည်။ ခေါ်ယူမည့် တင်ဒါများမှာ မြေသားတာဘောင် တင်ဖို့ခြင်းလုပ်ငန်း၊ ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်း၊...

ချောင်းဆုံအနောက်ရပ်ကွက်မှသက်တမ်း ၁၀ဝ ကျော်ရှိဘိုတဲအား ပြုပြင်ထိန်းသိမ်းရန်လိုအပ်

ချောင်းဆုံ၊ မေ ၂၄ ။ ။ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက်ရပ်ကွက်မှသက်တမ်း ၁၀ဝ ကျော်ရှိဘိုတဲအား ပြုပြင်ထိန်းသိမ်း ရန်လိုအပ်နေကြောင်းအဆိုပါ ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရသည်။ ယခုအခါအဆိုပါ အဆောက်အဦကိုချောင်းဆုံမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးဦးစီးဌာနမှလမ်းခင်း လုပ်သားများ နေထိုင်ရာအလုပ်သမားတန်းလျားအဖြစ်သုံးစွဲနေကြောင်းယင်းရပ်ကွက်တွင် နေထိုင်သူများ...