29.9 C
Mawlamyine
Thursday, December 3, 2020

ဆောင်းသီးနှံအတွက် မတ်ပဲကို ကုန်သည်ရော တောင်သူပါ မျက်စိကျ

ချောင်းဆုံ နိုဝင်ဘာ မတ်ပဲဈေးနှုန်းပြန်လည်ဦးမော့လာ၍ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာတွင် မတ်ပဲကို ထည့်သွင်းစိုက်ပျိုးရန် မွန်ပြည်နယ်ပဲနှင့်နှမ်းကုန်သည်များအသင်းက အကြံပြုတိုက်တွန်းသည်။ “ပြည်တွင်းမှာ ပဲဟောင်းလက်ကျန်တွေလည်းနည်းနေပြီ။ အိန္ဒိယရဲ့အဓိကပဲစိုက်ပျိုးနိုင်တဲ့နေရာတွေမှာလည်း ရာသီဥတုဖောက်ပြန်နေတဲ့အတွက်မတ်ပဲလိုအပ်ချက်တွေရှိလာနိုင်တဲ့အတွက်မြန်မာနိုင်ငံကမတ်ပဲကိုအားကိုးပြီးဝယ်ယူရမဲ့အခြေအနေလဲရှိတယ်”ဟု ယင်းအသင်းဥက္ကဋ္ဌဦးအောင်မျိုးဦးက သုံးသပ်သည်။ ပြီးခဲ့သည့်နှစ် ပဲပေါ်ချိန်က မော်လမြိုင်ဈေးကွက်၌ မတ်ပဲတစ်ပိဿာ ၇၅၀ ကျပ်မှ ၈၀၀ ကျပ်နှုန်းသာရရှိခဲ့၍ မတ်ပဲစိုက်တောင်သူများအရှုံးပေါ်ခဲ့ကြောင်း၊ ယခုအခါ တစ်ပိဿာ ၁၂၅၀ ကျပ်မှ...

ကျောင်းဈေးဆိုင်မှ မုန့်များကို FDA ခွင့်ပြုချက်ရရှိမှသာ ရောင်းချသင့်ဟုဆို

ချောင်းဆုံ ၊ အောက်တိုဘာ စာသင်ကျောင်းများတွင် ရောင်းချနေသော မုန့်ပဲသရေစာများကို ကျောင်းသားများ ကျန်းမာရေးအတွက် FDA စစ်ဆေးရေး အဖွဲ့မှစစ်ဆေးစေလိုကြောင်းနှင့် ခွင့်ပြုချက်ရရှိပြီးမှသာ ရောင်းချသင့်ကြောင်း ကွမ်သဲကျေးရွာယာယီ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင် ကပြောသည်။ “ကျောင်းတွေမှာရောင်းနေတဲ့မုန့်ပဲသရေစာတွေကို ကျန်းမာရေးအရ စားသုံးသင့်/မသင့် စစ်ဆေးသင့်တယ်။ စားစရာတွေမှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဓာတုဆေးဝါးတွေလည်း သုံးစွဲထုတ်လုပ်ထားနိုင်တဲ့အတွက် အခါအားလျော်စွာ...

ကျောက်သင်ပုန်းလုပ်ငန်း လုပ်ကိုင်သူများ ဈေးကွက် အခြေမလှ

ချောင်းဆုံ ဇူလိုင် ဘီလူးကျွန်း မုဒွန်းကျေးရွာရှိကျောက်သင်ပုန်းလုပ်ငန်းမှာ ယခုနှစ်တွင်ဈေးကွက်အခြေမလှ၊ တွက်ခြေမကိုက် ဖြစ်နေကြောင်း ယင်းလုပ်ငန်း လုပ်ကိုင်သူတို့က ပြောသည်။ တစ်နှစ်ထက်တစ်နှစ်ကျဆင်းလာသည့်အနေအထားတွင် ဒေသထွက်ကုန်အမှတ်တရပစ္စည်းတစ်ခုအဖြစ်သာ ရပ်တည်နေရကြောင်း ကာယကံရှင်တို့ကပြောသည်။ ဝယ်လိုအား လျော့ကျလာသည်နှင့်အမျှ ဈေးနှုန်းရောအရေအတွက်ပါ ကျဆင်းလာနေခြင်း ဖြစ်သည်ဆို၏။ “ကျောက်သင်ပုန်းကုန်ချောတွေ ထုတ်လုပ်ထားပြီးပေမယ့်တစ်ဝက်လောက်က ရောင်းမထွက်သေးဘူး။အမြတ်ရဖို့ထက်ငွေပေါ်ဖို့အတွက် လျှော့ရောင်းနေရတယ်၊လုပ်ငန်းအခြေအနေကလည်း တစ်နှစ်ထက်တစ်နှစ်အရောင်းအဝယ် အေးလာလို့အရောင်းအဝယ်မရှိသလောက် ကိုဖြစ်လာတယ်”ဟု မုဒွန်းကျေးရွာက ကျောက်သင်ပုန်းလုပ်ငန်းရှင် ဦးအောင်မိုးခိုင်ကဆိုသည်။ ယခင်နှစ်ကကျောက်သင်ပုန်းအချပ်ရေ...

ယခုနှစ် မိုးစပါး အထွက်နှုန်း သိသိသာသာ လျော့ကျ

ချောင်းဆုံ  ဒီဇင်ဘာ ချောင်းဆုံမြို့နယ်၌ လယ်သမားအများစုမှာ ယခုနှစ်မိုးစပါး ရိတ်သိမ်းချိန်တွင် စပါး အထွက်နှုန်း လျော့နည်းခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “မိုးစပါးစိုက်ပျိုးပြီးတာနဲ့ မိုးတွင်းကမကြာခဏရေကြီးနစ်မြုပ်မှုတွေရှိခဲ့တယ်။စပါးပင်တွေအသေအပျောက်မရှိပေမဲ့ စပါးထွက်ခါနီးအချိန်တွေမှာလည်း ရွာသွန်းတဲ့မိုးကအောင်ရေအလုံအလောက်မရရှိတဲ့အတွက် စပါးအဖျင်းတွေ ဖြစ်တယ်”ဟုဒရယ်ကျေးရွာခံ လယ်သမားဦးစံတင်ကပြောသည်။ လယ် ၁၅ ဧကလုပ်ကိုင်ရာတွင် ယခင်နှစ်က တင်း ၈၀၀ ကျော်ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် တင်း...

ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဟု သတင်းပျံ့ခဲ့သော်လည်း အထ မမြောက်

ချောင်းဆုံ ၊ မတ် ၉ ပြီးခဲ့သည့် ဖေဖော်ဝါရီ စတုတ္ထပတ်အတွင်းက ဘီလူးကျွန်းဒေသအပါအဝင် မွန်ပြည်နယ်သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လာရောက်မည်ဆိုသည့် သတင်းများ နယ်မြေအတွင်း၌ရော လူမှုကွန်ရက်စာမျက်နှာထက်တွင်ပါ ထွက်ပေါ်ပျံ့နှံံ့ခဲ့သော်လည်း ယင်းခရီးစဉ်မှာ အကောင်အထည်ပေါ်၊ အထမြောက်လာခြင်း မရှိခဲ့သည့်အပေါ် ချောင်းဆုံဒေသခံတို့ အနေဖြင့် မချင့်မရဲဖြစ်ရကြောင်း ၎င်းတို့ကိုယ်တိုင်...

ကလေးသူငယ်များကို ရိုက်နှက်ဒဏ်ပေး မဆုံးမရန် ချောင်းဆုံဒေသခံ ၁၇၀ ကျော် ကမ်ပိန်းပြုလုပ်

ချောင်းဆုံ၊ နိုဝင်ဘာ ၂၀ ကလေးသူငယ် များအား ရိုက်နှက် ပြစ်ဒဏ်ပေး ဆုံးမခြင်း ရပ်တန့်ရေးကို ထောက်ခံသော အားဖြင့် ရွှေကျွန်းသာ လူမှု ကွန်ယက်က ဦးဆောင်ပြီး နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက ချောင်းဆုံမြို့နယ်တွင် လူအင်အား ၁၇၀ ကျော်ဖြင့် မြို့တွင်း စီတန်း...

ဒေသဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းစဉ် လာမည့်နှစ်ဆန်းပိုင်း စတင် ချမှတ်မည်

ချောင်းဆုံ နိုဝင်ဘာ ချောင်းဆုံမြို့နယ် ဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် ( UNDP )က ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လာမည့် ၂၀၁၉  နှစ်ဆန်းပိုင်းတွင် စတင် ရေးဆွဲ ချမှတ်မည်ဖြစ်ကြောင်း သိရသည်။ “၂၀၁၈-၁၉ ဘတ်ဂျက်နှစ်မှာ ၂၀၁၄သန်းခေါင်စာရင်းက လူဦးရေအလိုက်ပံ့ပိုးရန်ရှိတဲ့အတွက် ချောင်းဆုံမြို့နယ်ကို ကျပ်သိန်းပေါင်း ၁၉၀၀ ကျော်ပံ့ပိုးသွားဖို့ရှိတယ်။ လမ်း...

ဘီလူးကျွန်းအတွက် စပါးမျိုး အသစ် ဖြန့်ဝေပေးနိုင်ရန် စီစဉ်

ချောင်းဆုံ ၊ ဇွန် ဘီလူးကျွန်း၊ ချောင်းဆုံမြို့နယ်မှ လယ်သမားများ အထွက်နှုန်းကောင်း၊ ဈေးကွက်ဝင်၊ မျိုးကောင်းမျိုးသန့် စပါးကို အသုံးပြုနိုင်ရေး လာမည့်စပါးစိုက်ရာသီတွင် မျိုးစေ့ ဖြန့်ဝေပေးနိုင်ရန် RS ပေါ်ဆန်းယဉ် စပါးမျိုး ဧက ၃၀၀ စိုက်ပျိုးထားကြောင်း သိရသည်။ “တောင်စွန်းမှာလယ်ဧက ၁၀၀ ၊ ကော့မုပွန်လယ်ဧက ၅၀...

မရမ်းကျေးရွာတွင် ရေဆင်းတံတားဆောက်လုပ်မည်

ချောင်းဆုံ ဖေဖေါ်ဝါရီ ၇ ချောင်းဆုံမြို့နယ် မရမ်းကျေးရွာရေဆင်းတံတားကို ၂၀၁၈-၁၉ မြို့နယ်စည်ပင်သာယာရေးဘတ်ဂျက်ဖြင့် ဆောက်လုပ်ရန်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနထံမှ သိရသည်။ တံတားကို အရှည် ပေ ၁၀၀ အကျယ် ၁၅ ပေ တည်ဆောက်မည်ဖြစ်ပြီး ကျပ်သိန်းသုံးရာ အသုံးပြုမည်ဖြစ်ကြောင်း ယင်းဌာန အမှုဆောင်အရာရှိ ဦးအုန်းသန့်က ဆို၏။ “ပိုင်တိုင်ရိုက်ဖို့ပညာရှင်တွေကို ချိတ်ဆက်ထားပြီးဖြစ်တယ်။ သူတို့ဆောင်ရွက်နေတဲ့လုပ်ငန်းကိုလက်စသတ်နေတယ်...

ဘီလူးကျွန်းဒေသ၏ အကြီးဆုံး ဈေးသစ်ဖွင့်လှစ်

ချောင်းဆုံ ၊ ဇူလိုင် ၁၉ ချောင်းဆုံမြို့နယ် ကမာမိုကျေးရွာတွင် ဒေသအတွင်း အကြီးဆုံးဈေးဖြစ်သည့် ရွှေဟင်္သာဈေးသစ်ကို ဇူလိုင်လ ၁၉ ရက်နံနက်တွင် ဖွင့်လှစ်ခဲ့သည်။ “ချောင်းဆုံမြို့နယ်တစ်မြို့နယ်လုံးမှာရှိတဲ့ဈေးတွေထဲမှာအခုဆောက်လုပ်ပြီးစီးသွားတဲ့ ကမာမိုကျေးရွာ ရွှေဟင်္သာဈေးကအကြီးကျယ်အခမ်းအနားဆုံးဖြစ်တဲ့အပြင် မွန်ပြည်နယ်တစ်ခုလုံးကကျေးရွာဈေးတွေထဲမှာ အကောင်းဆုံးဈေးအဆောက်အဦတစ်ခုဖြစ်တယ်”ဟု မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပြောသည်။ အဆောက်အဦးမှာ အလျား ၉၆ ပေ အနံ...