32.5 C
Mawlamyine
Tuesday, February 19, 2019

ဝန်ကြီးချုပ် တိုင်ကြားခံရမှု အခြေအနေ လွှတ်တော်ကိုယ်စားလှယ်များ စောင့်ကြည့်နေဟု ဆို

ထားဝယ် ဖေဖေါ်ဝါရီ ၇ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အား တိုင်ကြားထားသည်နှင့်ပတ်သက်၍ နိုင်ငံတော်မှတာဝန်ရှိပုဂ္ဂိုလ်များ ဆောင်ရွက်မှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များက စောင့်ကြည့်နေပြီး ထူးခြားမှု တစုံတရာမရှိလျှင် တိုင်းဒေ သကြီးလွှတ်တော်တွင် စွပ်စွဲပြစ်တင်သည့် အခြေအနေသို့ ရောက်သွားနိုင်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးခင်မောင်အေးက ပြောကြားသည်။ “စွပ်စွဲပြစ်တင်ဖို့ဆိုရင် အက်ရှင်အပေါ်မူတည်တယ်”ဟု ဦး ခင်မောင်အေးက ဆိုသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်မှာ...

ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်ခရီးစဉ်ကြောင့် တိုင်းလွှတ်တော်အစည်းအဝေး ရက် ရွှေ့ဆိုင်းခဲ့

ထားဝယ် ဖေဖေါ်ဝါရီ ၇ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီ လလယ်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ ရောက်ရှိနေမည်ဖြစ်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်များ သွားရောက်ရန် ရှိရာ လွှတ်တော် ပုံမှန်အစည်းအဝေးကို ရက် ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။ ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွတ်တော်...

တနင်္သာရီဂျာနယ်အမှု အမိန့်ချမည့် ရက် နောက်တစ်ကြိမ် ထပ်ရွှေ့

ထားဝယ် ဖေဖေါ်ဝါရီ ၈ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တနင်္သာရီဂျာနယ်ကို သတင်းမီဒီယာဥပဒေပုဒ်မ၂၅(ခ)ဖြင့် တ ရားစွဲဆိုထားမှုမှာ အမိန့်ချရန်အဆင်သင့်မဖြစ်သေးသည့်အတွက်ကြောင့်ဟုဆိုကာ ဖေဖေါ်ဝါရီ ၁၈ ရက်သို့ ရက်ရွှေ့ ချိန်းဆိုလိုက်ကြောင်း ထားဝယ်မြို့နယ်တရားရုံးထံမှသိရသည်။ “ အပြီးသတ်အမိန့်ချဖို့အတွက်က အဆင့်သင့်မဖြစ်သေး တာကြောင့်မို့လို့ လာမယ့် ၁၈ရက်ကို ပြောင်းလဲ ချိန်းဆိုခဲ့ပါတယ်”ဟု မြို့နယ်တရား သူကြီးဦးကျော်မြင့်က ပြောသည်။...

ပြည်ပ ရွှေ့ပြောင်းလုပ်သားများ လိမ်လည် အမြတ်ထုတ်ခံရပါက တိုင်ကြားနိုင်

ထားဝယ် ဖေဖေါ်ဝါရီ ၈ ပြည်ပတွင် ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်စဉ် လိမ်လည်ခံရခြင်း ၊ သို့မဟုတ် အမြတ်ထုတ်ခံရခြင်းများရှိခဲ့ပါက ရွှေ့ ပြောင်းလုပ်သားများ ထောက်ပံ့ကူညီပေးရေးဌာန(MRC)သို့ လာရောက် တိုင်ကြားနိုင်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးအလုပ်သမားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ အေဂျင်စီ သို့မဟုတ် ပွဲစားတို့က ငွေယူ ပြီး လိမ်လည်သည်ဟု တိုင်ချက်လာဖွင့်လျှင် ပြည်ထောင်စုထံ...

ဆလုံလူမျိုးများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကျပ်သန်း၁၀၀ သုံးစွဲမည်

ထားဝယ် ဖေဖော်ဝါရီ တနင်္သာရီတိုင်းဒေသကြီးနေ ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရန် ယခုဘဏ္ဍာနှစ်တွင် ကျပ်သန်း ၁၀၀သုံးစွဲရန် လျာထားကြောင်း သိရသည်။ ယင်းဘဏ္ဍာငွေဖြင့် ဆလုံလူမျိုးများအတွက် လှေနှင့်ဆန် အဓိက ဝယ်ပေးမည်ဖြစ်ပြီး စာပေနှင့်ယဉ်ကျေးမှုကဏ္ဍအတွက်လည်းအသုံးပြုသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာက ပြောကြားသည်။ “အခုဘာမှ မလုပ်နိုင်သေးဘူး၊ မတ်လလောက်မှာ စတင် ပြီး အကောင်အထည်ဖော်ဖြစ်မယ်”ဟု...

တားမြစ်ကန့်သတ်ကုန် သန္တာကျောက်ပန်းများ မောင်းမကန်ကမ်းခြေ ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားနေ

ထားဝယ် ဖေဖော်ဝါရီ ပင်လယ်ရေထွက်ပစ္စည်းတွင် ပါဝင်သည့် သန္တာကျောက်တန်းများမှ ချိုးယူလာသော ကျောက်ပန်းများကို ရောင်းဝယ်ခြင်း မပြုရန် တားမြစ် ကန့်သတ်ထားသော်လည်း ယခုနှစ်တွင် မောင်းမကန်ကမ်းခြေရှိ ဈေးဆိုင်များ၌ ရောင်းချလျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။ ကမ်းနီးစက်လှေ ရေလုပ်သားများက ကျောက်ပန်းများကို လောင်းလုံးဘုတ်ကျွန်းနှင့် မောင်းမကန်ဘုတ် ကျွန်းများမှ ချိုးယူ တင်သွင်းလာကြောင်း ယင်းဈေးဆိုင်များထံမှ သိရသည်။ ယင်းသို့...

စက်သုံးဆီ အရည်အသွေး ဓါတ်ခွဲစစ်ဆေးမည်

ထားဝယ် ဇန်နဝါရီ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ရ ပုဂ္ဂလိက ဆိုင်များမှ စက်သုံးဆီအရည်အသွေးကို ဓါတ်ခွဲစစ်ဆေးရန် ဆီနမူနာများ ကောက်ယူလျက်ရှိကြောင်း သိရသည်။ “မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအနေနဲ့ ဆိုင်တွေကို သတ်မှတ်စံချိန်စံ ညွှန်းနဲ့ရောင်းချလား၊ မရောင်းချဘူးလားဆိုတာကို သိချင်တဲ့အ တွက် စက်သုံးဆီ နမူ နာကောက်တာ”ဟု တိုင်းဒေသကြီးရေနံနှင့် ရေနံ ထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်း သိမ်းကြီးကြပ်ရေးဆပ်ကော်မတီ အတွင်းရေးမှူး...

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ ပြိုင်ပွဲ ကျင်းပမည်

ထားဝယ် ဇန်နဝါရီ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ ပြိုင်ပွဲကို ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်းတွင် လာမည့် ဖေဖော်ဝါရီ ၁၁ နှင့် ၁၂ ရက်၌ ကျင်းပရန် ရှိသည်။ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်း ဖြစ်သည်။ “ပြပွဲရော...

ထားဝယ် – မြိတ် ရထားလမ်း စီမံကိန်းမြေအချို့ မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်မည်

မော်လမြိုင် ဇန်နဝါရီ မြန်မာ့မီးရထားအနေဖြင့် ထားဝယ်-မြိတ် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို ဆက်လက်ဖော်ဆောင်ရန် မရှိသဖြင်‌့ သရက်ချောင်း-သမုတ်လမ်းပိုင်းကို လက်ရှိ အနေအထားအတိုင်း မူလပိုင်ရှင်များထံပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်မျိုးက ပြောကြားသည်။ ပေးအပ်မည့်မြေတွင် သရက်ချောင်း-ပုလောအပိုင်းရှိ မြေသားလုပ်ငန်း ဆောင်ရွက်ဆဲ သုံးမိုင်နှင်‌့...

လိုင်စင်ရ စက်သုံးဆီဆိုင် တိုးလာသော်လည်း လိုင်စင်မဲ့ဆိုင် ၃၀၀ ကျော် ရှိနေဆဲ

ထားဝယ် ဇန်နဝါရီ တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့်နှစ် ၂၀၁၈ ကုန်ထိ  စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ရ ပုဂ္ဂလိက ဆိုင် ၆ဆိုင် ၊ မြစ်အတွင်းနှင့် ကမ်းရိုးတန်းတွင် တိုက်ရိုက်ဖြန့်ဖြူးရောင်းချမည့် ရေယာဉ်၃စီး တိုးလာကြောင်း၊ ယင်းရုံးမှ၂၀၁၈ တွင် ပြုစုထားသည့် စာရင်းအရ တိုင်းအတွင်း၌ လိုင်စင်မဲ့ စက်သုံးဆီဆိုင် ၃၀၀ ကျော်...
- Advertisement -

Latest article

လျှပ်စစ်ထရပ်ကားထုတ်လုပ်ရေးမှာ ဒေါ်လာသန်း ၇၀၀ မြှုပ်နှံလိုက်တဲ့ အမေဇုံ ကုမ္ပဏီ

နယူးယောက် ဖေဖော်ဝါရီ ၁၈ အမေရိကန်အခြေစိုက် နာမည်ကျော် အမေဇုံကုမ္ပဏီဟာ Rivian လျှပ်စစ်ထရပ်ကားထုတ်လုပ်ရေး ကုမ္ပဏီမှာ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရင်းနှီးမြှုပ်နှံလိုက်တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ကြေညာပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ဟာ Rivian ကားကို ဈေးကွက်ထဲသို့ မပို့ခင် ၃လအလိုမှာ ထုတ်ခဲ့တာဖြစ်ပြီးတော့ Rivian ကနေ...

၁၂ ကြိမ်မြောက် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ဘာတွေ လုပ်ဖို့ ရှိလဲ

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်၏ ၁၂ ကြိမ်မြောက် လွှတ်တော် ပုံမှန် အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၁၉ ရက် စတင် ကျင်းပတော့မည်ဖြစ်၏။ အစည်းအဝေးမှာ ဆွေးနွေးမည့် မေးခွန်း၊ အဆို အားလုံးကိုလည်း ဖေဖော်ဝါရီ ၁၁ ရက်နေ့ နောက်ဆုံးထား၍ အစိုးရထံ ပေးပို့ထားပြီ...

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်များမှ အလုပ်သမား ၂၀၀၀ ကျော်ကို အလုပ်ပေးနိုင်ခဲ့ဟု ဆို

မော်လမြိုင် ဖေဖော်ဝါရီ မွန်ပြည်နယ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံသော လုပ်ငန်း ၁၃ ခုမှ အလုပ်သမား ၂၀၀၀ ကျော်ကို အလုပ်ပေးနိုင်ခဲ့ကြောင်း ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦးက ပြောသည်။ အဆိုပါ လုပ်ငန်း ၁၃ ခုမှာ ၂၀၁၇ ဧပြီလမှ...