တနင်္သာရီ ဂျာနယ်အမှု လာမည့် ဒီဇင်ဘာ ၃ ရက်တွင် ရုံးချိန်းဆင့်ဆို

ထားဝယ် နိုဝင်ဘာ မဲဆွယ်အပြုံးသရော်စာရေးသားဖော်ပြခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တရားစွဲဆိုထားသော တနင်္သာရီဂျာနယ် အမှုတွင် နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် လာမည့် ဒီဇင်ဘာ ၃ ရက်နေ့တွင် ဆက်လက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော့် ရှေ့နေတွေနဲ့အကောင်းဆုံးညှိနှိုင်းပြီး စိစစ်ပြီး အခုကျန်နေတဲ့အချိန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတယ်”ဟု တရားစွဲခံရသူ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ဆိုသည်။ ထားဝယ်မြို့နယ်တရားရုံးတွင်...

တိရစ္ဆာန်များ၏ ရောဂါပိုးများ ဓာတ်ခွဲ စစ်ဆေး ဖော်ထုတ်ပေးနိုင်တော့မည်

ထားဝယ် ဇန်နဝါရီ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေသဆိုင်ရာရောဂါရှာဖွေရေး ဓါတ်ခွဲခန်း(ထားဝယ်)တွင် တိရစ္ဆာန်များ၏ရောဂါပိုးကို စစ်ဆေးဖော်ထုတ်ပေးနိုင်မည့် ဝန်ဆောင်မှု လာမည့် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ “ပစ္စည်းဝယ်ပြီးရင် ဝန်ထမ်းကို လေ့ကျင့်ပေးရမယ်၊ အစောဆုံးဆိုလို့ရှိရင် ဟိုဖက် ဘတ်ဂျက်ပေါ့။ ဒီဖက်ဘတ်ဂျက်တော့ မလုပ်နိုင်သေးဘူး”ဟု ယင်းဌာန တိုင်းရုံးမှ တာဝန်ရှိသူက ဆိုသည်။ ယခုဘဏ္ဍာနှစ်တွင် ဓါတ်ခွဲခန်းသုံးပစ္စည်းကိရိယာများ တိုင်းအစိုးရခွင့်ပြုရန်ပုံငွေ...

တနင်္သာရီတိုင်းတွင် သားသည်မိခင် သေနှုန်း ပိုမြင့်၊ သွေးအားနည်းရောဂါဖြစ်ပွားမှု ပိုများ

ထားဝယ် ဖေဖေါ်ဝါရီ တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၁၈ခုနှစ်အတွင်း ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားပြီး ၄၂ရက်အတွင်း မိခင်သေနှုန်း ယခင်ထက် ပိုမိုများပြားလာကြောင်း၊ တိုင်းအတွင်းရှိ နို့တိုက်မိခင်များမှာ သွေးအားနည်းရောဂါဖြစ်ပွားမှုနှုန်း နိုင်ငံတစ်ဝန်းတွင် အများဆုံးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ မိခင်သေနှုန်းမှာ ၂၀၁၄ခုတွင် ၃၁ဦး၊၂၀၁၅တွင် ၂၃ ဦး၊၂၀၁၆တွင်၂၁ဦး၊၂၀၁၇ တွင်၂၃ဦးရှိရာမှ၂၀၁၈ တွင် ၃၅ဦး...

တနင်္သာရီဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အာမခံ လျှောက်ထား

ထားဝယ် ဧပြီ ၄ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခြင်းခံထားရသည့် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်အနေဖြင့် အချုပ်လွတ်အာမခံဖြင့် နေထိုင်ပြီး အမှုရင်ဆိုင်ရန် သူမ၏ရှေ့နေများက ဧပြီ ၄ ရက်ရုံးချိန်းတွင် အာမခံ လျှောက်ထားခဲ့ကြောင်း တိုင်းဒေသကြီးတရားလွှတ်တော်ထံမှ သိရသည်။ ဒေါက်တာလဲ့လဲ့မော်၏ရှေ့နေများက သူမသည် အမျိုးသမီးဖြစ်သည့်အပြင် ကင်ဆာရောဂါဝေဒနာ ခံစားနေရပြီး ဆေးသွင်းကုသနေရသည့် မကျန်းမာသူတစ်ဦးဖြစ်သည်ဆိုသော အကြောင်းပြချက် အဓိကထား၍...

နှစ်၇၀ကျော်ကြာ တိမ်မြုပ်နေသည့် ထားဝယ်ရိုးရာယန်းအက ပြန်လည်ဖော်ထုတ် ကပြမည်

ထားဝယ် အောက်တိုဘာ ယခုနှစ် ထားဝယ်ရိုးရာသပိတ်မျောပွဲ၌ နှစ်၇၀ကျော်ကြာ တိမ်မြုပ်နေသည့် ရှေးဟောင်းဓလေ့အမွေ ထားဝယ်ရိုးရာအကဖြစ်သော အမျိုးသားယန်းအကကိုပြန်လည်ဖော်ထုတ်ကပြမည်ဖြစ်ကြောင်း သိရသည်။ ထားဝယ်မြို့ သင်္ဘောဆိပ်ရပ်ကွက် ထားဝယ်မြစ်ကမ်းဘေးတွင် အောက်တိုဘာ ၂၄ ရက်၌ သပိတ်မျောပွဲတော်ကို ဆင်ယင်ကျင်းပမည်ဖြစ်သည်။ “အောက်တိုဘာလစကတည်းက အကသင်နေတာ အခု သင်ပေးလို့ပြီးနေပြီ”ဟု အကနည်းပြ ဦးစိုးက ဆိုသည်။ ယန်းအကကိုအမျိုးသား၁၀ဦးကျော်မှ တင်ဆက်ကပြ မည်ဖြစ်ကြောင်း၊...

Totol ကုမ္ပဏီ သင်္ဘောကြောင့် ဒေသခံတို့ ငါးဖမ်းလုပ်ကွက် ထိခိုက်သည်ဆိုခြင်းအပေါ် နှစ်ဖက်တွေ့ဆုံ ရှင်းလင်း

ထားဝယ် ဒီဇင်ဘာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပသျှူးရေနှင့် မော်ငန်းကျေးရွာ ဒေသခံများ ငါးဖမ်းသည့် ဟိန္ဒဲချောင်းရေပြင်တွင်  Total ကုမ္ပဏီမှ သင်္ဘောတစ်စင်း အသွားအပြန် ဖြတ်သန်း ခုတ်မောင်းနေခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများရှိနေသည့်အတွက် ဖြေရှင်းပေးရန် ဒေသခံများက ကုမ္ပဏီသို့ စာပေးပို့ တောင်းဆိုခဲ့ကြောင်း သိရသည်။ Total ကုမ္ပဏီမှာ သဘာဝဓာတ်ငွေ့ရည်(LNG)ဖြင့်...

လိုင်စင်ရ စက်သုံးဆီဆိုင် တိုးလာသော်လည်း လိုင်စင်မဲ့ဆိုင် ၃၀၀ ကျော် ရှိနေဆဲ

ထားဝယ် ဇန်နဝါရီ တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့်နှစ် ၂၀၁၈ ကုန်ထိ  စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ရ ပုဂ္ဂလိက ဆိုင် ၆ဆိုင် ၊ မြစ်အတွင်းနှင့် ကမ်းရိုးတန်းတွင် တိုက်ရိုက်ဖြန့်ဖြူးရောင်းချမည့် ရေယာဉ်၃စီး တိုးလာကြောင်း၊ ယင်းရုံးမှ၂၀၁၈ တွင် ပြုစုထားသည့် စာရင်းအရ တိုင်းအတွင်း၌ လိုင်စင်မဲ့ စက်သုံးဆီဆိုင် ၃၀၀ ကျော်...

တနင်္သာရီတိုင်းဒေသကြီး လုံ/ နယ် ဝန်ကြီးက ခေတ္တဝန်ကြီးချုပ်တာဝန်လွှဲယူထား

မော်လမြိုင်၊ မတ် ၁၁ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာကို တိုင်းအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ခေတ္တဝန်ကြီးချုပ်တာဝန်လွဲယူထားကြောင်း သိရသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်အရ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ မတ် ၁၀ ရက် ညနေပိုင်းက ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့က...

ပြည်တွင်းသုံးရန် တနင်္သာရီတိုင်းမှ သစ်တန်ချိန် တစ်သောင်း ထုတ်မည်

ထားဝယ်၊ မေ လာမည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ သစ်တန် ၁၀,၀၀၀ထုတ်လုပ်ရန် လျာထားကြောင်း မြန်မာ့သစ်လုပ်ငန်း၊ ဒုတိယအထွေထွေမန်နေဂျာ ဦးဝေကြိုင်က မေလ ၃၀ရက်နေ့တွင် ဟင်္သာမီဒီယာကို ပြောသည်။ မြိတ်ခရိုင်၊ သကျက်ကြိုးဝိုင်းမှ တန် ၅,၀၀၀၊ ပဝဖိုးမဲကြိုးဝိုင်းမှ တန် ၅,၀၀၀ ထုတ်လုပ်ရန် လျာထားခြင်း ဖြစ်ပြီး...

မဲဆွယ်အပြုံးသရော်စာဖော်ပြ၍ တိုင်းအစိုးရက တရားစွဲဆိုခြင်းမှာ မီဒီယာအပေါ် စိန်ခေါ်မှုဖြစ်ဟု ဝေဖန်

ထားဝယ် နိုဝင်ဘာ မဲဆွယ်အပြုံးသရော်စာဖော်ပြခြင်းကြောင့် တနင်္သာရီအပတ်စဉ်ဂျာနယ် တာဝန်ခံအယ်ဒီတာကို တနင်္သာရီတိုင်းဒေသကြီးအစိုးရက တရားစွဲဆိုခြင်းမှာမီဒီယာအပေါ်စိန်ခေါ်မှုဖြစ်ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ဝေဖန်လိုက်သည်။ “နဲနဲလေးမှ အထိမခံဘူးဆိုတဲ့ မီဒီယာအပေါ်မှာ စိန်ခေါ်တဲ့ Challengeပဲပေါ့၊အဲဒီလိုမီဒီယာအပေါ်စိန်ခေါ်ရင်တကယ်ထိခိုက်ဖြစ်ပေါ်လာမဲ့ နစ်နာမှုတွေဟာ တိုင်းပြည်အတွက် လည်းမကောင်းဘူး၊ အစိုးရအတွက်လည်းမကောင်းဘူးဆိုတာ ကျွန်တော် အဲလို မြင်တယ်”ဟုဦးအောင်သိန်းကဆိုသည်။ ညှိနှိုင်းဆောင်ရွက်သည့် လမ်းကြောင်းကို အရင် ကြိုးစားစေလိုကြောင်း၊...

Latest article

မွန်ပြည်နယ်တွင် လွတ်ငြိမ်းသက်သာခွင့် အကျဉ်းသားများတွင် မူးယစ်ဆေးဝါး သုံးစွဲသူ ထက်ဝက်နီးပါး ပါဝင်

မော်လမြိုင် ဧပြီ ၁၉ မွန်ပြည်နယ်တွင် အကျဉ်းထောင် ၂ခု ကုန်ထုတ်စခန်း ၇ခုမှ အကျဉ်းသား ၉၂၉ ဦးကို ဧပြီလ ၁၇ရက် (နှစ်ဆန်းတစ်ရက်နေ့)၌ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ကျခံနေသူများ ထက်ဝက်နီးပါး ပါဝင်ကြောင်း ပြည်နယ်အကျဉ်းဦးစီးမှူး ကိုယ်စား မော်လမြိုင် အကျဉ်းထောင်မှ တာဝန်ခံအရာရှိ...

အိန္ဒိယဝယ်လက်ကြောင့် မတ်ပဲစျေးကောင်းလာနိုင်ဟု လယ်သမားနှင့်ကုန်သည်များမျှော်လင့်

ချောင်းဆုံ  ဧပြီ ၁၉ အိန္ဒိယကပဲတင်သွင်းခွင့်ပြုထားြခင်းအပေါ် မတ်ပဲစျေးကောင်းရလာနိုင်မည်ဟု လယ်သမားနှင့် ကုန်သည်များ မျှော်လင့်လျှက်ရှိကြောင်းသိရသည်။ "အခုနှစ်မှာအိန္ဒိယက မတ်ပဲ တန်ချိန် ၁ သိန်းခွဲ ၊ ပဲဇင်းငုံ တန်ချိန် ၂ သိန်း ၊ ပဲတီစိမ်း တန်ချိန် ၁ သိန်းခွဲကို ၂၀၁၉ ဧပြီလ ၂၀...

မွန်ပြည်နယ် အထူစုံစမ်းစစ်ဆေးရေးဌာန ညွှန်းမှူးနေအိမ်မှ ဖောက်ထွင်းခိုးယူသွားသည့် ရွှေထည်ပစ္စည်းများနှင့် ငွေများ သိမ်းဆည်းရမိ ခိုးမှုကျူးလွန်သူ တရားခံ ထွက်ပြေးနေ

မော်လမြိုင် ဧပြီ ၁၈ မွန်ပြည်နယ် အထူစုံစမ်းစစ်ဆေးရေးဌာန ညွှန်းမှူးနေအိမ်မှ ဖောက်ထွင်းခိုးယူသွားသည့် ရွှေထည်ပစ္စည်းများနှင့် ငွေများ သိမ်းဆည်းရမိခဲ့ပြီး ခိုးမှုကျူးလွန်သူ တရားခံမှာ ထွက်ပြေးလွတ်မြောက်နေကြာင်း မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှုခင်းအကူဌာနမှ သိရသည်။ မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက ယနေ့ ည ၈ နာရီခန့်က မော်လမြိုင်မြို့ မုပွန်ရပ်ကွက် အိုးရုံရပ်နေ ရဲမင်းပိုင် အသက် ၂၄...