ဆလုံလူမျိုးများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကျပ်သန်း၁၀၀ သုံးစွဲမည်

ထားဝယ် ဖေဖော်ဝါရီ တနင်္သာရီတိုင်းဒေသကြီးနေ ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရန် ယခုဘဏ္ဍာနှစ်တွင် ကျပ်သန်း ၁၀၀သုံးစွဲရန် လျာထားကြောင်း သိရသည်။ ယင်းဘဏ္ဍာငွေဖြင့် ဆလုံလူမျိုးများအတွက် လှေနှင့်ဆန် အဓိက ဝယ်ပေးမည်ဖြစ်ပြီး စာပေနှင့်ယဉ်ကျေးမှုကဏ္ဍအတွက်လည်းအသုံးပြုသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာက ပြောကြားသည်။ “အခုဘာမှ မလုပ်နိုင်သေးဘူး၊ မတ်လလောက်မှာ စတင် ပြီး အကောင်အထည်ဖော်ဖြစ်မယ်”ဟု...

တားမြစ်ကန့်သတ်ကုန် သန္တာကျောက်ပန်းများ မောင်းမကန်ကမ်းခြေ ဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားနေ

ထားဝယ် ဖေဖော်ဝါရီ ပင်လယ်ရေထွက်ပစ္စည်းတွင် ပါဝင်သည့် သန္တာကျောက်တန်းများမှ ချိုးယူလာသော ကျောက်ပန်းများကို ရောင်းဝယ်ခြင်း မပြုရန် တားမြစ် ကန့်သတ်ထားသော်လည်း ယခုနှစ်တွင် မောင်းမကန်ကမ်းခြေရှိ ဈေးဆိုင်များ၌ ရောင်းချလျက်ရှိသည်ဟု စုံစမ်းသိရှိရသည်။ ကမ်းနီးစက်လှေ ရေလုပ်သားများက ကျောက်ပန်းများကို လောင်းလုံးဘုတ်ကျွန်းနှင့် မောင်းမကန်ဘုတ် ကျွန်းများမှ ချိုးယူ တင်သွင်းလာကြောင်း ယင်းဈေးဆိုင်များထံမှ သိရသည်။ ယင်းသို့...

စက်သုံးဆီ အရည်အသွေး ဓါတ်ခွဲစစ်ဆေးမည်

ထားဝယ် ဇန်နဝါရီ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ရ ပုဂ္ဂလိက ဆိုင်များမှ စက်သုံးဆီအရည်အသွေးကို ဓါတ်ခွဲစစ်ဆေးရန် ဆီနမူနာများ ကောက်ယူလျက်ရှိကြောင်း သိရသည်။ “မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းအနေနဲ့ ဆိုင်တွေကို သတ်မှတ်စံချိန်စံ ညွှန်းနဲ့ရောင်းချလား၊ မရောင်းချဘူးလားဆိုတာကို သိချင်တဲ့အ တွက် စက်သုံးဆီ နမူ နာကောက်တာ”ဟု တိုင်းဒေသကြီးရေနံနှင့် ရေနံ ထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်း သိမ်းကြီးကြပ်ရေးဆပ်ကော်မတီ အတွင်းရေးမှူး...

ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ ပြိုင်ပွဲ ကျင်းပမည်

ထားဝယ် ဇန်နဝါရီ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပြပွဲ ပြိုင်ပွဲကို ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်းတွင် လာမည့် ဖေဖော်ဝါရီ ၁၁ နှင့် ၁၂ ရက်၌ ကျင်းပရန် ရှိသည်။ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ခြင်း ဖြစ်သည်။ “ပြပွဲရော...

ထားဝယ် – မြိတ် ရထားလမ်း စီမံကိန်းမြေအချို့ မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်မည်

မော်လမြိုင် ဇန်နဝါရီ မြန်မာ့မီးရထားအနေဖြင့် ထားဝယ်-မြိတ် ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်းကို ဆက်လက်ဖော်ဆောင်ရန် မရှိသဖြင်‌့ သရက်ချောင်း-သမုတ်လမ်းပိုင်းကို လက်ရှိ အနေအထားအတိုင်း မူလပိုင်ရှင်များထံပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်မျိုးက ပြောကြားသည်။ ပေးအပ်မည့်မြေတွင် သရက်ချောင်း-ပုလောအပိုင်းရှိ မြေသားလုပ်ငန်း ဆောင်ရွက်ဆဲ သုံးမိုင်နှင်‌့...

လိုင်စင်ရ စက်သုံးဆီဆိုင် တိုးလာသော်လည်း လိုင်စင်မဲ့ဆိုင် ၃၀၀ ကျော် ရှိနေဆဲ

ထားဝယ် ဇန်နဝါရီ တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့်နှစ် ၂၀၁၈ ကုန်ထိ  စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ရ ပုဂ္ဂလိက ဆိုင် ၆ဆိုင် ၊ မြစ်အတွင်းနှင့် ကမ်းရိုးတန်းတွင် တိုက်ရိုက်ဖြန့်ဖြူးရောင်းချမည့် ရေယာဉ်၃စီး တိုးလာကြောင်း၊ ယင်းရုံးမှ၂၀၁၈ တွင် ပြုစုထားသည့် စာရင်းအရ တိုင်းအတွင်း၌ လိုင်စင်မဲ့ စက်သုံးဆီဆိုင် ၃၀၀ ကျော်...

တနင်္သာရီတိုင်းတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၃၀ နီးပါး တိုးလာ

ထားဝယ် ဇန်နဝါရီ NLDအစိုးရလက်ထက်၌ တနင်္သာရီတိုင်းဒေသကြီးတွင် နိုင်ငံခြားသား၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၃၀ နီးပါး တိုးလာကြောင်း သိရသည်။ ၂၀၁၆ခု ဧပြီမှ လက်ရှိကာလအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နှင့် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(TRIC)တို့ထံမှ ခွင့်ပြုမိန့်၊အတည်ပြုမိန့်ရရှိထားသည့် ကုမ္ပဏီအရေအတွက် ၂၇ခု ရှိကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်...

တောမီးကြောင့် ရာဘာ ၁၀ဧကခန့် ဆုံးရှုံး

ထားဝယ် ဇန်နဝါရီ ၂၅ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် နခံတောကျေးရွာရှိ ရပ်ခံတောင် အနောက်ဖက်လျှိုအတွင်း ဇန်နဝါရီ၂၄ရက် မွန်းလွဲ ၁နာရီဝန်းကျင်တွင် တောမီးလောင်ကျွမ်းခဲ့ရာ ရာဘာပင် ၁၀ဧကခန့် မီးလောင်ဆုံးရှုံးမှုခဲ့ရကြောင်း သိရသည်။ ရပ်ခံတောင် ဘုန်းတော်ကြီးကျောင်းမှ ရာဘာပင် နှစ်ဧကခန့်၊ ပုဂ္ဂလိက ရာဘာခြံ နှစ်ခြံမှ ၈ဧကခန့် စုစုပေါင်း ၁၀ဧကခန့်...

မြေမြှုပ်မိုင်း ပြဿနာ ဖြေရှင်းရန် နည်းလမ်းရှာနေဟု ဆို

မော်လမြိုင် ဇန်နဝါရီ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင် ဖြစ်ပေါ်နေသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှု ပြဿနာ ဖြေရှင်းရန် နည်းလမ်း ရှာနေသည်ဟု မွန်ပြည်သစ်ပါတီ NMSP ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက ဟင်္သာမီဒီယာသို့ ပြောသည်။ “အခုလို ဘာကြောင့် ဖြစ်နေတယ်။ လူထုတွေ ထိခိုက်နစ်နာနေတယ်။ နည်းလမ်းရှာနေတာပဲ ၊အခုလည်း တို့နည်းတို့ဟန်နဲ့...

နတ်ရုပ် အသစ်လဲ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ခုနစ်ဦး အတိုင်ခံရ

ထားဝယ် ဇန်နဝါရီ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ရပ်ကွက်မှ နတ်ကွန်းတစ်ခုရှိ ရွာပိုင်ဘိုးဘိုးရုပ်တုကို ဖယ်ရှားပြီး ရုပ်တုသစ် အစားထိုးလဲလှယ်ခြင်းကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဇော်အောင် အပါအဝင် ခုနစ်ဦးအား အမှုဖွင့်ပေးရန် မူလရုပ်တုအလှူရှင်ဆိုသူက သရက်ချောင်းမြို့မရဲစခန်းတွင် ဇန်နဝါရီ ၁၅ ရက်က တိုင်ကြားခဲ့ကြောင်း သိရသည်။ မူလရုပ်တုကို ဇန်နဝါရီ ၁၃ ရက်တွင်...