တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို လွန်ခဲ့သော နာရီပိုင်းအတွင်းက ဖမ်းဆီးထိန်းသိမ်းခံရ

မော်လမြိုင် မတ် ၁၀ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို မတ် ၁၀ ရက် ညနေပိုင်းခန့်က (လွန်ခဲ့သော နာရီပိုင်းခန့်အတွင်း) မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ စုံစမ်းဖော်ထုတ်ချက်အရ တာဝန်ရှိအဖွဲ့အစည်းမှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ခိုင်မာသည့် သတင်းအရင်းအမြစ်မှ စုံစမ်းသိရသည်။ ထိုသို့ ဝန်ကြီးချုပ်ကို ထိန်းသိမ်းခံထားရမှုနှင့် ပတ်သက်၍ ည ၇ နာရီအချိန်၌...

သုံးစွဲရန်မသင့် အလှကုန်ပစ္စည်း ၁၈မျိုး ကျန်းမာရေးဝန်ကြီးဌာန ကြေညာ

ထားဝယ် မတ် ဈေးကွက်တွင်ရောင်းချနေသည့်အလှကုန်ပစ္စည်း၁၈မျိုး မှာ အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေးကြေညာထား သည်။ ယင်းတို့မှာ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့် အပြင်ကျန်းမာရေးအတွက် ဘေးအန ္တရာယ်ဖြစ်စေနိုင် သော တားမြစ်ဓာတုပစ္စည်းများပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိရကြောင်း ယင်းဝန်ကြီးဌာန၊ FDA,Myanmar ဖေ့စ်ဘုတ်ခ် စာမျက်နှာမှတစ်ဆင့် မတ်လ ၄ ရက်တွင်...

ဘဝါကမ်းခြေ ဒေသခံများ ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားနေ

ထားဝယ် မတ် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ ဘဝါကမ်းခြေရွာ ဒေသခံများတွင် ဆင်တုပ်ကွေးရောဂါဖြစ်ပွား လျက်ရှိကြောင်း ရပကနအဖွဲ့(ရောဂါမျိုးသယ်ဆောင်သောပိုးမွှားကောင်များမှတဆင့်ကူးစက်တတ်သောရောဂါများကာကွယ်နှိမ်နှင်းရေးအဖွဲ့) ထံမှ သိရသည်။ နဘုလယ်ကျေးလက်ကျန်းမာရေးဌာန နယ်မြေအတွင်း ကျေးရွာများတွင် နာမကျန်းသူ များစွာရှိနေကြောင်း သတင်းရရှိသဖြင့် လူနာ ၁၄၃ဦးကို မတ်လ ၅ ရက်တွင် ဘဝါကမ်းခြေစာသင်ကျောင်း၌ ဆေးကုသမှုကိုဆောင်ရွက်ပေးခဲ့ကြောင်း၊...

ဓာတ်ငွေ့ပိုက်လိုင်းနှင့် ငြိမိ၍ ငါးဖမ်းပိုက်များ ပျက်စီးဆုံးရှုံးသည့်ကိစ္စ တိုင်းဝန်ကြီးချုပ်ထံ ဒေသခံတို့ အရေးဆို

ထားဝယ် မတ် ထားဝယ်ခရိုင်ရေဖြူမြို့နယ်ကျောက်ထရံရွာနှင့်ဖြူနတ်ရွာမှငါးဖမ်းပိုက်များနှင့်ပင်လယ်ရေအောက်ကြမ်းပြင်တွင်ချထားသောဇောတိက(PTTEP)ကုမ္ပဏီ၏ဓာတ်ငွေ့ပိုက်လိုင်းနှင့်ငြိမိပြီးပျက်စီးသွားသည့်ငါးဖမ်းပိုက်များကိစ္စကုမ္ပဏီမှတာဝန်ယူဖြေရှင်းပေးရေးညှိနှိုင်းပေးရန်တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ထံစာပေးပို့တောင်းဆိုထားကြောင်းကာယကံရှင်ကမ်းနီးရေလုပ်သားများထံမှသိရသည်။ ရေလုပ်သား၁၆ဦး၏ငါးဖမ်းပိုက်၁၂၀ဖောင်ပျက်စီးဆုံးရှုံးခဲ့သည်ဟု၎င်းတို့ကဆိုသည်။ ငါးဖမ်းပိုက်များမှာယခုနှစ်အစမှမတ်လဆန်းပိုင်းအထိကာလအတွင်းPTTEPကုမ္ပဏီ၏ပိုက်လိုင်းနှင့်ြငိမိကာပျက်စီးဆုံးရှုံးခဲ့ကြောင်း၊သို့ဖြစ်၍ကျောက်ထရံ၊ဖြူနတ်၊တီဇစ်ကျေးရွာတို့မှဒေသခံများနှင့်ရေလုပ်သား၅၄ဦးကအဆိုပါကိစ္စနှင့်ပတ်သက်၍ကုမ္ပဏီကတာဝန်ယူဖြေရှင်းပေးရန်မတ်လ၄ရက်တွင်အရေးဆိုခဲ့ခြင်းဖြစ်ကြောင်း၊နောက်နောင်တွင်လည်းပိုက်လိုင်းနှင့်ငါးဖမ်းပိုက်များမငြိစေရန်ကုမ္ပဏီနှင့်ဒေသခံတို့ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအတွက်ညှိနှိုင်းညွှန်ကြားပေးရန်ဝန်ကြီးချုပ်ထံတင်ပြတောင်းဆိုခဲ့သည်ဟုသိရသည်။ ဒေသခံတို့၏ကမ်းနီးငါးဖမ်းကွက်အတွင်း၂၀၁၀ပြည့်နှစ်နောက်ပိုင်း၊အဆိုပါကုမ္ပဏီဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းစတင်ချိန်နောက်ပိုင်းပိုက်လိုင်းနှင့်ငါးဖမ်းပိုက်များငြိမိပြီးဆုံးရှုံးမှုမကြာခဏဖြစ်ပွားလေ့ရှိကြောင်း၊ယခုနှစ်အတွင်းငါးဖမ်းပိုက်ဆုံးရှုံးမှုမှာအများဆုံးဖြစ်ကြောင်းရေလုပ်သားများကပြောသည်။ “ကျွန်တော်တို့ဘက်မှာဆုံးရှုံးမှုများလာတော့အကူအညီတွေလိုတယ်၊နစ်နာကြေးပေါ့”ဟု ကမ်းနီးရေလုပ်သားဦးထွန်းအေးကဆိုသည်။၎င်းကယခုနှစ်ဇန်နဝါရီ၁၇ရက်တွင်ပိုက်လိုင်းနှင့်ငြိပြီးငါးဖမ်းပိုက်၁၀ဖောင်ဆုံးရှုံးခဲ့သည်ဆို၏။ ယင်းသို့ပျက်စီးဆုံးရှုံးမှုများပြားလာ၍ုဖောင်းတောကျေးရွာအုပ်ချုပ်ရေးမှူးထံသွားရောက်တိုင်ကြားရာအုပ်ချုပ်ရေးမှူးကကုမ္ပဏီမှလူမှုစီးပွားတာဝန်ခံကိုသွားရောက်ကြည့်ရှုပေးရန်ပြောခဲ့သော်လည်း၎င်းမှာကျောက်ထရံရွာသို့ရောက်မလာသေးကြောင်းဦးထွန်းအေးကမတ်လ၃ရက်တွင်ပြောသည်။ “ပိုက်ကိုမြေမြှုပ်ပေးရင်လည်းမြှုပ်ပေး၊ဖုံးတန်လည်းဖုံးပေးပေါ့နော်၊နောက်သားနောက်မြေးအထိလုပ်စားလို့ရအောင်”ဟုရေလုပ်သားဦးထွန်အေးကဆိုသည်။ ဇောတိကပိုက်လိုင်းစီမံကိန်းစတင်ချိန်မှယနေ့အချိန်အထိစီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍သော်လည်းကောင်း၊စီမံကိန်းကြောင့်ဒေသခံများထိခိုက်နစ်နာပါကမည်ကဲ့သို့ဖြေရှင်းဆောင်ရွက်ရမည်နှင့်စပ်လျဉ်း၍သော်လည်းကောင်းကုမ္ပဏီဘက်မှလာရောက်ရှင်းပြခြင်းမျိုးလည်းမရှိခဲ့ကြောင်းဝန်ကြီးချုပ်ထံတင်ပြသောစာ၌ဖော်ပြပါရှိသည်။ထိုင်းနိုင်ငံသို့ ကမ်းလွန်ပင်လယ်မှ ဓာတ်ငွေပို့လွှတ်ရန် ကံပေါက်ဒေသ အုန်းပင်ကွင်းကျေးရွာဘက်သို့ သွယ်တန်း လာသောTOTALကုမ္ပဏီ၏ ဓာတ်ငွေ့ပိုက်လိုင်း၊ Petronus ကုမ္ပဏီ၏ဓာတ်ငွေ့ပိုက်လိုင်းနှင့် PTTEPကုမ္ပဏီမှ ဓာတ်ငွေ့ပိုက်လိုင်းများရှိသည့်အနက်မှPTTEPကုမ္ပဏီ၏ဓာတ်ငွေ့ပိုက်လိုင်းဆက်များရှိမူလီများနှင့်ပိုက်များငြိမိ၍ယင်းသို့ ဆုံးရှုံးခဲ့ခြင်းဖြစ်သည်ဟု ရေလုပ်သားများက ပြောသည်။ တင့်လွင်

ထားဝယ် – ထီးခီး နှစ်လမ်းသွား ဖောက်လုပ်ရန် လေ့လာဆန်းစစ်နေ

ထားဝယ် မတ် ထိုင်း-မြန်မာနယ်စပ် ထီးခီးမှ ထားဝယ်အထူးစီးပွားရေးဇုန်အထိ ရှိရင်းစွဲ မြေသားလမ်းကို ထိုင်းနိုင်ငံမှ Neighbouring Countries Economic Development Cooperation Agency-NEDA) ဖက်မှ လေ့လာဆန်းစစ်မှုများ ယခုလတွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။ “ဆောက်လုပ်ရေးနဲ့NEDAက လမ်းပိုင်းကိုလက်မှတ်ထိုး ပြီးဆောင်ရွက်နေတယ်၊ လောလောဆယ်တော့ NEDA ဖက်က လမ်းကိုပြန်လေ့လာမယ်ဆိုပြီးတော့...

စီမံကိန်းလုပ်ငန်း ဖော်ဆောင်ရန် CHID BANK က ချေးငွေ ထုတ်ပေးမည်

ထားဝယ် မတ် တနင်္သာရီတိုင်းဒေသကြီးတွင် နိုင်ငံတော်အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ ဖော်ဆောင်ရန် လုပ်ကိုင်ခွင့် တင်ဒါရရှိသည့် လုပ်ငန်းရှင်များအား ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ် (CHID Bank)မှ မူဝါဒရေးရာအရာရှိ ဦးဝင်းဇော်က ပြောသည်။ “တနင်္သာရီတိုင်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အထူး ချေးပေးမှာ၊ တင်ဒါလုပ်ငန်း...

တနင်္သာရီတိုင်းတွင် Green House သုံးလုံး ထပ်မံ တည်ဆောက်မည်

  ထားဝယ် မတ် စိုက်ပျိုးခြင်းနှင့် ရေပေးစနစ် စမ်းသပ်ကွက်(Green House) သုံးလုံးကို တနင်္သာရီတိုင်းဒေသကြီးတွင် လာမည့် ဘဏ္ဍာနှစ်၌ ထပ်မံ တည်ဆောက်ရန် တိုင်းအစိုးရသို့ ဘတ်ဂျက် တင်ပြထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ “အခုဘတ်ဂျက်တင်ထားတာက လောင်းလုံးမှာတစ်လုံး၊ ရေဖြူမှာတစ်လုံး၊ ပုလောမှာတစ်လုံး”ဟု အထက်ပါဌာန တိုင်းရုံးမှ ညွှန်ကြားရေးမှူး ဦးနိုင်ဦးက ပြောသည်။ မိုးဒဏ်မှ...

စားသုံးရန်မသင့်သော အစားအသောက် သုံးမျိုး ဈေးကွက်အတွင်း စစ်ဆေးတွေ့ရှိ

ထားဝယ် မတ် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ရငဲကျေးရွာဈေးကွက်အတွင်းမှ နမူနာ ကောက်ယူ ဝယ်ယူခဲ့သည့် အစားအသောက် ခုနစ်မျိုးကို ဓာတ်ခွဲ စစ်ဆေးခဲ့ရာ ယင်းအနက် သုံးမျိုးမှာ စားသုံးရန်မသင့်လျော်ကြောင်းတွေ့ရှိရသည်ဟုအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) တနင်္သာရီတိုင်းဒေသကြီး ရုံးမှ သိရ သည်။ ဈေးကွက်နမူနာများကို ရန်ကုန်ရှိ FDA သို့ ပေးပို့ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “တိုင်းအစိုးရကလုပ်ထုံးလုပ်နည်းနှင့်အညီပြည်သူကို...

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ပြီးနောက် တနင်္သာရီတိုင်းအစိုးရသို့ လမ်းညွှန်ချက် ၆၁ချက် ပြန်လည်ပေးပို့လာ

ထားဝယ် ၊ မတ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖေဖော်ဝါရီ တတိယပတ်က လာရောက်ခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးခရီးစဉ်နှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းရန် လမ်းညွှန်ချက် ၆၁ ချက်ကို နိုင်ငံတော်သမ္မတရုံးက ပေးပို့လာခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ သမ္မတရုံးမှ ဖေဖေါ်ဝါရီ ၂၀ရက်တွင် ပေးပို့ လာသော လမ်းညွှန်ချက်များကို ဖေဖေါ်ဝါရီ...

တနင်္သာရီတိုင်းတွင် သားသည်မိခင် သေနှုန်း ပိုမြင့်၊ သွေးအားနည်းရောဂါဖြစ်ပွားမှု ပိုများ

ထားဝယ် ဖေဖေါ်ဝါရီ တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၁၈ခုနှစ်အတွင်း ကိုယ်ဝန်ဆောင်ချိန်မှ မီးဖွားပြီး ၄၂ရက်အတွင်း မိခင်သေနှုန်း ယခင်ထက် ပိုမိုများပြားလာကြောင်း၊ တိုင်းအတွင်းရှိ နို့တိုက်မိခင်များမှာ သွေးအားနည်းရောဂါဖြစ်ပွားမှုနှုန်း နိုင်ငံတစ်ဝန်းတွင် အများဆုံးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ မိခင်သေနှုန်းမှာ ၂၀၁၄ခုတွင် ၃၁ဦး၊၂၀၁၅တွင် ၂၃ ဦး၊၂၀၁၆တွင်၂၁ဦး၊၂၀၁၇ တွင်၂၃ဦးရှိရာမှ၂၀၁၈ တွင် ၃၅ဦး...

Latest article

မွန်ပြည်နယ်တွင် လွတ်ငြိမ်းသက်သာခွင့် အကျဉ်းသားများတွင် မူးယစ်ဆေးဝါး သုံးစွဲသူ ထက်ဝက်နီးပါး ပါဝင်

မော်လမြိုင် ဧပြီ ၁၉ မွန်ပြည်နယ်တွင် အကျဉ်းထောင် ၂ခု ကုန်ထုတ်စခန်း ၇ခုမှ အကျဉ်းသား ၉၂၉ ဦးကို ဧပြီလ ၁၇ရက် (နှစ်ဆန်းတစ်ရက်နေ့)၌ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ကျခံနေသူများ ထက်ဝက်နီးပါး ပါဝင်ကြောင်း ပြည်နယ်အကျဉ်းဦးစီးမှူး ကိုယ်စား မော်လမြိုင် အကျဉ်းထောင်မှ တာဝန်ခံအရာရှိ...

အိန္ဒိယဝယ်လက်ကြောင့် မတ်ပဲစျေးကောင်းလာနိုင်ဟု လယ်သမားနှင့်ကုန်သည်များမျှော်လင့်

ချောင်းဆုံ  ဧပြီ ၁၉ အိန္ဒိယကပဲတင်သွင်းခွင့်ပြုထားြခင်းအပေါ် မတ်ပဲစျေးကောင်းရလာနိုင်မည်ဟု လယ်သမားနှင့် ကုန်သည်များ မျှော်လင့်လျှက်ရှိကြောင်းသိရသည်။ "အခုနှစ်မှာအိန္ဒိယက မတ်ပဲ တန်ချိန် ၁ သိန်းခွဲ ၊ ပဲဇင်းငုံ တန်ချိန် ၂ သိန်း ၊ ပဲတီစိမ်း တန်ချိန် ၁ သိန်းခွဲကို ၂၀၁၉ ဧပြီလ ၂၀...

မွန်ပြည်နယ် အထူစုံစမ်းစစ်ဆေးရေးဌာန ညွှန်းမှူးနေအိမ်မှ ဖောက်ထွင်းခိုးယူသွားသည့် ရွှေထည်ပစ္စည်းများနှင့် ငွေများ သိမ်းဆည်းရမိ ခိုးမှုကျူးလွန်သူ တရားခံ ထွက်ပြေးနေ

မော်လမြိုင် ဧပြီ ၁၈ မွန်ပြည်နယ် အထူစုံစမ်းစစ်ဆေးရေးဌာန ညွှန်းမှူးနေအိမ်မှ ဖောက်ထွင်းခိုးယူသွားသည့် ရွှေထည်ပစ္စည်းများနှင့် ငွေများ သိမ်းဆည်းရမိခဲ့ပြီး ခိုးမှုကျူးလွန်သူ တရားခံမှာ ထွက်ပြေးလွတ်မြောက်နေကြာင်း မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှုခင်းအကူဌာနမှ သိရသည်။ မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက ယနေ့ ည ၈ နာရီခန့်က မော်လမြိုင်မြို့ မုပွန်ရပ်ကွက် အိုးရုံရပ်နေ ရဲမင်းပိုင် အသက် ၂၄...