တရားမဝင် လောင်စာဆီပိုက်လိုင်းပေါက်ကွဲမှုကြောင့် မက္ကဆီကိုတွင် လူ၂၁ ဦး သေဆုံး
မက္ကစီကို ဇန်နဝါရီ
မက္ကစီကိုနိုင်ငံအလယ်ပိုင်း ဟီဒန်ကိုပြည်နယ်တွင် တရားမဝင် လောင်စာဆီပိုက်လိုင်းတစ်ခု ဇန်နဝါရီ ၁၉ ရက်က မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၂၁ဦးသေဆုံးကာ ၇၀ကျော် ဒဏ်ရာရရှိခဲ့သည်။
မီးလောင်ပေါက်ကွဲရာနေရာသို့ မက္ကဆီကိုသမ္မတလိုပက်ဇ် အိုဘရာဒိုကိုယ်တိုင်သွားရောက်စစ်ဆေးခဲ့ပြီး နိုင်ငံအတွင်းရှိ ဆီပိုက်လိုင်းများကို ယာယီ ပိတ်ထားကြောင်း သမ္မတရုံးမှ တရားဝင် ကြေညာထားသည်။...
ဘာလီဗုံးကွဲမှု ဦးဆောင်သူ အစွန်းရောက် ဘာသာရေးခေါင်းဆောင် လွတ်ငြိမ်းချမ်းသာခွင့်ရ
ဘာလီဗုံးကွဲမှုတွင် နောက်ကွယ်မှ ကြိုးကိုင်ဦးဆောင်ခဲ့သည့် အစွန်းရောက် ဘာသာရေးခေါင်းဆောင် Abu Bakar Bashir အား လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ Joko Widodoက ဇန်နဝါရီ၁၈ရက်တွင် ပြောကြားခဲ့သည်။
အကြောင်းရင်းမှာ လူသားချင်းစာနာ နားလည်သောကြောင့်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ထို့အပြင် "သူ့ အသက်အရွယ်က အရမ်းကြီးနေပြီ။ ကျန်းမာရေးလည်း...
ကိုလံဘီယာရှိ အရာရှိသင်တန်းကျောင်းတစ်ခုတွင် ကားဗုံးပေါက်ကွဲ၊ ၂၁ဦးသေ
ကိုလံဘီယာနိုင်ငံ ဘိုကိုတာမြို့ရှိ အရာရှိသင်တန်းကျောင်းတစ်ခုတွင် ရာထူးတိုးမြှင့်ပေးသည့် အခမ်းအနားကျင်းပနေစဉ် ဇန်နဝါရီ ၁၇ရက်က ကားဗုံးပေါက်ကွဲမှုဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ပေါက်ကွဲရေးပစ္စည်း ၈၀ ကီလိုဂရမ် တင်ဆောင်လာသော ကားတစ်စီးကို အသုံးပြုကာ ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ကိုလံဘီယာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါပေါက်ကွဲမှုတွင် ကားဗုံးပေါက်ကွဲအား အသေခံလုပ်ဆောင်သည်ဟု သံသယရှိသူတစ်ဦးအပါအဝင် လူပေါင်း...
လူသတ်မှုဖြင့် မှားယွင်းထောင်ချခံခဲ့ရသူ နိုင်ငံတော်လျော်ကြေး ရ
လူသတ်သည်ဟူသော စွပ်စွဲချက်ဖြင့် မှားယွင်းထောင်ဒဏ်ချခံခဲ့ရသော တရုတ်အမျိုးသားတစ်ဦးသည် နိုင်ငံတော် လျော်ကြေးငွေ ယွမ် ၄.၆ သန်း ဇန်နဝါရီ ၇ရက်တွင် လက်ခံရရှိခဲ့သည်။
ယခု လက်ရှိ အသက် ၅၀ အရွယ်ရှိပြီဖြစ်သည့် လျူချောင်လင်သည် လျောင်ယွမ်ခရိုင် ပြည်သူ့တရားရုံးမှ ချမှတ်လိုက်သော လျော်ကြေးကို ရရှိခဲ့ခြင်း ဖြစ်သည်။
၁၉၉၀ အောက်တိုဘာလတွင်...
အာဏာရပါတီအား မဲပေးသူ မိန်းကလေးကို အတိုက်အခံပါတီဝင်က မုဒိန်းကျင့်
အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် မုဒိန်းကျင့်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမျိုးသား ၁၀ဦးအား ဘင်္ဂလားဒေ့ရှ်ရဲက ဇန်နဝါရီ ၇ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်း ၁၀ဦးထဲတွင် လောလောလတ်လတ် မဲရှုံးထားသော အတိုက်အခံပါတီဝင်တစ်ဦးဖြစ်သူ ရူဟူး အာမင်း ပါဝင်ပြီး ယင်းက ဦးဆောင် မုဒိန်းကျင့်ခဲ့ခြင်းဟု ဆို၏။
ဒီဇင်ဘာ လကုန်ပိုင်းက...
ဂျာမန် ဆယ်လီ အကောင့် တစ်ရာကျော် အဟက်ခံရ
ဂျာမန်နိုင်ငံရေးသမားများ၊ အနုပညာရှင်များအပါအဝင် လူသိများ ထင်ရှား ကျော်ကြားသူတို့၏ ကိုယ်ရေးအချက်အလက်များ ဆိုရှယ်မီဒီယာ တွစ်တာတွင် ဇန်နဝါရီ ၃ရက်က ပေါက်ကြားခဲ့သည်။
ယင်းဖြစ်စဉ်မှာ ဂျာမနီနိုင်ငံတွင် အကြီးဆုံး နည်းပညာလစ်ဟာမှုအဖြစ် ပြောစမှတ် တွင်ခဲ့ပြီး အရေအတွက် ရာဂဏန်းချီသော ကျော်ကြားသူတို့၏ ကိုယ်ရေးအချက်အလက်နှင့် အတွေးရေးကိစ္စများကို တွစ်တာ အကောင့်တစ်ခုက ထိုးဖောက်ဝင်ရောက်(Hack)ကာ...
တရုတ်တွင် အဖမ်းခံရသူ ကနေဒါနိုင်ငံသား ၁၃ဦးထိ ရှိခဲ့
တရုတ်နိုင်ငံတွင် အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်သည့် ဟွာဝေး၏ အမှုဆောင်ချုပ် မုန့်ဝမ်ကျိုးကို ကနေဒါနိုင်ငံက အကျယ်ချုပ် ထိန်းသိမ်းထားခဲ့ပြီးနောက် အပြန်အလှန်အနေနှင့် တရုတ်နိုင်ငံကလည်း ကနေဒါနိုင်ငံသား ၁၃ဦးကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးအရေးယူခဲ့သည်။
ပြစ်မှုများအရ ဖမ်းရပါသည်ဟု တရုတ်ဘက်က မည်သို့ပင် ငြင်းဆိုစေကာမူ မုန့်ဝမ်ကျိုး အဖမ်းခံရသည့်ကိစ္စနှင့် စပ်လျဉ်းနေသည့် နိုင်ငံရေးလှည့်ကွက်ဟု...
သမီးငယ်ကို သေသည်အထိ ပစ်ထားခဲ့သူ နှစ်ဦး ထောင်ဒဏ် ကျခံရဖွယ် ရှိ
လောရန်ဝိတ်အမည်ရှိ သမီးငယ်လေးသည် အသက် ၂နှစ်အရွယ်တွင် ဆုံးပါးသွားခဲ့ရပြီး အကြောင်းရင်းမှာ အစာရေစာပြတ်လတ်၍ဖြစ်ကာ အသက်မဆုံးရှုံးမီ နေထိုင်ခဲ့ရသည့် အခြေအနေမှာ အလွန်ပင်ဆိုးဝါးလှကြောင်း၊ သူ့တစ်သက်တွင် ထိုမျှ ဆိုးရွားသည့် အနေအထားမျိုး မတွေ့ဖူးကြောင်း စုံစမ်း စစ်ဆေးရေးအရာရှိက ဆိုသည်။
ထိုကဲ့သို့ အခြေအနေရောက်အောင် ပစ်ထားသည့် မိဘနှစ်ဦးမှာ ထောင်ဒဏ်ကျခံရမည့် အနေအထားရှိနေသည်။
အလုပ်လက်မဲ့ဖြစ်နေသော...
အသတ်ခံရသည့် သားအတွက် အမေရိကန် မိဘနှစ်ဦး မြောက်ကိုရီးယားထံ နစ်နာကြေးတောင်း
အမေရိကန် ကောလိပ်ကျောင်းသား ၂၂ နှစ် အရွယ် အော်တိုဝမ်ဘီယာ အသတ်ခံရမှုအတွက် မြောက်ကိုရီးယားအစိုးရကို ယခုနှစ်တွင် အမှုဖွင့်ခဲ့သည့် သူ့မိဘများက ယခုအခါ နစ်နာကြေး ဒေါ်လာ တစ် ဘီလျံကျော် တောင်းဆိုခဲ့သည်။
အိုဟိုင်းယိုးပြည်နယ်၊ ဝိုင်ယိုမင်းမြို့တွင် နေထိုင်သည့် ဖရက်နှင့် စင်ဒီဝမ်ဘီယာ တို့က ဧပြီတွင် ဝါရှင်တန်ရှိ...
တန်ကြေး ပေါင်၁၀သန်းရှိ မူးယစ်ဆေးဝါးများ ဗြိတိန်ရေတပ် ဖမ်းမိ
ပင်လယ်ကွေ့တွင် စံချိန်တင်ဖမ်းဆီးမှုအဖြစ်တန်ကြေးပေါင် ၁၀ သန်းရှိသော မူးယစ်ဆေးဝါး၁၀ တန်ကို ဖမ်းဆီးမိခဲ့ကြောင်း ဗြိတိန်ရေတပ်က ဒီဇင်ဘာ၂၀ရက်တွင် ထုတ်ပြန်သည်။
“ဒါဟာ ကျွန်တော်တို့ရဲ့လမ်းတွေပေါ်ကို ဒီလိုမူးယစ်ဆေးတွေကို ပို့ဆောင်ဖို့ကြိုးစားတဲ့ ရာဇဝတ်ကောင်တွေရဲ့ငွေတွေ သိသိသာသာလျော့သွားအောင် လုပ်လိုက်တာဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဂါဗင်ဝီလျံဆန်က ပြောသည်။
မူးယစ်ဆေး မှောင်ခိုလမ်းကြောင်းအဖြစ် နာမည်ကြီးသော Hash Highway...