32.5 C
Mawlamyine
Tuesday, February 19, 2019

မလေးတွင် အမေရိကန်ဒေါ်လာ ၆သန်းကျော်ဖိုး မူးယစ်ဆေးဝါးများ ဖမ်းမိ၊ တရားခံ ၁၈ဦးတွင် မြန်မာ လေးဦးပါဝင်

မလေးရှားနိုင်ငံ အကောက်ခွန်ဌာနသည် ယာယီဂိုထောင်တစ်ခုကို ဝင်ရောက်စီးနင်းရာ အမေရိကန်ဒေါ်လာ ၆ သန်းကျော်ဖိုး မူးယစ်ဆေးဝါးများကိုတွေ့ရှိခဲ့ပြီး နိုင်ငံခြားသား ၁၈ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ တစ်အိတ်လျှင် ၂၅ ကီလိုဂရမ်ရှိသော မူးယစ်ဆေးဝါး အိတ်ပေါင်း ၃၇ အိတ်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း အကောက်အခွန် ညွှန်ကြားရေးမှူး ဆပ်ရိုမနီယန်က ပြောသည်။ တာဝန်သိပြည်သူတစ်ဦးထံမှ...

MH370 လေယာဉ်အစိတ်ပိုင်း ဟုယူဆရသော ပစ္စည်းတစ်ခု ထပ်မံတွေ့ရှိ

၂၀၁၆ခုနှစ်၊ မတ်လ ၈ရက်နေ့ ။ ။ ပျောက်ဆုံးသွားသော MH 370 လေယာဉ် အစိတ်အပိုင်းဟု ယူဆရသော အစိတ်အပိုင်းအပြတ်တစ်ခုကို သြစတေးလျနိုင်ငံ ရီယူနီယံကျွန်းပေါ်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်းဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြ ထားသည်။ နှစ် နှစ်ကျော်ကြာ...

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားကျွန်းများအနီး တရုတ်စစ်ရေးလေ့ကျင့်မည်

တောင်တရုတ်ပင်လယ်အတွင်းရှိ ပိ်ုင်ဆိုင်မှုအငြင်းပွားနေသော ကျွန်းများအနီးတွင် တရုတ်တပ်မတော်က စစ်ရေး လေ့ကျင့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ မြေယာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂခုံရုံးက ဆုံးဖြတ်ချက်မချခင်ရက်ပိုင်းအလိုတွင် ဖိလစ်ပိုင်နိုင်ငံနှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသော ရေပိုင်နက်အတွင်း ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်၍ တစ်ပတ်ကြာ စစ်ရေးလေ့ ကျင့်မည်ဖြစ်ကြောင်း တရုတ်က...

ပျောက်သွားသော လေယာဉ် MH370ကို တွေ့ရှိလျှင် အမေရိကန်ကုမ္ပဏီကို ကန်ဒေါ်လာသန်း ၇၀ ပေးမည်

မလေးရှားနိုင်ငံသည် အမေရိကန်အခြေစိုက် ပင်လယ်ရေအောက် ရှာဖွေရေးကုမ္ပဏီတစ်ခု ပျောက်ဆုံးသွားသော လေယာဉ် MH370ကို ရက်ပေါင်း ၉၀ အတွင်း ရှာဖွေပေးနိုင်ပါက အမေရိကန်ဒေါ်လာ သန်း ၇၀ ပေးမည်ဖြစ်ကြောင်း သဘောတူစာချုပ်တစ်ရပ်ကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လက်မှတ်ထိုးလိုက်သည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ လူပေါင်း ၂၃၉...

ကမ္ဘာ့လူဦးရေ ၉၀ ရာခိုင်နှုန်းကျော် ညစ်ညမ်းသောလေ ရှူရှိုက်နေရ

ကမ္ဘာပေါ်ရှိလူဦးရေ ၉၀ ရာခိုင်နှုန်းကျော်မှာ အရည်အသွေးနိမ့်ပါးသည့် ညစ်ညမ်းသောလေကို ရှူရှိုက်နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြောကြားလိုက်သည်။ လေထုညစ်ညမ်းမှုပြဿနာကို ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးနှင့် အဖွဲ့အစည်းအားလုံး ရင်ဆိုင်နေပြီး မသန့်ရှင်းသောလေကို ရှူရှိုက်ရခြင်းကြောင့် သေဆုံးရသည့်ဦးရေမှာ တစ်နှစ်လျှင် ခြောက်သန်းကျော်ရှိကြောင်း WHO က ခန့်မှန်းထားသည်။ "ဒါဟာ ပြည်သူ့ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေပါ" ဟု WHO...

အိုပက်နိုင်ငံများထုတ်လုပ်မှုလျှော့ချရန် သဘောတူညီပြီးနောက် ကမ္ဘာ့ရေနံဈေး မြင့်တက်

ကမ္ဘာ့ရေနံထုတ်လုပ်တင်ပို့မှုအများဆုံးနိုင်ငံများဖြစ်သောOPEC(အိုပက်)အဖွဲ့ဝင်နိုင်ငံများကနေ့စဉ် ရေနံထုတ် လုပ်မှုကိုလျှော့ချရန် သဘောတူညီပြီးနောက် ကမ္ဘာ့ရေနံစိမ်းဈေးများပြန်လည်မြင့်တက်လာကြောင်းဘန်ကောက်ပိုစ့်သတင်းဌာနကဖော်ပြထားသည်။ နေ့စဉ်ရေနံထုတ်လုပ်မှုကိုလျှော့ချရန် သဘောတူညီခဲ့ပြီးနောက် တစ်ရက် အကြာစက်တင်ဘာလ ၂၉ ရက်နေ့တွင် ဘရန့်ဒ်(Brent) ရေနံစိမ်းတစ်စည်လျှင် ခြောက်ရာခိုင်နှုန်းအထိဈေးမြင့်တက်လာပြီး ၄၉ ဒေါ်လာခန့်ပေါက် ဈေးရှိကြောင်း နိုင်ငံတကာသတင်းများကဖော်ပြကြသည်။ ရေနံထုတ်လုပ်တင်ပို့ရောင်းချသူများအဖွဲ့(OPEC )သည် စက်တင်ဘာလ ၂၈ ရက်နေ့ကအယ်လ်ဂျီးရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သောအစည်းအဝေးတွင် ရှစ်နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်...

ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ အနည်းဆုံးအခကြေးငွေ တိုးမည်

ဘန်ကောက်။ ။ ထိုင်းစစ်အစိုးရသည် ပြည်သူများ၏ ဝင်ငွေ မညီမျှမှုကို ချိန်ညှိရန် ကြိုးစားသည့်အနေဖြင့် ငါးနှစ်အတွင်း ပထမဆုံးအနေဖြင့် အနည်းဆုံးလုပ်ခလစာကို တိုးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။ အနည်းဆုံးလုပ်ခလစာကို လာမည့် ဧပြီလမှ စတင်၍ တိုးပေးသွားမည်ဖြစ်ကာ တစ်နေ့လုပ်ခကို နေရာဒေသလိုက်၍ ငါးဘတ်မှ ၂၂ ဘတ်အထိ တိုး၍ ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်...

နာမည်ကြီး တံဆိပ်နေကာမျက်မှန်အတုများ တင်သွင်းသည့် တရုတ်နိုင်ငံသားနှစ်ဦးဖမ်းဆီးရမိ

ဘန်ကောက်၊ မတ် ၃ ။ ။ ထိုင်း နိုင်ငံသို့ နံမည်ကြီးအမှတ်တံဆိပ်နေကာမျက်မှန် အတုများ ထုတ်လုပ်တင်သွင်းနေသော တရုတ် နိုင်ငံသား နှစ်ဦး ကို ဘန်ကောက်မြို့ တွင် ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်း...

တမလွန်ဆိုသည်မှာ မရှိနိုင်လို့ သိပ္ပံပညာရှင်က ပြောသတဲ့

တမလွန်ဘဝဆိုတာ ရူပဗေဒသဘောတရားအရ မဖြစ်နိုင်လို့ တမလွန်ဘဝဆိုသည်မှာ မရှိကြောင်း သိပ္ပံပညာရှင်တစ်ဦးက ပြောဆိုလိုက်ပါတယ်။ အသေးစိတ်တစ်ဆုံးနှိုက်ပြီးလေ့လာပြီးတဲ့နောက်မှာ ရူပဗေဒပညာရှင် ရှန်ကာရိုးက နောက်ဘဝရှိဖို့ဆိုရင် လူသားရဲ့ အသိစိတ် သို့မဟုတ် နာမ်ခန္ဓာဟာ ရုပ်ခန္ဓာကို လုံးဝခွာပြီးနေလို့ရမှ ဖြစ်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အသေအချာလေ့လာကြည့်တော့ နာမ်ခန္ဓာဟာ ရုပ်ခန္ဓာမရှိဘဲ မဖြစ်တည်နိုင်ပါဘူး။ အသိစိတ် (ဝါ)...

ထီပေါက်ကာ ထိုင်းငွေ ဘတ်ခြောက်သန်းကံထူးခဲ့တဲ့ မြန်မာ စက်ရုံအလုပ်သမလေး

ဘန်ကောက်၊ ဖေဖော်ဝါရီ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီးငယ်တစ်ဦးဟာ ထိုင်းထီ ပထမဆုပေါက်ကာ ဘတ်ခြောက်သန်းရရှိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းစာကဖော်ပြပါတယ်။ သူမဟာ ထိုင်းနိုင်ငံရှိ ငါးသေတ္တာထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ လုပ်ကိုင်နေတဲ့ အလုပ်သမလေးတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာ တစ်နှစ်ခန့်ရှိပြီလို့ သိရပါတယ်။ သူမကတော့ အသက်၂၁နှစ်အရွယ်ရှိ မသီရိရွှေစင်ပဲ ဖြစ်ပါတယ်။ သူမဟာ ထိုင်းအစိုးရက ဖွင့်ပေးတဲ့...
- Advertisement -

Latest article

ယူကေရှိ ဟွန်ဒါ ရုံးချုပ် ပိတ်သိမ်းမည်

တိုကျို ဖေဖော်ဝါရီ ၁၉. ဂျပန်နိုင်ငံအခြေစိုက် ဟွန်ဒါကားကုမ္ပဏီဟာ ယူကေနိုင်ငံမှာရှိတဲ့ ပင်မ ရုံးချုပ်ကို လာမယ့် ၂၀၂၁ မှာ ဖျက်သိမ်းမယ်လို့ ယနေ့ ကြေညာလိုက်ပါတယ်။ ဒါဆိုရင် ယူကေက ဝန်ထမ်း ၃၅၀၀ကျော်ဟာ အလုပ်လက်မဲ့ ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဟွန်ဒါရဲ့ ဆုံးဖြတ်ချက်ဟာ ဗြိတိန်နိုင်ငံ ဥရောပမှ စီးပွားရေးခွဲထွက်ခွင့်နောက်ပိုင်းမှာ...

လျှပ်စစ်ထရပ်ကားထုတ်လုပ်ရေးမှာ ဒေါ်လာသန်း ၇၀၀ မြှုပ်နှံလိုက်တဲ့ အမေဇုံ ကုမ္ပဏီ

နယူးယောက် ဖေဖော်ဝါရီ ၁၈ အမေရိကန်အခြေစိုက် နာမည်ကျော် အမေဇုံကုမ္ပဏီဟာ Rivian လျှပ်စစ်ထရပ်ကားထုတ်လုပ်ရေး ကုမ္ပဏီမှာ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရင်းနှီးမြှုပ်နှံလိုက်တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ကြေညာပါတယ်။ အဆိုပါ ထုတ်ပြန်ချက်ဟာ Rivian ကားကို ဈေးကွက်ထဲသို့ မပို့ခင် ၃လအလိုမှာ ထုတ်ခဲ့တာဖြစ်ပြီးတော့ Rivian ကနေ...

၁၂ ကြိမ်မြောက် မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ဘာတွေ လုပ်ဖို့ ရှိလဲ

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်၏ ၁၂ ကြိမ်မြောက် လွှတ်တော် ပုံမှန် အစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၁၉ ရက် စတင် ကျင်းပတော့မည်ဖြစ်၏။ အစည်းအဝေးမှာ ဆွေးနွေးမည့် မေးခွန်း၊ အဆို အားလုံးကိုလည်း ဖေဖော်ဝါရီ ၁၁ ရက်နေ့ နောက်ဆုံးထား၍ အစိုးရထံ ပေးပို့ထားပြီ...