25.4 C
Mawlamyine
Wednesday, June 3, 2020

တရုတ်နိုင်ငံတွင် အာဖရိကဝက်တုပ်ကွေး ဖြစ်ပွား

ဘေဂျင်း ဇူလိုင် ၁၂ တရုတ်နိုင်ငံ ယူဘေ စီရင်စုတွင် အာဖရိကဝက်တုပ်ကွေးရောဂါတစ်မျိုး စတင်ဖြစ်ပွားနေကြောင်း အဆိုပါနိုင်ငံ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဇူလိုင် ၁၁ ရက်တွင် အတည်ပြုခဲ့သည်။ ယူဘေစီရင်စုအရှေ့ဘက်ရှိ တူအန်ဖိန်ရွာ လယ်ကွင်းများထဲမှ ဝက် ၁၀၂ကောင်မှာ ယင်း ရောဂါကြောင့်သေဆုံးသွားခဲ့သည်ဟု အတည်ပြုပြီးနောက် ထိုရောဂါခံစားနေသည်ဟု သံသယရှိသောဝက်များကို သုတ်သင်ရှင်းလင်းခဲ့သည်။ ယခုနှစ်ဖြစ်ပွားမှုသည် ယခင်နှစ်များထက်များစွာဆိုးနိုင်ကြောင်း...

ဖတ်နေဆဲ စာအုပ်များ၏ အဆုံးကို ခဏခဏ လာပြောသည့် လုပ်ဖော်ကိုင်ဖက်ကို ဓားဖြင့်ထိုးလိုက်သည့် သိပ္ပံပညာရှင်

အန္တာတိကတိုက်ရှိ သုတေသနစခန်းတွင် အလုပ်လုပ်နေသော သိပ္ပံပညာရှင် တစ်ဦးသည် ၎င်းဖတ်ရှုနေဆဲ စာအုပ်များ၏ အဆုံးကို အမြဲလာလာ ပြောနေသည့် လုပ်ဖော်ကိုင်ဖက် တစ်ဦးအား ဓားဖြင့် ထိုးခဲ့ကြောင်း သိရသည်။ အသက် ၅၅ နှစ်အရွယ် ဆာဂေး ဆဗစ်စကီနှင့် အသက်၅၂နှစ်အရွယ် အိုလက် ဘီလိုဂူဇိုတို့မှာ အဆိုပါ နေရာတွင်...

သင်္ချာနည်းဖြင့် တွက်ကာ ထီ ၁၄ ကြိမ်ပေါက်အောင် လုပ်နိုင်ခဲ့သည့် သင်္ချာပညာရှင်

လူတစ်ယောက် ထီးထို၍ ထီပေါင်နိုင်ချေမှာ အပုံပေါင်း ၁၄ သန်းပုံလျှင် ၁ ပုံသာရှိသည်။ သို့သော် သင်္ချာပညာရှင် စတီဖန်မန်ဒဲလ်ကတော့ မည်သည့် စည်းမျဉ်းကိုမျှ မချိုးဖောက်ဘဲ ၁၄ ကြိမ်မျှ ထီပေါက်အောင် လုပ်နိုင်ခဲ့သည်။ ရိုမေးနီးယားတွင် မေးဖွာသော သြစတြေးလျနိုင်ငံသား စတီဖန်သည် သူ၏ ဉာဏ်ပညာနှင့် ဂဏန်းသင်္ချာကျွမ်းကျင်မှုကို အသုံးပြုလျက်...

ပျောက်သွားသော လေယာဉ် MH370ကို တွေ့ရှိလျှင် အမေရိကန်ကုမ္ပဏီကို ကန်ဒေါ်လာသန်း ၇၀ ပေးမည်

မလေးရှားနိုင်ငံသည် အမေရိကန်အခြေစိုက် ပင်လယ်ရေအောက် ရှာဖွေရေးကုမ္ပဏီတစ်ခု ပျောက်ဆုံးသွားသော လေယာဉ် MH370ကို ရက်ပေါင်း ၉၀ အတွင်း ရှာဖွေပေးနိုင်ပါက အမေရိကန်ဒေါ်လာ သန်း ၇၀ ပေးမည်ဖြစ်ကြောင်း သဘောတူစာချုပ်တစ်ရပ်ကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လက်မှတ်ထိုးလိုက်သည်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ လူပေါင်း ၂၃၉...

ကမ္ဘာ့လူဦးရေ ၉၀ ရာခိုင်နှုန်းကျော် ညစ်ညမ်းသောလေ ရှူရှိုက်နေရ

ကမ္ဘာပေါ်ရှိလူဦးရေ ၉၀ ရာခိုင်နှုန်းကျော်မှာ အရည်အသွေးနိမ့်ပါးသည့် ညစ်ညမ်းသောလေကို ရှူရှိုက်နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ပြောကြားလိုက်သည်။ လေထုညစ်ညမ်းမှုပြဿနာကို ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးနှင့် အဖွဲ့အစည်းအားလုံး ရင်ဆိုင်နေပြီး မသန့်ရှင်းသောလေကို ရှူရှိုက်ရခြင်းကြောင့် သေဆုံးရသည့်ဦးရေမှာ တစ်နှစ်လျှင် ခြောက်သန်းကျော်ရှိကြောင်း WHO က ခန့်မှန်းထားသည်။ "ဒါဟာ ပြည်သူ့ကျန်းမာရေးအတွက် အရေးပေါ်အခြေအနေပါ" ဟု WHO...

သြစတေးလျတွင် မူးယစ်ဆေးဝါး ၁ဒသမ၇တန်ကျော် ဖမ်းမိ

ကင်ဘာရာ ဖေဖော်ဝါရီ အိုက်စ်ဟု လူသိများသည့် မက်သာဖက်တမင်းဆေးပြား ၁ ဒသမ ၇ တန်ကျော်ကို သြစတြေးလျရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၈ ရက်တွင် သိမ်းဆည်းရမိကြောင်းနှင့် သြစတြေးလျနိုင်ငံတွင် သိမ်းဆည်းရမိသမျှ မူးယစ်ဆေးဝါးများထဲတွင် ပမာဏ အကြီးမားဆုံးဖြစ်ကြောင်း အင်န်အိတ်ချ်ကေသတင်းတွင် ဖော်ပြသည်။ လွန်ခဲ့သည့်လအတွင်းက အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှ သြစတြေးလျနိုင်ငံတွင်းသို့ သယ်ယူလာသည့်...

ထရမ့်၏ အမေရိကန် လွတ်လပ်ရေးနေ့ ကျင်းပမှုပုံစံအပေါ် ပြည်သူများအကြား သဘောကွဲလွဲ

အမေရိကန် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဝါရှင်တန်၌ သမ္မတထရမ့် ကျင်းပခဲ့သည့်Salute to America အခမ်းအနားများသည် တိုင်းပြည်ကိုချစ်ပြတာလား၊ နိုင်ငံရေးစတန့်ထွင်တာလားဟု အမေရိကန်ပြည်သူများအကြား ဝေဖန်နေကြသည်။ ပြီးခဲ့သည့် သီတင်းပတ်က အငြင်းပွားဖွယ် Salute to America အခမ်းအနားများသို့ အချို့ကလည်း မိုင်ထောင်ချီဝေးသည့် တောင်ပိုင်းအာကင်ဆောပြည်နယ်မှ ကားမောင်း လာရောက်ခဲ့ကြပြီး၊...

ယီမင်နှင့် ပင်လယ်ကွေ့ဒေသရေပြင် ထိန်းချုပ်ရန် စစ်ရေးမဟာမိတ်များကို အမေရိကန် စုစည်း

အီရန်နှင့် ယီမင်တစ်ဝိုက်ရှိ ရေပြင်ကို စောင့်ကြပ်နိုင်ရေးအတွက် နိုင်ငံတကာ စစ်ရေး မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုသည်ဟု အမေရိကန် ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦးက ယနေ့ ပြောကြားလိုက်သည်။ မရှိမဖြစ် အရေးပါသော ကုန်သွယ်ရေလမ်းကြောင်းများဖြစ်သည့် အရှေ့အလယ်ပိုင်းရေပြင်တွင် လွတ်လပ်စွာ ရေကြောင်းသွားလာမှုကို...

ပြည်သူ ၂ သန်းကျော် ဆန္ဒပြခဲ့ပြီးနောက် ဟောင်ကောင်ခေါင်းဆောင် ဝန်ချတောင်းပန်

By Myanmar Now 17/06/2019 ဟောင်ကောင်တွင် တနင်္ဂနွေနေ့က ပြည်သူ ၂ သန်းခန့်က လမ်းမများကို ပိတ်ဆို့ကာ အငြင်းပွားဖွယ် တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေမူကြမ်းဖျက်သိမ်းရေးအတွက် ဆန္ဒပြမှုကြီး ပေါ်ပေါက်ခဲ့ပြီးနောက် ဘေဂျင်းအစိုးရဘက်ယိမ်းသည့် ဟောင်ကောင်ခေါင်းဆောင်(အမျိုးသမီးအုပ်ချုပ်ရေးမှူး) ကာရီလမ်က ပြည်သူများကို ဝန်ချတောင်းပန်လိုက်သည်။ ကာရီလမ်က ယခုလို ဟောင်ကောင်တွင် ပဋိပက္ခသဘောမျိုး ဖြစ်ပေါ်နေခြင်းအတွက် ပြည်သူများကို...

အီဂျစ်၏ဖြုတ်ချခံသမ္မတ မော်စီ တရားရုံး၌အစစ်ခံနေစဉ် လဲကျသေဆုံး

17/06/2019 Myanmar Now အီဂျစ် နိုင်ငံ၏ ရွေးကောက်ခံသမ္မတဟောင်း မိုဟာမက် မော်စီသည် ၎င်းကို ရုံးတင်စစ်ဆေးနေသည့် တရားရုံးအတွင်း မူးမေ့လဲကျကာ သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် ရုပ်သံက သတင်းထုတ်ပြန်သည်။ ၂၀၁၃ ခုနှစ်တွင် စစ်တပ်က ဖြုတ်ချခြင်းကို ခံခဲ့ရသည့် မော်စီသည် ယခု ပိတ်ပင်ခံထားရသည့် အစ္စလာမ္မစ် လှုပ်ရှားမှူ "မွတ်စလင်ညီနောင်များအဖွဲ့"...