ဝေဟင်ပိုင်နက်ထိန်းချုပ်မှု စင်္ကာပူထံမှ ပြန်လည်ရယူရန် မလေးရှား စီစဉ်

၁၉၇၄ခုနှစ်မှစ၍ စင်ကာပူနိုင်ငံမှ စီမံထိန်းချုပ်လုပ်ကိုင်ခဲ့သည့် ဝေဟင်ပိုင်နက်ထိန်းချုပ်မှုကို ပြန်လည်လက်လွှဲရယူလိုကြောင်း မလေးရှား ပို့ဆောင်ရေးဝန်ကြီးက ဒီဇင်ဘာလ ၄ရက်နေ့ အင်္ဂါနေ့က ပြောကြားခဲ့သည်။ စင်ကာပူနိုင်ငံသည် မလေးရှားထံမှ ခွင့်ပြုချက်မတောင်းခံပဲ မလေးရှားဝေဟင်ပိုင်နက်အားဖြတ်ကာ ပျံသန်းမည့် လမ်းကြောင်းတစ်ခု အပါအဝင် တာဗိုဂျက်လေယာဉ်နဲ့ စီးပွားဖြစ်သုံးဂျက်လေယာဉ်များ ဆင်းသက်နိုင်ရန်အတွက် ၎င်းရဲ့ ဆယ်လီတာလေဆိပ်ငယ် မှာ လေယာဉ်ဆင်းသက်ရေးကိရိယာစနစ်သစ်တစ်ခုတပ်ဆင်ခဲ့ကြောင်း...

ရေနံဈေးနှုန်း ချုပ်ကိုင်နိုင်ရန် ထုတ်လုပ်မှုလျှော့ချတော့မည်

ရေနံထုတ်လုပ်မှုများကို ဆက်လက် ထိန်းသိမ်းထားရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တိုက်တွန်းခဲ့ချိန်တွင် ရေနံထုတ်လုပ်သည့် နိုင်ငံများအဖွဲ့ အိုပက်နှင့် အခြားနိုင်ငံများက ရေနံဈေးနှုန်းများအား ချုပ်ကိုင်နိုင်ရန်အတွက် ထုတ်လုပ်မှုကို လျှော့ချရန်အတွက် ဆွေးနွေးရန် ဗီယင်နာမြို့၌ ဒီဇင်ဘာ ၆ရက်တွင် တွေ့ဆုံခဲ့ကြသည်။ အိုပက်ရုံးချုပ်၌ နှစ်ရက်ကြာ ပြုလုပ်မည့် ဆွေးနွေးပွဲမတိုင်မီ နိုင်ငံပေါင်း ၂၀...

အိန္ဒိယတွင် မုဒိမ်းကျင့်ရန် ကြိုးစားခဲ့သူများကို ရဲတိုင်မိသည့်အတွက် အရှင်လတ်လတ်မီးရှို့ခံရ

အိန္ဒိယနိုင်ငံတွင် ဒီဇင်ဘာ ၁ ရက်နေ့က အဓမ္မ မုဒိန်းပြုကျင့်ရန် ကြိုးစားခဲ့သူများကို ရဲတပ်ဖွဲ့ထံ တိုင်တန်းခဲ့မိသည့်အတွက် အိန္ဒိယအမျိုးသမီးငယ်တစ်ဦး အရှင်လတ်လတ် မီးရှို့ခံခဲ့ရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဆူတာပူအာဒေသရှိ လယ်ကွင်းတစ်ခု အနီးတွင် အမျိုးသား နှစ်ဦးက အသက်၂၀ အရွယ် မိန်းကလေးကို အဓမ္မ ကျင့်ကြံရန် ကြိုးစားခဲ့ကြောင်း၊...

မြောက်ကိုရီးယားခေါင်းဆောင် ယခုနှစ်အတွင်း တောင်ကိုရီးယားသို့ သွားရောက်နိုင်ခြေ ရှိ

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Unသည် လာမည့်သီတင်းပတ်အနည်းငယ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ လာရောက်နိုင်ခြေရှိနေသေးကြောင်း တောင်ကိုရီးယားသမ္မတ Moon Jae Inမှ ဒီဇင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။ “ယခုနှစ်အတွင်း ဥက္ကဋ္ဌKim Jong Un ဆိုးလ်မြို့ကို လာရောက်နိုင်ခြေ ရှိနေပါတယ်။ ဒါပေမဲ့ ဘယ်အချိန်လာရောက်မလဲ ဆိုတာထက်...

ရဲဝန်ထမ်းများ အဂတိလိုက်စားမှု တိုင်ကြားရန် အရေးပေါ်ဖုန်းလိုင်းတစ်ခု ဖွင့်

ဗီယက်နမ်တွင် ရဲဝန်ထမ်းများ အဂတိလိုက်စားမှု ရှိခဲ့ပါက တိုင်ကြားတင်ပြနိုင်ရန်အတွက် အရေးပေါ်ဖုန်းလိုင်း တစ်ခုကို စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ ဗီယက်နမ်တွင် လာဘ်စားမှုဖြိုခွင်းရန် တင်းကြပ်စွာလုပ်ဆောင်လျက်ရှိပြီး အဂတိလိုက်စားမှုနှင့်ပတ်သက်သော အစိုးရအရာရှိများစွာ ထောင်ဒဏ် ချမှတ်ခံနေရသည်။ ဒေါ်လာ သန်းနှင့်ချီသည့် တရားမဝင် မြေအောက် အွန်လိုင်းလောင်းကစားဝိုင်းတစ်ခုကို ဦးစီးလုပ်ကိုင်နေမှုအတွက် အကြီးတန်းရဲအရာရှိ...

ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားဘက်မှ မီးရထားတစ်စီး မြောက်ကိုရီးယားသို့ ခုတ်မောင်း ဝင်ရောက်

ယခုနှစ်အတွင်း တောင်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်လာသည့်နောက်တွင် မြောက်ကိုရီးယားရှိ အိုဟောင်းပျက်စီးနေသော မီးရထားလမ်းများကို ပြုပြင်ကာ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော်ရထားလမ်း တည်ဆောက်ရန် တောင်ကိုရီးယား အင်ဂျင်နီယာများ လိုက်ပါလာသော မီးရထားသည် နိုဝင်ဘာလ ၃၀ရက်နေ့တွင် ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ ဤသို့...

နျူကလိယ ဖျက်သိမ်းလျှင် ကင်မ်ဂျုံအွန်း၏ ဆန္ဒများ ထရမ့် လိုက်လျောမည်ဟုဆို

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un သာ နျုကလီးယားဖျက်သိမ်းရေးကို လုပ်ဆောင်ပါက ၎င်း၏ဆန္ဒများကို အမေရိကန်သမ္မတ Donald Trumpမှ ခွင့်ပြုပေးလိမ့်မည်ဟု တောင်ကိုရီးယားသမ္မတ Moon Jae In က ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။ G-20 ထိပ်သီးအစည်းအဝေးတွင် Trumpနှင့် တွေ့ဆုံခဲ့ပြီးနောက်...

ကမ္ဘာ့ တန်ကြေးအကြီးဆုံး ကုမ္ပဏီအဖြစ် ၁၅နှစ်အကြာတွင် ပြန် ဦးမော့လာသည့် Microsoft

Microsoft ကုမ္ပဏီသည် I Phone များ ထုတ်လုပ်သည့် Appleကုမ္ပဏီကို ဖြတ်ကျော်ကာ ကမ္ဘာ့တန်ဖိုးအရှိဆုံးကုမ္ပဏီနေရာသို့ ယခု ၁၅ နှစ်အကြာတွင် ပြန်လည် ရောက်ရှိလာခဲ့သည်။ ၎င်း software လုပ်ငန်းကြီး၏ ဈေးကွက်တန်ဖိုးမှာ နိုဝင်ဘာ ၃၀ ရက် သောကြာနေ့က ဒေါ်လာ ၈၅၁ ဘီလျံရှိပြီး...

အမေရိကန်သမ္မတဟောင်း ဘုရှ်၏ ဈာပနကို သမ္မတ ဒေါ်နယ်ထရန့်တက်ရောက်မည်

နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ကျင်းပမည့် အမေရိကန်သမ္မတဟောင်း ဂျော့အိပ်ချ်ဒဗလျူဘုရှ် - စီနီယာ၏ ဈာပနအခမ်းအနားကို သမ္မတ ဒေါ်နယ်ထရန့် တက်ရောက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဒီဇင်ဘာ ၃ရက်တွင် ထုတ်ပြန်ခဲ့သည်။ “သမ္မတကြီးနဲ့ သမ္မတကတော် မယ်လန်နီယာထရန့်တို့ တက်ရောက်လိမ့်မယ်”ဟု ပြန်ကြားရေးဝန်ကြီး ဆာရာဆန်ဒါစ်က ပြောကြားခဲ့သည်။ နိုဝင်ဘာ ၃၀ရက် သောကြာနေ့က ဆုံးပါးသွားသည့်...

မနီလာမြို့ပေါ် ပို့ဆောင်ရေးစနစ်သစ် လူကြိုက်များ ရေပန်းစားနေ

ဖိလစ်နိုင်ငံ မနီလာမြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများကို ကျော်လွှားရန် ရထားသံလမ်းများပေါ်၌ သတ္တုတွန်းလှည်းများဖြင့် ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲလျက်ရှိသော Trolley Boyများ၏ လက်တွန်းလှည်းများမှာ လွန်စွာခေတ်စားလျက် ရှိသည်။ မြို့နေလူထု ၁၂သန်းဝန်းကျင်ရှိသည့် မြို့တော်မနီလာတွင် ဆိုးရွားလှသော ယာဉ်ကြောပိတ်ဆို့မှုများကို ရှောင်ရှားကြရင်း အဆိုပါနည်းဖြင့် လိုရာခရီးသွားကြသူ ဦးရေမှာလည်း တစ်နေ့ထက် တစ်နေ့ တိုးပွားလာနေသည်။ သို့သော်လည်း...