26.5 C
Mawlamyine
Thursday, January 24, 2019

လူသတ်မှုဖြင့် မှားယွင်းထောင်ချခံခဲ့ရသူ နိုင်ငံတော်လျော်ကြေး ရ

လူသတ်သည်ဟူသော စွပ်စွဲချက်ဖြင့် မှားယွင်းထောင်ဒဏ်ချခံခဲ့ရသော တရုတ်အမျိုးသားတစ်ဦးသည်  နိုင်ငံတော် လျော်ကြေးငွေ ယွမ် ၄.၆ သန်း ဇန်နဝါရီ ၇ရက်တွင် လက်ခံရရှိခဲ့သည်။ ယခု လက်ရှိ အသက် ၅၀ အရွယ်ရှိပြီဖြစ်သည့် လျူချောင်လင်သည်  လျောင်ယွမ်ခရိုင် ပြည်သူ့တရားရုံးမှ ချမှတ်လိုက်သော လျော်ကြေးကို ရရှိခဲ့ခြင်း ဖြစ်သည်။ ၁၉၉၀ အောက်တိုဘာလတွင်...

အာဏာရပါတီအား မဲပေးသူ မိန်းကလေးကို အတိုက်အခံပါတီဝင်က မုဒိန်းကျင့်

အမျိုးသမီးတစ်ဦးကို အုပ်စုလိုက် မုဒိန်းကျင့်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမျိုးသား ၁၀ဦးအား ဘင်္ဂလားဒေ့ရှ်ရဲက ဇန်နဝါရီ ၇ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ၎င်း ၁၀ဦးထဲတွင် လောလောလတ်လတ် မဲရှုံးထားသော အတိုက်အခံပါတီဝင်တစ်ဦးဖြစ်သူ ရူဟူး အာမင်း ပါဝင်ပြီး ယင်းက ဦးဆောင် မုဒိန်းကျင့်ခဲ့ခြင်းဟု ဆို၏။ ဒီဇင်ဘာ လကုန်ပိုင်းက...

ဂျာမန် ဆယ်လီ အကောင့် တစ်ရာကျော် အဟက်ခံရ

ဂျာမန်နိုင်ငံရေးသမားများ၊ အနုပညာရှင်များအပါအဝင် လူသိများ ထင်ရှား ကျော်ကြားသူတို့၏ ကိုယ်ရေးအချက်အလက်များ ဆိုရှယ်မီဒီယာ တွစ်တာတွင် ဇန်နဝါရီ ၃ရက်က ပေါက်ကြားခဲ့သည်။ ယင်းဖြစ်စဉ်မှာ ဂျာမနီနိုင်ငံတွင် အကြီးဆုံး နည်းပညာလစ်ဟာမှုအဖြစ် ပြောစမှတ် တွင်ခဲ့ပြီး အရေအတွက် ရာဂဏန်းချီသော ကျော်ကြားသူတို့၏ ကိုယ်ရေးအချက်အလက်နှင့် အတွေးရေးကိစ္စများကို တွစ်တာ အကောင့်တစ်ခုက ထိုးဖောက်ဝင်ရောက်(Hack)ကာ...

တရုတ်တွင် အဖမ်းခံရသူ ကနေဒါနိုင်ငံသား ၁၃ဦးထိ ရှိခဲ့

တရုတ်နိုင်ငံတွင် အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်သည့် ဟွာဝေး၏ အမှုဆောင်ချုပ် မုန့်ဝမ်ကျိုးကို ကနေဒါနိုင်ငံက အကျယ်ချုပ် ထိန်းသိမ်းထားခဲ့ပြီးနောက် အပြန်အလှန်အနေနှင့် တရုတ်နိုင်ငံကလည်း ကနေဒါနိုင်ငံသား ၁၃ဦးကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးအရေးယူခဲ့သည်။ ပြစ်မှုများအရ ဖမ်းရပါသည်ဟု တရုတ်ဘက်က မည်သို့ပင် ငြင်းဆိုစေကာမူ မုန့်ဝမ်ကျိုး အဖမ်းခံရသည့်ကိစ္စနှင့် စပ်လျဉ်းနေသည့် နိုင်ငံရေးလှည့်ကွက်ဟု...

သမီးငယ်ကို သေသည်အထိ ပစ်ထားခဲ့သူ နှစ်ဦး ထောင်ဒဏ် ကျခံရဖွယ် ရှိ

လောရန်ဝိတ်အမည်ရှိ သမီးငယ်လေးသည် အသက် ၂နှစ်အရွယ်တွင် ဆုံးပါးသွားခဲ့ရပြီး အကြောင်းရင်းမှာ အစာရေစာပြတ်လတ်၍ဖြစ်ကာ အသက်မဆုံးရှုံးမီ နေထိုင်ခဲ့ရသည့် အခြေအနေမှာ အလွန်ပင်ဆိုးဝါးလှကြောင်း၊ သူ့တစ်သက်တွင် ထိုမျှ ဆိုးရွားသည့် အနေအထားမျိုး မတွေ့ဖူးကြောင်း စုံစမ်း စစ်ဆေးရေးအရာရှိက ဆိုသည်။ ထိုကဲ့သို့ အခြေအနေရောက်အောင် ပစ်ထားသည့် မိဘနှစ်ဦးမှာ ထောင်ဒဏ်ကျခံရမည့် အနေအထားရှိနေသည်။ အလုပ်လက်မဲ့ဖြစ်နေသော...

အသတ်ခံရသည့် သားအတွက် အမေရိကန် မိဘနှစ်ဦး မြောက်ကိုရီးယားထံ နစ်နာကြေးတောင်း

အမေရိကန် ကောလိပ်ကျောင်းသား ၂၂ နှစ် အရွယ် အော်တိုဝမ်ဘီယာ အသတ်ခံရမှုအတွက် မြောက်ကိုရီးယားအစိုးရကို ယခုနှစ်တွင် အမှုဖွင့်ခဲ့သည့် သူ့မိဘများက ယခုအခါ နစ်နာကြေး ဒေါ်လာ တစ် ဘီလျံကျော် တောင်းဆိုခဲ့သည်။ အိုဟိုင်းယိုးပြည်နယ်၊ ဝိုင်ယိုမင်းမြို့တွင် နေထိုင်သည့် ဖရက်နှင့် စင်ဒီဝမ်ဘီယာ တို့က ဧပြီတွင် ဝါရှင်တန်ရှိ...

တန်ကြေး ပေါင်၁၀သန်းရှိ မူးယစ်ဆေးဝါးများ ဗြိတိန်ရေတပ် ဖမ်းမိ

ပင်လယ်ကွေ့တွင် စံချိန်တင်ဖမ်းဆီးမှုအဖြစ်တန်ကြေးပေါင် ၁၀ သန်းရှိသော မူးယစ်ဆေးဝါး၁၀ တန်ကို ဖမ်းဆီးမိခဲ့ကြောင်း ဗြိတိန်ရေတပ်က ဒီဇင်ဘာ၂၀ရက်တွင် ထုတ်ပြန်သည်။ “ဒါဟာ ကျွန်တော်တို့ရဲ့လမ်းတွေပေါ်ကို ဒီလိုမူးယစ်ဆေးတွေကို ပို့ဆောင်ဖို့ကြိုးစားတဲ့ ရာဇဝတ်ကောင်တွေရဲ့ငွေတွေ သိသိသာသာလျော့သွားအောင် လုပ်လိုက်တာဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ဂါဗင်ဝီလျံဆန်က ပြောသည်။   မူးယစ်ဆေး မှောင်ခိုလမ်းကြောင်းအဖြစ် နာမည်ကြီးသော Hash Highway...

၁၃ နှစ်အရွယ် မိန်းကလေးကို ကားထဲတွင် အဓမ္မပြုကျင့်ကာ ဗီဒီယိုရိုက်ခဲ့သော ရဲအရာရှိ ထောင်ဒဏ် ၂၅ နှစ်ချမှတ်ခံရ

ကလေးငယ်များအပေါ် ကျူးလွန်လိုစိတ်ရှိသည့် ကလေး မုဒိမ်းသမား ရဲအရာရှိတစ်ယောက်ကို ထောင်ဒဏ် ၂၅ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။ အသက်၃၀ နှစ်အရွယ် အီယန် နော့ဒ်သည် ကျောင်းသားရဲအရာရှိအဖြစ်တာဝန်ထမ်းဆောင်နေစဉ် အသက် ၁၃နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့မှုအတွက် အပြစ်ရှိကြောင်းတရားရုံးက ဆုံးဖြတ်လိုက်သည်။ လီပါပူးမြို့တရားရုံးက ပြစ်မှု ပေါင်း ၃၇ မှု ကျူးလွန်ထားသည့်...

ငါးနှစ်သား ကလေးကို အစာမကျွေးဘဲ ပိတ်လှောင်ထားသည့် မိထွေး ထောင်ဒဏ်၂၈နှစ် ချခံရ

အမေရိကန်နိုင်ငံတွင် လင်ပါသားကို ညှဉ်းပမ်းနှိပ်စက်မှုဖြင့် အမျိုးသမီးတစ်ဦးကို ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခံခဲ့ရကြောင်း သိရသည်။ တမ်မီဘလိမ်မဲယာဟုခေါ်သော အသက် ၂၇ နှစ်အရွယ် အဆိုပါ အမျိုးသမီးသည် လင်ပါသားဖြစ်သူ ဂျော်ဒန် ဘလိမ်မဲယာကို လှေကား၏ အောက်က အခန်းတွင် အိပ်စက်စေခဲ့သည်။ အဆိုပါ အခန်းထဲတွင်...

ထိုင်း – မြန်မာ နယ်စပ်တွင် မူးယစ်ဆေးပြား ၁၅သန်း ဖမ်းဆီးရမိ

ကြာသပတေးနေ့ညပိုင်းတွင် မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်အနီး ချင်းရိုင်ပြည်နယ်တွင် မူးယစ်ဆေးကုန်ကူးသူတစ်ဦးကို ထိုင်းရဲများမှ အသေပစ်သတ်ခဲ့ပြီး ထိုင်းဘတ် ဘီလျံချီတန်ဖိုးရှိသည့် မက်သမ်ဖက်တမင်း ဆေးပြား၁၅ သန်းကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အသက် ၃၁ နှစ်အရွယ် မူးယစ်ဆေးကုန်ကူးသူတစ်ဦး မောင်းနှင်လာသည့် ကုန်တင်ကားအတွင်းမှ ဖော်စပ်ထုတ်လုပ်ထားတဲ့ အဆိုပါမူးယစ်ဆေးတွေကို NSB အဖွဲ့ဝင်တွေက...
- Advertisement -

Latest article

ဒဏ်ကြေးကို တရားရုံးတွင် မဆောင်ခိုင်းဘဲ ပြင်ပတွင် တောင်းခံပါက တိုင်ကြားနိုင်ဟု ပြည်နယ်ဝန်ကြီးပြော

မော်လမြိုင် ဇန်နဝါရီ ၂၂ မွန်ပြည်နယ်ရှိ မြို့နယ်များတွင် ရက် ၁၀၀ လင်းယုန်စီမံချက်ဖြင့် စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီး အရေးယူလျက်ရှိရာ ဝန်ထမ်းများက ဒဏ်ကြေးငွေကို တရားရုံးသို့ မဆောင်ခိုင်းဘဲ ပြင်ပတွင် တောင်းခံပါက တိုင်ကြားနိုင်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောကြားသည်။ လင်းယုန်စီမံချက်နှင့် ပတ်သက်သည့်...

နတ်ရုပ် အသစ်လဲ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ခုနစ်ဦး အတိုင်ခံရ

ထားဝယ် ဇန်နဝါရီ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ရပ်ကွက်မှ နတ်ကွန်းတစ်ခုရှိ ရွာပိုင်ဘိုးဘိုးရုပ်တုကို ဖယ်ရှားပြီး ရုပ်တုသစ် အစားထိုးလဲလှယ်ခြင်းကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဇော်အောင် အပါအဝင် ခုနစ်ဦးအား အမှုဖွင့်ပေးရန် မူလရုပ်တုအလှူရှင်ဆိုသူက သရက်ချောင်းမြို့မရဲစခန်းတွင် ဇန်နဝါရီ ၁၅ ရက်က တိုင်ကြားခဲ့ကြောင်း သိရသည်။ မူလရုပ်တုကို ဇန်နဝါရီ ၁၃ ရက်တွင်...

အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

မော်လမြိုင် ဇန်နဝါရီ ၂၃ မော်လမြိုင်မြို့ သာယာအေးရပ်ကွက် လှိုင်ရွှေဝါလမ်းတွင် လူမနေသည့် အိမ်တစ်အိမ်အတွင်း၌ အမျိုးသားတစ်ဦး အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဇန်နဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖော်ပြပါအိမ်ရှေ့ ဝရံတာထုတ်တန်းနှင့် နှစ်ပေခန့်အကွာတွင် နိုင်လွန်ကြိုးအရှည် ၃ ပေကျော်ခန့်ဖြင့် အမျိုးသားတစ်ဦး ကြိုးဆွဲချ...
- Advertisement -