19.9 C
Mawlamyine
Saturday, January 25, 2020

အဂတိမှုဖြင့် တရားစွဲထားသော FDA ညွှန်ချုပ်ဟောင်းအမှု အထူးအယူခံခွင့်တောင်းခံ

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ်ဟောင်းဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က တရားစွဲဆိုထားရာတွင် တရားရုံးက အမှုတစ်ခုအတွက်သာ စွဲချက်တင်ခဲ့၍ တရားလိုဘက်မှ လိုက်ပါ‌ဆောင်ရွက်သည့် ဥပဒေအရာရှိက အထူးအယူခံခွင့် တောင်းခံထားသည်။ ဒေါက်တာသန်းထွဋ်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ အဆောက်အအုံအချို့ ဆောက်လုပ်ရန် တင်ဒါအောင်မြင်သည့် ပြည်တွင်းကုမ္ပဏီ တစ်ခုထံမှ လာဘ်အဖြစ်...

အောင်ရဲထွေးအမှုတွင် ပြန်ခေါ်သက်သေ ၁၀ ဦးလုံးစစ်ပြီးမှ တရားခွင်ကာလကိုသတ်မှတ်နိုင်မည်ဟုဆို

စွပ်စွဲခံရသူသုံးဦးကို လူသတ်မှုမှ အပြင်းအထန်နာကျင်စေမှုသို့ ပုဒ်မပြောင်းလဲလိုက်သည့်နောက်တွင် ၎င်းတို့က ပြန်လည်ခေါ်ယူစေချင်သည့် တရားလိုပြသက်သေ ၁၀ ဦးအနက်မှ နှစ်ဦးကို စစ်ဆေးပြီးဖြစ်သည်။ ခင်မို့မို့လွင် Myanmar Now လွန်ခဲ့သည့်နှစ်နှစ် နှစ်သစ်ကူးညက ဟာသသရုပ်ဆောင်တစ်ဦး သေဆုံးခဲ့သည့်အမှုတွင် စွပ်စွဲခံရသူသုံးဦးဘက်က ပြန်လည်စစ်ဆေးစေချင်သည့် တရားလိုပြ သက်သေအားလုံးကို စစ်ပြီးမှသာ အမှုစစ်မည့်ကြာချိန်ကာလကို သတ်မှတ်နိုင်မည်ဟု ဆိုင်ရာတရားရုံးပြန်ကြားရေးအရာရှိက...

လုံခြုံရေးကြောင့် ပလက်ဝတွင် အစိုးရဝန်ထမ်း ၂၀၀ကျော် နုတ်ထွက်စာတင်ထားဟု ချင်းအစိုးရပြော

ရက္ခိုင့်တပ်တော်အဖွဲ့ AA သည် ဝန်ထမ်းနှင့် အရပ်သား ၁၈၀ ခန့်ကို "ခြိမ်းခြောက်" ထားသည်ဟု ပြည်နယ် ဝန်ကြီးက ပြောသော်လည်း စစ်ဘက်နှင့်မပတ်သက်သူများကို မခြိမ်းခြောက်ဟု AA ကပြောသည်။ အောင်ငြိမ်းချမ်း Myanmar Now တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်...

ရခိုင်အရေးတွင် ရာဇဝတ်မှုကျူးလွန်သူများအား တရားစွဲရန်သဘောတူဟု သမ္မတရုံးကြေညာ

ရခိုင်အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်း၊ စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ရန်နှင့် အထောက်အထား ခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်သွားရန် သဘောတူသည်ဟု နိုင်ငံတော်သမ္မတရုံးက ယနေ့ (ဇန်နဝါရီ ၂၁ရက်) တွင် သတင်းထုတ်ပြန်လိုက်သည်။ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ...

နှစ်လကျော်ကြာဖမ်းထားသည့် NLD အမတ်ကို AA ပြန်လွှတ်ပေး

ရက္ခိုင့်တပ်တော်အား သိက္ခာကျအောင် လုပ်ကြံရေးသားခြင်း၊ မြန်မာစစ်တပ်၏ ဝါဒဖြန့်အရေးအသားများကို ထပ်ဆင့်ဖြန့်ဝေခြင်းစသည့် စွပ်စွဲချက်များဖြင့်NLD အမတ်ဦးဝှေ့တင်းအား AA က နှစ်လ နှင့် ၁၈ ရက်ကြာ ဖမ်းထားခဲ့သည်။ NLD အမတ် ဦးဝှေ့တင်းအား နှစ်လနီးပါးကြာ ဖမ်းဆီးထားခဲ့ပြီးနောက် ယနေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဟု ရက္ခိုင့်တပ်တော် (AA) က...

YBS တွင် ကတ်စနစ်ဖြင့် ငွေပေးချေမည့်အစီအစဉ်ကို မှန်းထားသည့်ရက်တွင် မစနိုင်သေး

ကတ်စနစ် စတင်မည့်ရက်သည် မကြာခဏ အပြောင်းအလဲ ဖြစ်ခဲ့သော်လည်း ကားအစီးရေ ၁၅၀၀ ကို စက်တပ်ဆင်ပြီးဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် ဘတ်စ်ကားလိုင်းများကို စီးနင်းရာတွင် ယာဉ်စီးခကို ကတ်ဖြင့်ငွေပေးချေနိုင်သည့် Yangon Payment Service (YPS) စနစ်ကို ယနေ့ (ဇန်နဝါရီလ ၁၆...

ရုပ်သံဖိုင်ပါ ရိုက်နှက်နေသူများကို စုံစမ်းအရေးယူသွားမည်ဟု AA ဆို

ခြောက်မိနစ်ကျော်ကြာသည့် ရုပ်သံဖိုင်တွင် ဈေးသည်ဟု ယူဆရသည့် ဗမာစကားပြော အမျိုးသားနှစ်ဦးထဲမှ တစ်ဦးကို ရခိုင်စကားပြော အရပ်ဝတ်လူတစ်စုက စစ်မေးနေပြီး ရိုက်နှက်နေပုံတို့ကို မှတ်တမ်းတင်ထားသည်။ ဗမာစကားပြော လူငယ်အမျိုးသားတစ်ဦးကို ရခိုင်စကားပြောလူတစ်စုက ကြိုးတုပ်ကာ ရိုက်နှက်စစ်မေးနေသည့် ရုပ်သံဖိုင်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးကာ ကျူးလွန်သူများကို အရေးယူသွားမည်ဟု ရက္ခိုင့်တပ်တော် (AA) ၏...

ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်နီလူငယ်များဆွေးနွေးပွဲ ဗိုလ်ချုပ်ကြေးရုပ်အရေးပါဝင်မည်

ဗိုလ်ချုပ်ကြေးရုပ်အရေးအပြင် တပ်မတော်ကတရားစွဲထားသော တောင်သူများအရေးကိုလည်း ယင်းဆွေးနွေးပွဲတွင် အဓိကထားပြောဆိုမည်ဟု တွေ့ဆုံရာတွင်ပါမည့် ကရင်နီလူငယ်များကဆိုသည်။ ဒေသခံအချို့က ကာလရှည်ကြာ ကန့်ကွက်နေခဲ့သည့် ကယားပြည်နယ် လွိုင်ကော်မြို့လယ်မှ ဗိုလ်ချုပ်ကြေးရုပ် အရေးအပါအဝင် ဒေသတွင်းမှ အခြေအနေများကို ဒေါ်အောင်ဆန်းစုကြည် နှင့် ကရင်နီလူငယ်များ လွိုင်ကော်မြို့တွင် ယနေ့နေ့လယ်ပိုင်း၌ ဆွေးနွေးကြမည်ဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၆၈)...

ရသေ့တောင်တွင် စစ်ပွဲတွင်း ပိတ်မိနေသည့် ရွာသား ၃၀ ကျော်ကို ကယ်တင်နိုင်

AA တပ်ဖွဲ့ဝင်များရှိသည်ဆိုသော သံသယဖြင့် တပ်မတော်စစ်ကြောင်းက ညောင်ပင်လှရွာအတွင်းသို့ ဝင်လာပြီးနောက် မတိမ်းရှောင်နိုင်ဘဲ ကျန်နေသည့် ရွာသားများကို ကယ်ဆယ်ခွင့် ရခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာအတွင်း ၅ ရက်ခန့် ပိတ်မိနေခဲ့သည့် ရသေ့တောင်မြို့နယ်မှ ရွာသား ၃၂ ယောက်ကို ယနေ့မနက်ပိုင်းတွင် စက်လှေဖြင့် သွားရောက်ခေါ်ဆောင်နိုင်ခဲ့သည်ဟု ဒေသခံ လူမှုကူညီရေးအသင်းတစ်သင်းက...

လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ သုံးပွင့်ဆိုင်ဆွေးနွေးရန် အတိုင်ပင်ခံပြော

တွေ့မည်အချိန်မသိရသေးသော်လည်း ကရင်နီလူငယ်များနှင့်တွေ့မည့်အထဲတွင် ပြည်နယ် အစိုးရအရာရှိများနှင့် တိုင်းရင်းသားရေးရာဒုဝန်ကြီးတို့ ပါဝင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသွားသည်။ ကန့်ကွက်ခံနေရသည့် ကယားပြည်နယ် လွိုင်ကော်မြို့လယ်မှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အရေး ပြည်ထောင်စုအဆင့် အစိုးရအရာရှိများနှင့် ဆွေးနွေးအဖြေရှာရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ကရင်နီလူငယ်များ ဇန်နဝါရီလ ၁၅ ရက် ယနေ့တွင် သဘောတူခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၆၈...