26.5 C
Mawlamyine
Thursday, January 24, 2019

ငွေတောင်းခံသည်ဆိုခြင်း မုဒုံဆေးရုံ ပြန်ရှင်း

မော်လမြိုင်၊ အောက်တိုဘာ မုဒုံမြို့နယ် ဆေးရုံတွင် ဆေးရုံတက်ရောက်လာသော လူနာများထံမှ ငွေကြေးတောင်းခံမှုများရှိနေသည်ဟူသော ကိစ္စရပ်အတွက် ဆေးရုံတာဝန်ရှိသူများက စက်တင်ဘာ ၂၅ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ၎င်းတို့ဆေးရုံသည် ဆင်းရဲနွမ်းပါးသောလူနာများအတွက် လူနာစောင့်မရှိပါက တစ်ရက် ၅ဝဝဝ ကျပ်နှုန်းဖြင့် လူနာစောင့်ငှားရမ်းပေးကာ အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း မုဒုံမြို့နယ်ကုသရေး ဦးစီးမှူးဒေါက်တာမြင့်သိန်းဦးက ပြောကြားသည်။ “ဒီဆေးရုံရောက်လို့ ကျွန်တော်တို့ဂရုမစိုက်လို့...

မုဒုံ ဝင်းဖနုံဆည် ကြံ့ခိုင်မှုကောင်း၍ စိုးရိမ်စရာ မရှိဟု ဝန်ကြီးချုပ် ပြော

မော်လမြိုင်၊ ဇွန် မုဒုံမြို့နယ် အဘစ်ကျေးရွာ အနီးရှိ ဝင်းဖနုံဆည်၏ ကြံ့ခိုင်မှု အခြေအနေကို ပြည်ထောင်စုမှ ပညာရှင်များဖြင့် စစ်ဆေးထားပြီးဖြစ်၍ စိုးရိမ်စရာ မရှိတော့ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ဇွန် ၂၀ ရက်တွင် သတင်းမီဒီယာများကို ပြောဆိုလိုက်သည်။ ဇွန် ၁၈ ရက် လူမှုကွန်ရက်...

ကျိုက်မရောနှင့် ချောင်းဆုံမြို့နယ်ကို အခွန်ကင်းလွတ်ဇုန် (၁) အဖြစ် သတ်မှတ်ထား

မော်လမြိုင်၊ စက်တင်ဘာ ဖွံ့ဖြိုးမှုနည်းပါးသည့်ဒေသများတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် ရည်ရွယ်၍ မွန်ပြည်နယ်အတွင်းမှ ကျိုက်မရောနှင့် ချောင်းဆုံမြို့နယ်ကို အခွန်ကင်းလွတ်ဇုန်(၁)အဖြစ် သတ်မှတ်ထားကြောင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်းဦးက ပြောကြားသည်။ “အဓိကကတော့ ဖွံ့ဖြိုးမှု နည်းနေသေးတဲ့ ဒေသတွေမှာ စီးပွားရေး လုပ်ငန်းတွေ တွင်တွင်ကျယ်ကျယ် လုပ်လာဖို့ မြန်မာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်...

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နုတ်ထွက်ပေးရန် ဒေသခံများ ဆန္ဒထုတ်ဖော်

မုဒုံ၊ စက်တင်ဘာ ၂၁ မုဒုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်ကို နုတ်ထွက်ပေးရန် ဒေသခံပြည်သူများက စက်တင်ဘာ ၂၁ ရက် နံနက် ၈ နာရီခွဲက ဆန္ဒထုတ်ဖော်ခဲ့ကြောင်း မှိန်ဂနိမ်းကျေးရွာခံများက ဆိုသည်။ မှိန်ဂနိမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကို တာဝန်မှ ရပ်စဲခြင်းအပေါ် မကျေနပ်ခြင်းကြောင့်...

ကျိုက်မရောခုနစ်ခွေလမ်းမှ အကွေ့များကို ပြေလျော့သွားအောင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိကြောင်း စည်ပင်ဝန်ကြီးဆို

မော်လမြိုင်၊ စက်တင်ဘာ ၅ ကျိုက်မရော-မုဒုံ၊ ခုနစ်ခွေလမ်းမှ လမ်းချိုးလမ်းကွေ့များကို ပြေလျော့သွားအောင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားခဲ့သည်။ ကျိုက်မရောမြို့နယ်ဘက်ရှိ ပထမအကွေ့မှာ ဧရိယာကျဉ်းမြောင်းကာ အကွေ့ကျဉ်းပြီး ကားကြီးများကွေ့ရန် ခက်ခဲနေခြင်း၊ ဒုတိယအကွေ့မှာ S ပုံသဏ္ဍာန်ဖြင့် အကွေ့ချင်း နီးကပ်စွာရှိနေသောကြောင့် ၎င်းအကွေ့နှစ်ခုအား...

မုဒုံ၌ရေနံနှင့် သဘာဝဓာတ်ငွေ့ထောက်ပံ့ရေး အခြေစိုက်စခန်း တည်ဆောက်မည်

မော်လမြိုင်၊ ဇူလိုင် မွန်ပြည်နယ် မုဒုံမြို့နယ် ဝဲကလိ ကျေးရွာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ထောက်ပံ့ရေး အခြေစိုက်စခန်း တည်ဆောက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ စီမံကိန်းတည်ဆောက်ရေးကို ဇူလိုင် ၁၁ ရက်က နေပြည်တော်တွင် ကျင်းပသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ စွမ်းအင်ကဏ္ဍကို တစ်စိတ် တစ်ပိုင်း အထောက်အပံ့ပေးနိုင်မည်ဖြစ်ကြောင်း...

မုဒုံမြို့နယ်တွင် ခရီးသည်တင် မှန်လုံယာဉ်မောင်း တစ်ဦးထံမှ မူးယစ်ဆေးပြား ၄ဝဝဝ ကျော် ဖမ်းဆီးရရှိ

မုဒုံမြို့နယ်၊ ကျောက်တစ်လုံး ဘုရားအနီး၊ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းဘေးတွင် ရပ်ထားသော အဖြူရောင် မီနီဘတ်စ် ဟံသာစတားခရီးသည်တင် မှန်လုံယာဉ်အား မေ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီက စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ ဦးလှသောင်းထံမှ စိတ်ကြွမူးယစ်းဆေးပြား ၄ဝဝဝ ကျော်ကို ဖမ်းဆီး ရရှိခဲ့ကြောင်း...

ယက္ကန်းယက်တတ်သူများ ရှားပါးလာသဖြင့် မုဒုံယက္ကန်းစောင်လုပ်ငန်းများ နည်းပါးလာ

မော်လမြိုင်၊ နိုဝင်ဘာ ။ ။ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျိုက်ရွဲ့ကျေးရွာရှိ ယက္ကန်းစောင်လုပ်ငန်းများမှာ ယက္ကန်းယက်တတ်သူများ ရှားပါလာသောကြောင့် ယက္ကန်းစောင်လုပ်ငန်းများ နည်းပါးနေပြီးဖြစ်ကြောင်း ယက္ကန်းစောင်လုပ်ငန်း လုပ်ကိုင်နေသူ ဒေါ်ငွေစိန်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။ “ယက္ကန်းယက်တတ်တဲ့သူတွေက မရှိတော့ဘူးလေ၊...

မုဒုံမြို့မဈေးကိုအဆင့်မီဈေးအဖြစ် ပြောင်းလဲဆောက်လုပ်ရန် ဈေးသူ၊ဈေးသားများနှင့်ညှိနှိုင်း

မွန်ပြည်နယ်၊ မုဒုံမြို့ရှိ၊ မြို့မဈေးကိုအဆင့်မီဈေးအဖြစ်ပြောင်းလဲတည်ဆောက်ရန် မုဒုံမြို့နယ် စည်ပင်သာယာရေးကော်မတီကဦးဆောင်ပြီးဈေးသူ၊ဈေးသားများနှင့်ဇုူလိုင်လနှင့် ယခုလဆန်းပိုင်းအတွင်းတွေ့ဆုံညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်းမုဒုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးထံမှ သိရသည်။ မုဒုံမြို့မဈေးမှာပျက်စီးလာ၍ အရောင်းအဝယ်မကောင်းတော့ကြောင်းဈေးသူ၊ဈေးသားများကပြောဆိုလာသောကြောင့် မြို့နယ်စည်ပင်သာယာရေးကော်မတီကအဆင့်မီဈေးအဖြစ်ပြောင်းလဲတည်ဆောက်ပေးရန် တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်ပြီးဆောက်လုပ်ခြင်းရှိ၊မရှိမှာမသေချာသေးကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ "လောလောဆယ်မှာဆွေးနွေးတုန်းပဲရှိသေးတယ်၊ ဆောက်ဖြစ်လားမဆောက်ဖြစ်လားအတိအကျ အဖြေမရသေးဘူး၊ သဘောတူညီချက်လည်း မရသေးလို့ မပြောတတ်သေးဘူး"ဟု ၎င်းကရှင်းပြသည်။ တွေ့ဆုံညှိနှိုင်းရာတွင် ဈေးသူ၊ဈေးသားအားလုံးမလာရောက်သေးသည့်အတွက် အဆင့်မီဈေးအဖြစ် ဆောက်လုပ်ခြင်းရှိ၊မရှိမှာမူမသေချာသေးဘဲဈေးသူ၊ဈေးသားများကသဘောတူညီမှသာပြောင်းလဲဆောက်လုပ်မည်ဖြစ် ကြောင်း ၎င်းက...

မုဒုံကန်ကြီးနှင့် ဂျူံးဂျူံးကျရေတံခွန်တွင် အရက်သေစာသောက်စားသူများကိုအရေးယူမည်

မွန်ပြည်နယ်၊ မုဒုံမြို့တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများလာရောက်လျက်ရှိသည့် မုဒုံကန်ကြီးပရဝဏ် ပတ်ပတ်လည်နှင့် ဂျံဴးဂျံဴးကျရေတံခွန်တို့တွင် အရက်သေစာသောက်စားခြင်းများ ပြုလုပ်ပါကဥပဒေနှင့်အညီအရေးယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်းမုဒုံမြို့မရဲစခန်းမှ ဒုရဲအုပ် စိုးမင်းအောင်ကဟင်္သာမီဒီယာသို့ ပြောကြားသည်။ ထိုနေရာများတွင် လူငယ်အများစုကအရက်သေစာများဝိုင်းဖွဲ့သောက်စားမူးယစ်နေခြင်းသည် ဘုရားဖူးလာရောက်သူများနှင့် ကန်ကြီးရေကန် ပတ်လမ်းတွင် လမ်းလျှောက်သူများအတွက် အနှောင့်အယှက်များ ဖြစ်ပေါ်စေကြောင်းမုဒုံကန်ကြီးဂေါပကအဖွဲ့မှ ယာယီဥက္ကဋ္ဌ ဦးရွှေသိန်းကဆိုသည်။ မုဒုံကန်ကြီးနှင့် ဂျံဴးဂျံဴးကျ ရေတံခွန်တို့တွင်...
- Advertisement -

Latest article

ဒဏ်ကြေးကို တရားရုံးတွင် မဆောင်ခိုင်းဘဲ ပြင်ပတွင် တောင်းခံပါက တိုင်ကြားနိုင်ဟု ပြည်နယ်ဝန်ကြီးပြော

မော်လမြိုင် ဇန်နဝါရီ ၂၂ မွန်ပြည်နယ်ရှိ မြို့နယ်များတွင် ရက် ၁၀၀ လင်းယုန်စီမံချက်ဖြင့် စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီး အရေးယူလျက်ရှိရာ ဝန်ထမ်းများက ဒဏ်ကြေးငွေကို တရားရုံးသို့ မဆောင်ခိုင်းဘဲ ပြင်ပတွင် တောင်းခံပါက တိုင်ကြားနိုင်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောကြားသည်။ လင်းယုန်စီမံချက်နှင့် ပတ်သက်သည့်...

နတ်ရုပ် အသစ်လဲ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ခုနစ်ဦး အတိုင်ခံရ

ထားဝယ် ဇန်နဝါရီ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ရပ်ကွက်မှ နတ်ကွန်းတစ်ခုရှိ ရွာပိုင်ဘိုးဘိုးရုပ်တုကို ဖယ်ရှားပြီး ရုပ်တုသစ် အစားထိုးလဲလှယ်ခြင်းကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဇော်အောင် အပါအဝင် ခုနစ်ဦးအား အမှုဖွင့်ပေးရန် မူလရုပ်တုအလှူရှင်ဆိုသူက သရက်ချောင်းမြို့မရဲစခန်းတွင် ဇန်နဝါရီ ၁၅ ရက်က တိုင်ကြားခဲ့ကြောင်း သိရသည်။ မူလရုပ်တုကို ဇန်နဝါရီ ၁၃ ရက်တွင်...

အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

မော်လမြိုင် ဇန်နဝါရီ ၂၃ မော်လမြိုင်မြို့ သာယာအေးရပ်ကွက် လှိုင်ရွှေဝါလမ်းတွင် လူမနေသည့် အိမ်တစ်အိမ်အတွင်း၌ အမျိုးသားတစ်ဦး အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဇန်နဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖော်ပြပါအိမ်ရှေ့ ဝရံတာထုတ်တန်းနှင့် နှစ်ပေခန့်အကွာတွင် နိုင်လွန်ကြိုးအရှည် ၃ ပေကျော်ခန့်ဖြင့် အမျိုးသားတစ်ဦး ကြိုးဆွဲချ...
- Advertisement -