ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုသိရှိနိုင်ရေး သတင်းသင်တန်းပေး

မော်လမြိုင် မတ် မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်၊ သတင်းအင်္ဂါရပ်နှင့် အညီ စိတ်ဝင်စားဖွယ် ရေးသားနိုင်ရန် ရည်ရွယ်၍ သတင်းနှင့်ပြန်ကြားရေးဆိုင်ရာဆင့်ပွားသင်တန်းကို မတ်လ ၂ ရက်က ပြည်နယ်ကျေးလက်ဦးစီးဌာနရုံးခန်းမတွင ်ပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် ယင်းဌာနပြည်နယ်ညွှန်ကြားရေးမှူး ဦးစိုးမောင်က ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်ပြီး ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ပြသည့်အခါတွင်...

နွေရာသီ ကရင်စာပေနှင့်စကားပြောသင်တန်း ဖွင့်လှစ်

မော်လမြိုင် မတ် မော်လမြိုင်မြို့နေ ကရင်တိုင်းရင်းသားများအတွက် ကရင်စာပေနှင့် ကရင်စကားပြောသင်တန်းကို မတ်လ ၇ရက်မှ ၃၁ရက်အထိ လှိုင်ရပ်ကွက်ရှိ ကော့လှာကျောင်းတိုက်တွင် ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ “မော်လမြိုင်မှာ နေပေမယ့် မိဘတွေကတော့ ကရင်လူမျိုးတွေပဲ၊ ဒါပေမဲ့ လူငယ်တွေကြတော့ ကရင်စကား မပြောတတ်ကြဘူး၊ တဖြည်းဖြည်းနဲ့ အဲဒီလိုလူငယ်တွေများလာရင် ဘာသာစကားပျောက်ကွယ်သွားမှာ စိုးရိမ်ရတယ်၊...

ရွှေဈေး ပြန်ကျ

မော်လမြိုင် မတ် ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစ၍ မွန်ပြည်နယ်တွင် ရွှေဈေး မငြိမ်မသက်ဖြစ်ခဲ့ပြီး ယခု သီတင်းပတ်တွင် ရွှေဈေးများ ပြန်လည်ကျဆင်းနေကြောင်း မော်လမြိုင်မြို့ခံ ရွှေဆိုင်ပိုင်ရှင် တစ်ဦးထံမှ သိရသည်။ ရွှေဈေးမငြိမ်မသက်ဖြစ်နေခြင်းမှာ ကမ္ဘာ့ရွှေဈေးနှင့် စပ်ဆိုင်ပြီး ဒေါ်လာဈေးများ ကျဆင်းလာသည့်အတွက် ရွှေဈေးပါ လိုက်ပါကျဆင်းလာကြောင်း မော်လမြိုင်ရှိ ရတနာမြင့်မိုရ် ရွှေဆိုင်ပိုင်ရှင်...

မုပွန်တိုးချဲ့ ၄ လမ်း သောက်သုံးရေကန် ပြန်လည်တူးဖော်ရန် စီစဉ်

မော်လမြိုင် မတ် ၇ မွန်ပြည်နယ် မော်လမြိုင်မြို့ မုပွန်တိုးချဲ့ ၄ လမ်း အောက်ပိုင်းရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများသောက်သုံးရေကန်အားပြန်လည်တူးဖော်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံ နှင့်ရပ်ကွက်နေပြည်သူများ တွေ့ဆုံပွဲတွင် ပြည်သူများမှရပ်ကွက်အတွက်လိုအပ်ချက်များတင်ပြရာတွင် နွေရာသီရောက်ပါက သောက်သုံးရေအခက်အခဲဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်၏ ညွှန်ကြားချက်အရ မော်လမြိုင်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစောရှလာထွန်း၊ ဦးစီမှူးဦးအုန်းတင်တို့မှ ရေကန်၏...

ဒေါ်လာဈေးမငြိမ် စက်သုံးဆီဈေး အနည်းငယ် တက်

မော်လမြိုင် မတ် မော်လမြိုင် စက်သုံးဆီဈေးကွက်မှာ ယခင်သီတင်းပတ်နှင့် နှိုင်းစာလျှင် ယခုအပတ်တွင် တစ်လီတာလျှင် ၁၀ ကျပ်ခန့်နှုန်းထိ မြင့်တက်လာကြောင်း မြို့ပေါ်ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဟင်္သာသို့ ပြောသည်။ “ပြီးခဲ့တဲ့ အပတ်က ဒေါ်လာဈေး တက်တယ်လေ။ အခုတော့ ပြန်ကျနေပြီ။ ရန်ကုန်မှာလည်း ပြီးခဲ့တဲ့လလောက်ကပေါ့၊...

မော်လမြိုင်မြို့ပေါ်ရပ်ကွက် ခုနစ်ခုကို ဘေးအန္တရာယ် ဆန်းစစ်မည်

မော်လမြိုင် မတ် မော်လမြိုင်မြို့ပေါ်ရပ်ကွက် ခုနစ်ခုရှိ ပြည်သူများနှင့် ထိတွေ့ပြီး ဘေးအန္တရာယ် ဆန်းစစ်ခြင်းကို လုပ်ဆောင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ် မိုးသီတာဝင်းက ပြောသည်။ ၎င်း ရပ်ကွက်များမှာ ရွှေမြိုင်သီရိရပ်ကွက်၊ ဇေယျာသီရိရပ်ကွက်၊ သာယာအေးရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက်၊ သီရိမြိုင်ရပ်ကွက်၊...

“ခွင့်တူညီရေး စဉ်းစားလို့ စွမ်းရည်မြှင့်ရေး အလေးပေးဖို့၊ ပြောင်းလဲမှုကို ဖန်တီးစို့” ခေါင်းစဉ်ဖြင့် အခမ်းအနားပြုလုပ်

မော်လမြိုင် မတ် ၈ မော်လမြိုင်မြို့ ငွေမိုးဟိုတယ်ခန်းမတွင် မတ်လ ၈ ရက် နံနက် ၉ နာရီက အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို “ခွင့်တူညီရေး စဉ်းစားလို့ စွမ်းရည်မြှင့်ရေး အလေးပေးဖို့၊ ပြောင်းလဲမှုကို ဖန်တီးစို့”ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားကျင်းပရခြင်းမှာ အမျိုးသမီးများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရန်၊...

ဘေးအန္တရာယ် ကျရောက်လွယ်မှုနှင့် စွမ်းဆောင်ရည်လေ့လာ ဆန်းစစ်ခြင်းဆိုင်ရာ နည်းပြသင်တန်း ဖွင့်လှစ်

မော်လမြိုင် မတ် မော်လမြိုင်မြို့ မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံး အစည်းအဝေးခန်းမ၌ ဘေးအန္တရာယ် ကျရောက်လွယ်မှုနှင့် စွမ်းဆောင်ရည်လေ့လာစမ်းစစ်ခြင်းဆိုင်ရာ နည်းပြသင်တန်းကို မတ်လ ၄ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းမှ မော်လမြိုင်မြို့အတွင်း ယမန်နှစ် ၂၀၁၈ မိုးရာသီက ဖြစ်ပွားခဲ့သော ရေကြီးမှုကို သာဓကထား၍...

မော်လမြိုင် မြိုင်ရတနာဈေး ပြင်ဆင်ထိန်းသိမ်းရေးနှင့် ဝန်ထမ်းလုပ်အားခ တစ်နှစ် ကျပ်သိန်းလေးရာကျော် သုံးစွဲ

မော်လမြိုင် မတ် မော်လမြိုင်မြို့ရှိ မြိုင်ရတနာလေးထပ်ဈေးနှင့် နှစ်ထပ်ဈေး၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းနှင့် ဝန်ထမ်းလုပ်အားခအတွက် တစ်နှစ်လျှင် ငွေကျပ် ၄၄၄ သိန်းခန့် ပုံမှန်သုံးစွဲနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားသည်။ မြိုင်ရတနာဈေး ဆိုင်ခန်းငှားရမ်းခနှင့် လုပ်ငန်လိုင်စင်များမှ တစ်နှစ်စာ ကောက်ခံရရှိငွေမှာ မြိုင်ရတနာနှစ်ထပ်ဈေးတွင် ငွေကျပ် ၃၇၃ ဒသမ...

မော်လမြိုင် ဖားအောက်ကျေးရွာတွင် မူးယစ်ဆေး ဖမ်းမိ

မော်လမြိုင် မတ် ၆ မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာရှိ အိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါးများကို ရဲတပ်ဖွဲ့က မတ်လ ၂ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှ ရဲတပ်ဖွဲ့ဝင်များက ယင်းကျေးရွာ အနောက်ပိုင်းရှိ အိမ်တစ်အိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ အိမ်ရှေ့ခန်းတွင် အိမ်ရှင် ညီညီဇော် (ခ) ဝမ်းနှင့်...

Latest article

ဒေါက်တာအေးမောင်ကို နိုင်ငံရေးအကျဉ်းသားဟု အဖွဲ့တချို့ သတ်မှတ်

By ခင်မို့မို့လွင်/Myanmar Now 22/03/2019 နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ထောင်ဒဏ်အနှစ် ၂ဝ ချမှတ်ခံလိုက်ရသည့် ဒေါက်တာအေးမောင်ကို နိုင်ငံရေးအကျဉ်းသားဟု မသတ်မှတ်နိုင်ကြောင်း အာဏာရပါတီက ပြောဆိုလိုက်သော်လည်း လူ့အခွင့်အရေးအဖွဲ့တချို့ကမူ အဆိုပါမှတ်ချက်ကို ကန့်ကွက်လိုက်ကြသည်။ အာဏာရပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၏ RFA သတင်းဌာနသို့ ပြောဆိုချက်နှင့်ပတ်သက်ပြီး ထိုသို့ ကန့်ကွက်လိုက်ကြခြင်း ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊...

ပြည်ခိုင်ဖြိုး ပျော်ဘွယ်အမတ်ကို အာမခံပေးထားမှု ခရိုင်တရားရုံး အတည်ပြု

By ဝင်းနန္ဒာ /Myanmar Now 22/03/2019 နိုင်ငံတော်အကြည်အညိုပျက်စေမှုနှင့် တရားရင်ဆိုင်နေရသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမတ်အား အာမခံဖြင့် တရားရင်ဆိုင်ခွင့်ပြုရန်၊ တရားခွင်အတွင်း အမှုနှင့် တိုက်ရိုက်မသက်ဆိုင်သည့် ဦးဝီရသူအကြောင်း မေးမြန်းမှုကို ခွင့်မပြုရန် ဆုံးဖြတ်ခဲ့သည့် ပျော်ဘွယ်မြို့နယ် တရာရုံး၏ ဆုံးဖြတ်ချက်ကို ရမည်းသင်းခရိုင် တရားရုံးက ယနေ့ထပ်မံအတည်ပြုလိုက်သည်။ မန္တလေးတိုင်းလွှတ်တော်၊ ပျော်ဘွယ်မဲဆန္ဒနယ် အမှတ်...

ရိုက်တာ သတင်းထောက်နှစ်ဦး အမှု အမြင့်ဆုံး တရားရုံးသို့ လျှောက်လဲချက်တင်မည်

By ဖြိုးသီဟချို / Myanmar Now 22/03/2019 ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရသော ရိုက်တာသတင်းထောက် နှစ်ဦး အတွက် နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ တင်သွင်းထားသည့် အမှုပြင်ဆင်ချက်ကို လာမည့်အင်္ဂါနေ့ (မတ်လ ၂၆)တွင် လျှောက်လဲချက် ပေးမည်ဟု ၎င်းတို့၏ ရှေ့နေက ပြောသည်။ စာမျက်နှာ...