fbpx
22.7 C
Mawlamyine
Tuesday, December 10, 2019

အဂတိလိုက်စားမှု လုံးဝ ပပျောက်သွားသည်အထိ ဆောင်ရွက်မည်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

မော်လမြိုင် ဇွန် ၂၄ အဂတိလိုက်စားမှု လျော့ပေါ့ရေးမှသည် လုံးဝ ပပျောက်သွားသည်အထိ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ဇွန် ၂၀ ရက်ကပြုလုပ်သည့် “အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ” အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယင်းသို့ ပြောသည်။ အဆိုပါအခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု...

မော်လမြိုင် အောက်လမ်းမကြီးကို နိုင်လွန်ကတ္တရာလမ်းခင်းရေး ဘတ်ဂျက်ငွေကျပ် တစ်ဘီလီယံ လျာထားဟုဆို

မော်လမြိုင်အောက်လမ်းမကြီးတစ်လျှောက် နိုင်လွန်ကတ္တရာလမ်းခင်းရန်အတွက် ဖြည့်စွက်ဘတ်ဂျက် ငွေကျပ် တစ်ဘီလီယံ အသုံးပြုရန် လျာထားကြောင်း မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြောကြားသည်။ စင်တင်ဘာလ ၂၂ရက်နေ့က ကျင်းပပြုလုပ်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ပုံမှန်အစည်းအဝေးတွင် အတည်ပြုထားကြောင်း ၎င်းက ဆိုသည်။ “အောက်လမ်းမကို ရွေးလိုက်တာမဟုတ်ဘူး၊ အောက်လမ်းမတစ်ခုထဲ ကျန်ခဲ့လို့။ အဲ့ဒါ...

မွန်ပြည်နယ် ဝန်ကြီးချုပ် လွှတ်တော် အစည်းအဝေး ဆက်လက်ပျက်ကွက် ပါက တိုင်ကြားရန်ပြင်ဆင်

မော်လမြိုင် ၊ အောက်တိုဘာ ၅ ။ ။ မွန်ပြည်နယ် လွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးကို စက်တင်ဘာလ ၃ရက်နေ့မှစတင်ကျင်းပ လျက်ရှိရာ ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် အစည်းအဝေးတစ်ရက်သာတက်ရောက် ခဲ့သည့်အတွက် ကျန်ရှိ နေသည့် အစည်းအဝေးရက်များကို...

စားသောက်ဆိုင်ဝန်ထမ်းသုံးဦး ဝိုင်းဝန်းထိုး`ကြိတ်ရိုက်နှက်ရာမှ အရက်လာသောက်သည့် အမျိုးသားတစ်ဦး သေဆုံး

မော်လမြိုင်၊ ဒီဇင်ဘာ ၃ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ ကောင်းသစ်စံ စားသောက်ဆိုင်တွင် ဒီဇင်ဘာ ၁ ရက် ည ၁၂ နာရီခန့်က စားသောက်ဆိုင်ဝန်ထမ်း သုံးဦး ဝိုင်းဝန်းထိုး`ကြိတ်ရိုက်နှက်ရာမှ အရက်လာသောက်သည့် အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြိုင်သာယာနယ်မြေရဲစခန်းမှ သိရသည်။ မြိုင်သာယာရပ်ကွက်နေ ဝင်းဇော်ဦး ၄၀ နှစ်နှင့် နေမင်းထွန်းတို့နှစ်ဦးမှ...

ခုံရုံးဖွဲ့အစစ်ခံရသည့် မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးဟောင်းကို နယ်ပြောင်း ပြစ်ဒဏ်ပေး

မော်လမြိုင်၊ ဇူလှိုင် မူးယစ်ဆေးဝါးအမှုတစ်ခု လာဘ်ယူသည်ဟုဆိုကာ ခုံရုံးဖွဲ့စစ်ဆေးခံရသော မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးမြင့်ဌေးကို ရခိုင်ပြည်နယ်သို့ နယ်ပြောင်းအပြစ်ဒဏ်ပေးအပ်ထားကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့ ဦးစီးမှူး ရဲမှူး မြင့်ဝင်းက အတည်ပြုပြောကြားသည်။ “စစ်ဆေးပြီးတော့  နယ်ပြောင်းပေါ့။ အစကတည်းက မြို့နယ်မှူးကလည်း သူမငြင်းဘူး။ ဟုတ်တယ် ဝန်ခံထားပြီးသား၊ အပြစ်ပေးတာ မမျှတလို့သူ့ကိုပါထပ်ပြောင်းလိုက်တာ”ဟု ရဲမှူး...

မင်္ဂလာဆောင်ပြီး ၂၄ နာရီ မပြည့်သေးသည့် ဇနီးမောင်နှံနှစ်ဦးတို့ ကာလတန်ဖိုး (၁၄) သိန်းကျော် အခိုးခံရ

မော်လမြိုင်၊ နိုဝင်ဘာ ၂၃ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်တွင် မင်္ဂလာဆောင်ပြီး (၂၄) နာရီပင် မပြည့် သေးသည့် ဇနီးမောင်နှံ နှစ်ဦး တို့၏ ပစ္စည်းနှင့် ငွေ (၁၄) သိန်းကျော် အခိုးခံရမှု ဖြစ်ပွားခဲ့၍ နိုဝင်ဘာ (၂၀) ရက်နေ့တွင် နယ်မြေခံ ရဲစခန်းသို့ လာရောက်၍...

လျှပ်စစ်မီးတိုင်စိုက်ထားမှုကြောင့် မော်လမြိုင်လေဆိပ်တွင် လေယာဉ်အတက်အဆင်း အခက်အခဲဖြစ်

မော်လမြိုင်၊ ဇွန် ကေဗီ ၂၃၀ လျှပ်စစ်ဓာတ်အားလိုင်းအသစ် ဓာတ်တိုင်များစိုက်ထူထားမှုကြောင့် မော်လမြိုင်လေဆိပ်တွင် လေယာဉ်များ အတက်အဆင်း ပြုလုပ်ရန်  အခက်အခဲ ဖြစ်နေကြောင်း မော်လမြိုင်လေဆိပ်တာဝန်ခံ ဦးဂျော်လီသိန်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။ အဆိုပါ လျှပ်စစ်ဓာတ်တိုင်များစိုက်ထူထားမှုနှင့် ပတ်သက်၍ ပြည်နယ်လျှပ်စစ်ဌာနသို့ အကြောင်းကြားစာ ပေးပို့ထားသော်လည်း အခုအချိန်ထိ ၎င်းလျှပ်စစ်ဓာတ်တိုင်များကိုပြောင်းရွှေ့ပေးခြင်း မရှိသည့်အတွက် လေဆိပ်သို့...

မော်လမြိုင်ရှိ ဘေးတွဲ ဆိုင်ကယ်များကို အရေးယူမည်

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့တွင်းခွင့်ပြုချက်မဲ့ နေ့စဉ်ပြေးဆွဲနေသည့် ဘေးတွဲပါဆိုင်ကယ်များကို စက်တင်ဘာလ(၁)ရက် နေ့မှစတင်ကာ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ခေါင်းဆောင် ဦးမြင့်ဆွေက ဟင်္သာမီဒီယာသို့ပြောသည်။ ဇူလိုင်လ ၂၆ရက်နေ့မှစတင်ကာ သြဂုတ်လ အတွင်းက ဘေးတွဲဆိုင်ကယ်များကိုအရေးယူနိုင်ရေး ပြည်နယ်အစိုးရရုံးတွင် အစည်းအဝေးများပြုလုပ်ခဲ့ပြီး...

ခရိမ်ကျောင်းကြီးပိုင်မြေအတွင်း ကျူးကျော်နေထိုင်သူများကို လိုအပ်ပါက တရားစွဲဆိုမည်

မော်လမြိုင်၊ ဇွန် ၁၈ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်၊ ခရိမ်ကျောင်းကြီးပိုင် သာသနာမြေအတွင်း ကျူးကျော်အဆောက်အအုံများ ကို ဖယ်ရှားရန်အတွက် လိုအပ်ပါက တရားစွဲဆိုသွားမည်ဟု ခရိန်ကျောင်းကြီး ကျောင်းထိုင် ဆရာတော် ဦးဥတ္တရက မိန့်သည်။ ဇွန်လ ၁၈ရက် မော်လမြိုင်၊ အောက်ကျင်းရပ် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်ရုံးတွင် ကျင်းပသော သာသနာမြေကိစ္စနှင့် ပတ်သတ်ပြီး...

မော်လမြိုင်မှ တည်းခိုခန်းတွင် စိတ်ကြွဆေး ၉၀၀၀ ကျော်ဖမ်းမိရာမှ ကွင်းဆက်တရားခံကို ရှမ်းပြည်နယ်၌ ထပ်မိ

မော်လမြိုင် ၊ မတ် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ ဇင်ယော်တည်းခိုခန်းတွင် လာရောက်၍ မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်သူ နှစ်ဦးဖမ်းမိပြီး ကွင်းဆက်တရားခံအဖြစ် ဖော်ထုတ်ရာမှ မတ် ၇ ရက်နေ့က ရှမ်းပြည်နယ် နမ့်ဆန်မြို့၌ ဆေးဝါးများရောင်းချပေးခဲ့သူ တစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုစရိုက်မှု တားဆီးကာကွယ်နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအရာရှိက...