fbpx
22.7 C
Mawlamyine
Tuesday, December 10, 2019

ဆီးရောဂါခံစားနေသူ အမျိုးသားတစ်ဦးဆွဲကြိုးချသေဆုံး

မော်လမြိုင် သြဂုတ် ၃၀ မော်လမြိုင်မြို့ သရက်ကုန်းရပ်ကွက်၊ ကုလာမကြီးကုန်းလမ်းတွင် သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင်လူ တစ်ဦးဆွဲကြိုးချ သေဆုံးခဲ့ကြောင်း မုပွန်ရဲစခန်းမှ သိရသည်။ သေးဆုံးသူမှာ ဦးမြင့်ဝေ အသက် ၅၃ နှစ်ဖြစ်ပြီး တစ်ယောက်ထဲနေထိုင်သူဖြစ်ကြောင်းသိရသည်။ နေအိမ်အရှေ့တွင် နိုင်လွန်ကြိုးအပြာရောင်ဖြင့် သက်သေခဲ့ကြောင်းသိရသည်။ “သူကတစ်ယောက်ထဲနေတာ လူပျိုကြီး လွန်ခဲ့တဲ့တစ်ပတ်လောက်က တော်ဝင်ဆေးရုံမှာ...

ရှစ်လေးလုံး အရေးတော်ပုံအထိမ်းအမှတ် ကျောက်တိုင်မြေနေရာကို ဝန်ကြီးချုပ် နှုတ်ကတိဖြင့် ခွင့်ပြု

မော်လမြိုင်၊ သြဂုတ် ရှစ်လေးလုံးအရေးတော်ပုံတွင် ကျဆုံးခဲ့သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျောက်တိုင်တစ်ခုကို မော်လမြိုင်မြို့  ဗဟိုလမ်းရှိ ယဉ်ကျေးမှုပြတိုက်နှင့် ဝေဇယန္တာကျောင်း အနီးတွင် စိုက်ထူရန် လျာထားကြောင်း ယင်းအစီအစဉ်ကို ဦးဆောင်သူ ဦးကျော်ကျော်မိုးကပြောကြားသည်။ အဆိုပါကျောက်တိုင် စိုက်ထူရန်မြေနေရာကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နှုတ်ကတိဖြင့် ခွင့်ပြုပေးခဲ့ကြောင်း ၎င်းကဆိုသည်။ “ဖြစ်စေချင်တဲ့ဟာကို မွန်ပြည်နယ်အစိုးရအဖွဲ့ကို တင်ပြဖို့အတွက်...

အိန္ဒိယဝယ်လက်​ရှိသော်လည်း မတ်ပဲ စျေး မှန်း​ခြေမကိုက်​

ချောင်းဆုံ သြဂုတ် အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှ မတ်ပဲ ၊ ပဲတီစိမ်း ၊ ပဲဇင်းငုံကိုဇွန်လဆန်​းမှ အောက်တိုဘာလကုန်ထိတင်သွင်းခွင့်ပြုထားကြောင်း၊ ပြည်တွင်းစျေးကွက်တွင် ပဲများ အရောင်းအဝယ်ဖြစ်နေသော်လည်း မတ်ပဲစျေးနှုန်းမှာ ထင်သလောက် ခရီးမပေါက်ဖြစ်နေကြောင်း မွန်ပြည်နယ် ပဲနှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးကျော်ခိုင်မြင့်က ပြောသည်။ "မတ်ပဲတန်ချိန် ၁ သိန်းခွဲ ၊ ပဲတီစိမ်းတန်ချိန်...

ငွေကြေးဈေးနှုန်း မတည်ငြိမ်မှုကြောင့် အခေါက်ရွှေဝယ်ယူစုဆောင်းသူ များပြားဟုဆို

မော်လမြိုင် ၊ သြဂုတ် မွန်ပြည်နယ် မော်လမြိုင် ရွှေစျေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားကို တစ်ဆယ့်နှစ်သိန်း နှစ်သောင်း လေးထောင်အထိ သိသိသာသာ မြင့်တက်သွားသော်လည်း ငွေကြေးဈေးကွက်မတည်ငြိမ်မှုကြောင့် အခေါက် ရွှေဝယ်ယူစုဆောင်းသူများပြားနေကြောင်း မော်လမြိုင်မြို့ ရွှေဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။ “အခုလက်ရှိ ကမ္ဘာ့ရွှေစျေးကတဖြည်းဖြည်း မြင့်တက်လာတယ်၊ ငွေစျေးလည်း နည်းနည်းထပ်တက်လာတဲ့အတွက် စျေးတက်သွားတယ် ဝယ်လိုအားများတဲ့အတွက်အရောင်းအဝယ်ပိုင်းမှာကတော့ အဝယ်သမားများလာတယ် ငွေဖောင်းပွတဲ့အပေါ်မှာမူတည်ပြီးတော့...

အခေါက်ရွှေ တစ်ကျပ်သားကို ဆယ့်တစ်သိန်းလေးသောင်းကျော် အထိရောက်ရှိ

မော်လမြိုင် ၊ သြဂုတ် ၃ မော်လမြိုင် ရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သား ဈေးနှုန်းမှာ ငွေကျပ်ဆယ့်တစ်သိန်းလေးသောင်း နှစ်ထောင် ကျပ်ထိ မြင့်တက်သွားကြောင်း ရွှေလုပ်ငန်းရှင်အသင်းများထံမှသိရှိရသည်။ ယခင်သြဂုတ်လ ၁ ရက်နေ့တွင် အခေါက်ရွှေဈေးတစ်ကျပ်သားကို ငွေကျပ် ၁၁သိန်း ၃သောင်း ၈ထောင်သို့ကျဆင်းသွားသော်လည်း ယခုသြဂုတ်လ ၂ရက်နေ့တွင် ၄ထောင်ခန့်ပြန်လည်မြင့် တက်သွားကြောင်း ရွှေဈေးကွက်အတွင်း...

မော်လမြိုင်ဆေးရုံကြီး တိုးချဲ့အဆောင်သစ်များ စက်တင်ဘာလအတွင်း အသုံးပြုနိုင်ရန် လျာထား

မော်လမြိုင် ဇူလိုင် မွန်ပြည်နယ် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် အသစ်ဆောက်လုပ်ထားသောလေးထပ်လူနာဆောင်အသစ်ကိုစက်တင်ဘာလတွင်းစတင်အသုံးပြုနိုင်ရန် လျာထားကြောင်းမော်လမြိုင်ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မြင့်က ပြောကြားသည်။ မော်လမြိုင် ဆေးရုံဝင်းအတွင်းတွင် ရှစ်ခန်းတွဲ လေးထပ်ဆောင်တစ်ဆောင်နှင့်လေးခန်းတွဲ လေးထပ်ဆောင် ဝန်ထမ်းအိမ်ရာကိုအသစ်တည်ဆောက်နေခြင်း ဖြစ်သည်။ “အဆောင်သစ်ပြီးသွားရင်တော့ အပေါ်ဆုံးထပ်မှာ ခွဲခန်း၅ ခန်း၊ ICU ၊ HDU ၊ ခန်းတွေ ရှိမယ်။ကျန်လေးထပ်မှာကတော့...

ခုံရုံးဖွဲ့အစစ်ခံရသည့် မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးဟောင်းကို နယ်ပြောင်း ပြစ်ဒဏ်ပေး

မော်လမြိုင်၊ ဇူလှိုင် မူးယစ်ဆေးဝါးအမှုတစ်ခု လာဘ်ယူသည်ဟုဆိုကာ ခုံရုံးဖွဲ့စစ်ဆေးခံရသော မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးမြင့်ဌေးကို ရခိုင်ပြည်နယ်သို့ နယ်ပြောင်းအပြစ်ဒဏ်ပေးအပ်ထားကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့ ဦးစီးမှူး ရဲမှူး မြင့်ဝင်းက အတည်ပြုပြောကြားသည်။ “စစ်ဆေးပြီးတော့  နယ်ပြောင်းပေါ့။ အစကတည်းက မြို့နယ်မှူးကလည်း သူမငြင်းဘူး။ ဟုတ်တယ် ဝန်ခံထားပြီးသား၊ အပြစ်ပေးတာ မမျှတလို့သူ့ကိုပါထပ်ပြောင်းလိုက်တာ”ဟု ရဲမှူး...

ကျူးကျော်ဆိုင်ခန်းပေါင်း ၅၀ ကို ဒဏ်ငွေရိုက် သတိပေးထားဟု ဆို

မော်လမြိုင်၊ ဇူလိုင် ၂၆ မော်လမြိုင်မြို့ပေါ်ရှိ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ကျူးကျော်ဆိုင်ခန်းပေါင်း ၅၀ ကို ဒဏ်ငွေရိုက်သတိပေးတားမြစ်ထားပြီးဖြစ်ကြောင်း မော်လမြိုင်မြို့စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ ယခုနှစ် မတ် ၁ ရက်နေ့မှ စ၍ မော်လမြိုင်မြို့ရှိ သထုံတံတားလမ်း၊ အောက်ဘလောက်ရှိ ကျူးကျော်ဆိုင်ခန်း ၉၀ ခန်း၊ အနောက်တပ်မြေလမ်းမှ ဖက်တန်းရပ်ကွက်အုပ်ချုပ်ရေးရုံအရှေ့တွင်ရှိသည့် ကျူးကျော်ဆိုင်ခန်း ၈၃...

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီအစီရင်ခံ ထောက်ခံပွဲ တက်ရောက်သူ နည်းပါး

မော်လမြိုင်မြို့တွင် ကျင်းပသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ၏အစီခံစာ ထောက်ခံပွဲကို လာရောက်ပူးပေါင်းသူများ နည်းပါးခဲ့သည်။ ထိုကဲ့သို့ ဖြစ်ပွားရခြင်းအကြောင်းမှာ  အခြေခံဖွဲ့စည်းပုံကို ပြင်ဆင်သင့်ကြောင်းကို လူတိုင်းနားမလည်တာကြောင့်ဖြစ်သည်ဟု ၈၈ မျိုးဆက်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကျိုက်မရောမြို့နယ် တာဝန်ခံ ဦးခင်မောင်သိန်းက ဆိုသည်။ ဇူလိုင်လ ၁၇ ရက်နေ့က ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးပူးပေါင်းကော်မတီ...

မွန်ပြည်နယ် လူမှုဘဝဖွံဖြိုးတိုးတက်ရေးအတွက် စာတမ်းဖတ်ပွဲပြုလုပ်

မော်လမြိုင် ဇူလိုင် မွန်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ “ကမ္ဘာ့အဆင့်မီ မွန်တို့ပြည်” ဟူသော စာတမ်းရှင်းလင်းမိတ်ဆက်ပွဲကို မော်လမြိုင်မြို့ရှိ စမ်းကြီးလူငယ်သင်တန်းကျောင်းတွင် ဇူလိုင် ၁၈ ရက်ကပြုလုပ်ခဲ့သည်။ “ကျွန်တော်တို့ရဲ့နိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံပညာရေးစနစ်ကောင်းကောင်းရှိတဲ့ နိုင်ငံ၊ ကျန်းမာရေးစောင့်ရှောက်မှုကောင်းကောင်းရတဲ့နိုင်ငံ၊ ဖွံ့ဖြိုးရေးစနစ်ကောင်းကောင်းရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်လာအောင် ကျွန်တော်အမြဲတမ်းကြိုးစားပေးချင်ပါတယ်” ဟု အဆိုပါ စာတမ်းပြုစုသူ ဦးဝင်းကိုမျိုး...