fbpx
22.7 C
Mawlamyine
Tuesday, December 10, 2019

စစ်ဘက် ၊ အရပ်ဘက် ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ရေးသင်တန်းများ ဆက်လက်လုပ်ကိုင်မည်

မော်လမြိုင် ၊ ဇူလိုင် စစ်ဘက်၊ အရပ်ဘက်ပူးပေါင်းပြီးသဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးသင်တန်းများကို ဆက်လက်ဆောင်ရွက်သွားရန် ရှိကြောင်း ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအသင်းမှ ကိုဘိုဘိုဝင်းကပြောကြားသည်။ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးသင်တန်းတစ်ရပ်ကိုသံဖြူဇရပ်မြို့နယ်၊ ဝဲကလိတိုက်နယ်၊တန်းမြင့်သင်တန်းကျောင်းနှင့် မော်လမြိုင်ရှိ ပရဟိတအသင်းနှစ်သင်း၊ သံဖြူဇရပ်မှ ပရဟိတအသင်းသုံးသင်း၊  ကြက်ခြေနီအသင်းနှင့် မီးသတ်တပ်ဖွဲ့ တို့ပူးပေါင်းပြီး ဇူလိုင်လ ၁၂ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့သည်။ “ဝဲကလိတိုက်နယ်၊...

သဘင်အိမ်ယာများ တည်ဆောက်နိုင်ရန်ကြိုးပမ်းမည်

မော်လမြိုင် ၊ ဇူလိုင် ၁၀ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ဇာတ်သဘင်ပညာနှင့် အသက်မွေးနေသူများအတွက် သဘင်အိမ်ယာများကို တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သဘင်အစည်းအရုံး( ဗဟို ) အတွင်းရေးမှူး ဦးနေဝင်း ကပြောသည်။ “ကျွန်တော်တို့တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ ဇူလိုင်လ...

မွန်ပြည်နယ်အတွင်း မော်လမြိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်

မော်လမြိုင်၊ ဇူလိုင် ၁၂ မွန်ပြည်နယ် အတွင်းရှိ မြို့နယ်အားလုံးတွင် မော်လမြိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်း သုံးနှစ်ဆက်တိုက် အများဆုံးဖြစ်နေကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ စည်သူရဲနောင်ထံမှ သိရသည်။ မွန်ပြည်နယ် တွင် ၂၀၁၇ ခုနှစ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၃၃၇ဦး၊ ၂၀၁၈ခုနှစ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၇၁ ဦးနှင့်...

မော်လမြိုင်တက္ကသိုလ် ကျောင်းပြင်ပဆောင်တွင်နေထိုင်သော ကျောင်းသားများလုယက်ခံရမှုများရှိနေ

မော်လမြိုင် ၊ ဇူလိုင် ၁၂ မော်လမြိုင်တက္ကသိုလ်တွင် ပညာသင်ကြားနေပြီး ကျောင်းပြင်ဆောင်တွင်နေထိုင်သော ကျောင်းသူ/ ကျောင်းသား များ အနေနှင့် လုယက်ခံရမှုများ ကြုံတွေ့နေရပြီး လုံခြုံရေးအရ အားနည်းနေကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုမင်းသံစဉ်ဦး ကပြောကြားသည်။ ဇူလှိုင်လ ၁၂ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခ၊ဌာနမှူးများ ကျောင်းသားသမဂ္ဂများ...

တီဘီရောဂါ ကွင်းဆင်းရှာဖွေရေး အစီစဉ်ပြုလုပ်

မော်လမြိုင်၊ ဇူလိုင် ၁၁ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် အိုင်အိုအမ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော တီဘီရောဂါ ကွင်းဆင်းရှာဖွေရေးအစီစဉ်ကို ဇူလိုင်လ ၁၁ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။ “တီဘီရောဂါက အရမ်းအဖြစ်များတာဆိုတော့လေ၊ တီဘီရောဂါကို အချိန်မှီကုသလို့ရအောင်ပေါ့ အဲ့လိုပဲလှည့်ပြီးတော့ အခမဲ့လုပ်ပေးတာပေါ့”ဟု လာရာက်ကုသပေးသည့် အိုင်အိုအမ်အဖွဲ့မှ တာဝန်ရှိသူ ဒေါက်တာဆုမွန်သိမ်းကပြောသည်။ လာရောက်ပြသသူများအတွက် ဓာတ်မှန်ရိုက်ပေးခြင်း၊...

ဒိုင်းဝန်ကွင်းဈေး ဖွင့်လှစ်နိုင်ခြင်း မရှိသေး၍ ယာယီဈေးတွင် ရောင်းချနေသူများ အခက်တွေ့

မော်လမြိုင်၊ ဇူလိုင် ဒိုင်းဝန်ကွင်းဈေး ပြန်လည်တည်ဆောက်ထားပြီးဖြစ်သော်လည်း ဖွင့်လှစ်နိုင်ခြင်းမရှိသေးသည့်အတွက် ယာယီဖွင့်လှစ်ထားသောဈေးတွင် ရောင်းချနေသည့်ဈေးသည်များအနေနှင့်အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း    အဆိုပါ ယာယီဈေးတွင် ရောင်းချနေသော ဈေးသည်များထံမှ သိရှိရသည်။ မိုးရာသီ ဖြစ်သောကြောင့် အဆိုပါ ယာယီဈေးတွင် ဈေးရောင်းချရာတွင်အခက်အခဲများရှိနေကြောင်း ဈေးသူ/ဈေးသားများထံမှ သိရှိရသည်။ “စျေးမဖွင့်သေးတဲ့အတွက်စျေးသူစျေးသားတွေလည်း ဒုက္ခရောက်တယ်။လောလောဆယ်တော့စျေးမရောင်းရဘူး။ မိုးရွာနေတဲ့အတွက်လည်း အခက်အခဲရှိတယ် ။ ဆိုင်ခန်းပြန်မရတာမျိုးလည်းမဖြစ်ချင်ဘူး၊ ဆိုင်ခန်းပိုင်ရှင်တွေကို...

မီတာယူနစ် လက်ကျန်များကို ကွင်းဆင်းစစ်ဆေး

မော်လမြိုင် ဇူလိုင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ မြို့ရွာအတွင်းရှိ နေအိမ်များအား မီတာယူနစ်များဇူလိုင်လ ၁ ရက်နေ့မှစ၍လိုက်လံကြည်ရှု ကွင်းဆင်းစစ်ဆေး နေကြောင်း   မြို့နယ် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးမောင်မောင်စိုး က ပြောကြားသည်။ “နှုန်းဟောင်း လက်ကျန်မီတာယူနစ်တွေကို စစ်တာ၇ လပိုင်း ကုန်မှ နှုန်းသစ်နဲ့စကောက်မှာဆိုတော့၊မီတာကောင်းမကောင်းရယ် ဟောင်းနေရင်လဲဖို့အတွက်မီးကြိုးတွေကောင်းမကောင်းစစ်ဆေးပေးတယ်။ မကောင်းတာတွေရှိရင်အိမ်ရှင်တွေကိုလဲဖို့အတွက် အကြံပေးတယ်။...

ဆောက်လုပ်ရေး လုပ်ငန်းများတွင် အဂတိလိုက်စားမှု အများဆုံးဖြစ်နေဟုဆို

မော်လမြိုင် ၊ ဇူလိုင် ၄ မြန်မာနိုင်ငံအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းများတွင် အဂတိလိုက်စားမှု အများဆုံးဖြစ်ပေါ်နေကြောင်း မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၏ ဒါရိုက်တာ ဗစ်ကီ ဘိုးမန်း ကပြောကြားသည်။ ဇူလိုင်လ ၂ ရက်နေ့က ငွေမိုးဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သော ဒေသခံစီးပွားရေးလုပ်ငန်းများအတွက် တာဝန်ယူမှုရှိသော စီးပွားရေးဆိုင်ရာ လိုက်နာကျင့်သုံးမှုများ အလုပ်ရုံဆွေးနွေးပွဲ တွင်...

လွှတ်တော်ကိုယ်စားလှယ်ကို ဝေဖန်သူ ထောင် ၂ နှစ်ကျ

၂၀၁၉ ဇူလိုင် ၂ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို လူမှုကွန်ရက် (Facebook) တွင် ဝေဖန်ခဲ့သူ ဦးအောင်ဆန်းဦးအား မြို့နယ်တရားရုံး တစ်ခုက အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။ ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးအား လူမှုကွက်ရက်စာမျက်နှာပေါ်တွင် ဝေဖန်ခဲ့သည့် ဦးအောင်ဆန်း ဦးကို ပေါင်မြို့ မရဲစခန်းတွင် (ပ)၂၅၂/၂၀၁၇၊...

မော်လမြိုင် ကမ်းနားလမ်းတွင် စိုက်ပျိုးထားသော သစ်ပင်များ ဖျက်ဆီးခံရ

မော်လမြိုင်၊ ဇွန်၂၈ မော်လမြိုင်မြို့ ကမ်းနားတွင် စိုက်ပျိုးထားသော သပြေဘူတ သစ်ပင်တချို့ ဇွန်လ ၂၇ ရက်နေ့ ညက ဖျက်ဆီးခံ ခဲ့ရကြောင်း မော်လမြိုင်မြို့နယ်အင်ဂျင်နီယာမှူး ဒေါသိင်္ဂီအောင်က ပြောကြားသည်။ အဆိုပါ သစ်ပင်များ ကို မွန်ပြည်နယ် စည်ပင်သာယာရေးကော်မတီ ၏ ဘက်ဂျက်ဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ က...