22.7 C
Mawlamyine
Friday, January 15, 2021

အဂတိလိုက်စားမှု လုံးဝ ပပျောက်သွားသည်အထိ ဆောင်ရွက်မည်ဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

မော်လမြိုင် ဇွန် ၂၄ အဂတိလိုက်စားမှု လျော့ပေါ့ရေးမှသည် လုံးဝ ပပျောက်သွားသည်အထိ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ဇွန် ၂၀ ရက်ကပြုလုပ်သည့် “အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ” အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယင်းသို့ ပြောသည်။ အဆိုပါအခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု...

အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် ၁၁ သိန်းထိရောက်ရှိ

မော်လမြိုင်၊ ဇွန်၂၁ မော်လမြိုင် ရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၁၁ သိန်း အထိမြင့်တက်သွား ကြောင်း မွန်ပြည်နယ် ရွှေလုပ်ငန်းရှင်အသင်းထံ မှသိရှိရသည်။ ရန်ကုန်မြိုရှိ အခေါက်ရွှေဈေးနှုန်းမှာလည်း တစ်ကျပ်သား ၁၁သိန်း ၁သောင်း ၃ထောင်ကျပ် ခန့် ရှိကြောင် ရွှေလုပ်ငန်းရှင် များထံမှသိရသည်။ မော်လမြိုင် ရွှေဈေးကွက်အတွင်း တွင်...

ခရိမ်ကျောင်းကြီးပိုင်မြေအတွင်း ကျူးကျော်နေထိုင်သူများကို လိုအပ်ပါက တရားစွဲဆိုမည်

မော်လမြိုင်၊ ဇွန် ၁၈ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်၊ ခရိမ်ကျောင်းကြီးပိုင် သာသနာမြေအတွင်း ကျူးကျော်အဆောက်အအုံများ ကို ဖယ်ရှားရန်အတွက် လိုအပ်ပါက တရားစွဲဆိုသွားမည်ဟု ခရိန်ကျောင်းကြီး ကျောင်းထိုင် ဆရာတော် ဦးဥတ္တရက မိန့်သည်။ ဇွန်လ ၁၈ရက် မော်လမြိုင်၊ အောက်ကျင်းရပ် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်ရုံးတွင် ကျင်းပသော သာသနာမြေကိစ္စနှင့် ပတ်သတ်ပြီး...

ယခင် မြို့မတံတားနေရာတွင် အဆောက်အဦသစ် တိုးချဲ့ဆောက်လုပ်ရန် ခွင့်ပြုထားခြင်း မရှိ

မော်လမြိုင် ဇွန်၁၈ မော်လမြိုင်မြို့ ကမ်းနားလမ်းမှ ယခင်မြို့မတံတားနေရာရှိ My Mawlamyine စားသောက်ဆိုင်၏ ဘေးတွင် အဆောက်အဦသစ် ဆောက်လုပ်နေခြင်းကို မွန်ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုပေးထားခြင်း မရှိကြောင်း ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။ ယင်းအဆောက်အဦ တည်ဆောက်ရန် ခွင့်ပြုချက်တင်ထားသော်လည်း ခွင့်ပြုချက် မကျမီ ဆောင်ရွက်နေသည့်အတွက် စည်ပင်မှ...

စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်း

မော်လမြိုင် ၊ ဇွန် မော်လမြိုင် စက်သုံးဆီဈေးကွက်အတွင်း  စက်သုံးဆီဈေးနှုန်းများ ပြီးခဲ့သည့်သတင်းပတ်ကထက် ထပ်မံကျဆင်း သွားကြောင်းမော်လမြိုင်အခြေစိုက် စက်သုံးဆီအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။ မော်လမြိုင် စက်သုံးဆီဈေးကွက်အတွင်း ဓာတ်ဆီနှင့်ဒီဇယ်ဆီစျေးနှုန်းများသည်  မေ၁ ရက်နေ့ကစတင်ကာ  တဖြည်းဖြည်း ကျဆင်းလာခြင်း ဖြစ်သည်။ ယခုဇွန်လ ၁၄ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ စက်သုံးဆီစျေးမှာ ဓာတ်ဆီ 92 တစ်လီတာလျှင်...

လျှပ်စစ်မီးတိုင်စိုက်ထားမှုကြောင့် မော်လမြိုင်လေဆိပ်တွင် လေယာဉ်အတက်အဆင်း အခက်အခဲဖြစ်

မော်လမြိုင်၊ ဇွန် ကေဗီ ၂၃၀ လျှပ်စစ်ဓာတ်အားလိုင်းအသစ် ဓာတ်တိုင်များစိုက်ထူထားမှုကြောင့် မော်လမြိုင်လေဆိပ်တွင် လေယာဉ်များ အတက်အဆင်း ပြုလုပ်ရန်  အခက်အခဲ ဖြစ်နေကြောင်း မော်လမြိုင်လေဆိပ်တာဝန်ခံ ဦးဂျော်လီသိန်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။ အဆိုပါ လျှပ်စစ်ဓာတ်တိုင်များစိုက်ထူထားမှုနှင့် ပတ်သက်၍ ပြည်နယ်လျှပ်စစ်ဌာနသို့ အကြောင်းကြားစာ ပေးပို့ထားသော်လည်း အခုအချိန်ထိ ၎င်းလျှပ်စစ်ဓာတ်တိုင်များကိုပြောင်းရွှေ့ပေးခြင်း မရှိသည့်အတွက် လေဆိပ်သို့...

မွန်၊ ကရင်၊ ပအိုဝ်း ယဉ်ကျေးမှု ဗဟိုဌာန တည်ဆောက်ရန် တိုက်တွန်း

မော်လမြိုင်၊ ဇွန် မွန်ပြည်နယ်တွင် မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားလူမျိုးယဉ်ကျေးမှု ဗဟိုဌာနကိုမော်လမြိုင်နှင့် အနီးတစ်ဝိုက်တွင်  တည်ဆောက်နိုင်ရန် အစိုးရကို တိုက်တွန်းထားကြောင်း မွန်ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုးများရေးရာကော်မတီဥက္ကဋ္ဌပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြောကြားသည်။ ယဉ်ကျေးမှု  အမွေအနှစ်များထိန်းသိမ်းထားနိုင်ရေး၊ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရေးနှင့်အများပြည်သူလေ့လာနိုင်ရန်ရည်ရွယ်ပြီးယဉ်ကျေးမှုဗဟိုဌာန တည်ဆောက်ရန်တိုက်တွန်းရခြင်း ဖြစ်ကြောင်းဦးထွန်းမင်းအောင်က ဆိုသည်။ အဆိုပါ ယဉ်ကျေးမှုဗဟိုဌာနတွင် တိုင်းရင်းသားအငွေ့အသက်များ၊ အစားအစာများ၊ တိုင်းရင်းသားများနှင့်ဆက်နွယ်တူရိယာအကအလှများဖြင့်...

View Point တွင်လူငယ်တစ်ဦးကို သေသည်အထိရိုက်နှက်သူ သုံးဦးဖမ်းမိ၊ တစ်ဦး ထွက်ပြေးနေ

မော်လမြိုင်၊ ဇွန် ၇ မော်လမြိုင်မြို့ တောင်ရိုးတန်း View Point တွင် ဇွန် ၇ ရက် နံနက် ၃ နာရီခန့်က သူငယ်ချင်း အချင်းချင်း ထိုင်စကားပြောနေသည့် လူငယ်တစ်ဦးကို သေသည်အထိ ရိုက်နှက်ခဲ့သူ သုံးဦးအပြင် ယင်းဖြစ်စဉ်၌ ပါဝင်ပတ်သက်ခဲ့သည့် လိင်တူချစ်သူ တစ်ဦးကိုပါ...

၇ တန်းကျောင်းသူကို အတင်းအကြပ်ဆိုင်ကယ်ပေါ်တင်ပြီး ထွက်ပြေးရန်ကြိုးပမ်းသူဖမ်းမိ

မော်လမြိုင်၊ ဇွန် ၇ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်တွင် ဇွန် ၆ ရက် ည နာရီခန့်က ကျူရှင်အပြန် ၇ တန်းကျောင်းသူ မိန်းကလေးငယ်တစ်ဦးကို ဆိုင်ကယ်ပေါ် အတင်းအကြပ်ဆွဲတင်ထွက်ပြေးသူ အမျိုးသား တစ်ဦးကို ရပ်ကွက်ဒေခံများ ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဇွန်လ ၆ ရက်နေ့ ည၉ နာရီ...

သာသနာ့နယ်မြေအတွင်း ကျူးကျော်နေထိုင်သူများ ဖယ်ရှားပေးရန်တိုင်ကြားသော်လည်း အကြောင်းမထူး

မော်လမြိုင်၊ ဇွန် ၇ မော်လမြိုင်မြို့ ၊ ဘိုကုန်းရပ်ရှိ ခရိမ်ကျောင်းကြီးပိုင် သာသနာ့နယ်မြေအတွင်း ကျူးကျော်အဆောက်အအုံများ ကို ဖယ်ရှားပေးရန် မွန်ပြည်နယ်အစိုးရထံ စာပို့တိုင်ကြားခဲ့သော်လည်း တစ်နှစ်နီးပါး ကြာမြင့်နေပြီဖြစ်သော်လည်း ပြည်နယ်အစိုးရ က ယနေ့ချိန်ထိ ပြေလည်အောင်ဆောင်ရွက်ပေးခြင်း မရှိကြောင်း ခရိမ်ကျောင်းကြီး ကျောင်းထိုင်ဆရာတော် ဦးဥတ္တရက မိန့်ကြားသည်။ “ဘုန်းဘုန်းတို့ စာတင်ထားတာကတော့...