26.5 C
Mawlamyine
Thursday, January 24, 2019

၂၁နှစ်အောက် ဘောလုံးပြိုင်ပွဲ ရေးမြို့နယ်အသင်းဗိုလ်စွဲ

မော်လမြိုင်  နိုဝင်ဘာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလား ၁၀ မြို့နယ် အသက် ၂၁နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ရေးမြို့နယ်နှင့် ပေါင်မြို့နယ်တို့ နိုဝင်ဘာ ၂ဝရက်၌ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရာ ရေးမြို့နယ်မှ ပထမရရှိခဲ့ကြောင်း မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောသည်။ အဆိုပါ မွန်ပြည်နယ်ဝန်ကြီးချုပ်ဖလားပြိုင်ပွဲကို ဘီးလင်းမြို့နယ် မြို့မအားကစားကွင်းတွင်...

ရေးမြို့နယ်လျှပ်စစ်မီး ရရှိရေး လာမည့်နှစ်မှစ၍ အကောင်အထည် ဖော်မည်

မော်လမြိုင် နိုဝင်ဘာ ရေးမြို့နယ် လျှပ်စစ်မီးရရှိရေးအတွက် လာမည့် ၂၀၁၉ ခုနှစ်မှ စ၍ ပြည်ထောင်စု အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသက်ပိုင်မျိုးက ပြောဆိုသည်။ ထိုသို့ လုပ်ဆောင်ရာတွင် သံဖြူဇရပ်-ရေး-ခေါဇာသို့ ၆၆ ကေဗွီ အဝင်အထွက် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းနှင့် ဓာတ်အားခွဲရုံ ၃ ရုံ...

တပ်မတော်အရာရှိက အရပ်သားကို သေနတ်ဖြင့်ပစ်သတ်မှု မွန်ပြည်သစ်ပါတီထံ တိုင်

မော်လမြိုင်၊ ဇွန် မွန်ပြည်နယ်၊ ရေးမြို့၊ ကုလားကုတ်ကျွန်း၌ တပ်မတော်အရာရှိတစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်၍ အရပ်သား ကိုတင်စိုးမြင့် သေဆုံးခဲ့ရမှုအပေါ် မကျေနပ်သဖြင့် ၎င်း၏ ဇနီးဖြစ်သူမှ မွန်ပြည်သစ်ပါတီထံ ထပ်မံတိုင်ကြားခဲ့ကြောင်း သိရသည်။ ကုလားကုတ်ကျွန်း၊ အလယ်ဆိပ်ကျေးရွာ အနီးတွင် နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်နေသူ အမှတ် (၅၈၇) တပ်ရင်းမှ ဗိုလ်ကြီးအောင်ကို ကိုမင်းက...

မော်လမြိုင်နှင့် ရေးတွင် မုဒိမ်းမှုအများဆုံး ဖြစ်

မော်လမြိုင်၊ ဇွန် မွန်ပြည်နယ်အတွင်းဖြစ်ပွားသည့် မုဒိမ်းမှုတွင် မော်လမြိုင်နှင့် ရေးမြို့နယ်တို့၌ အများဆုံးဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မေ ၁ ရက်မှ ၂၈ ရက်အတွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုတွင် မော်လမြိုင် လေးမှု၊ ရေးသုံးမှု၊ ကျိုက်ထို တစ်မှု၊ သထုံ တစ်မှု၊ ကျိုက်မရောတွင် တစ်မှု၊ မုဒုံမြို့နယ်တွင် တစ်မှုစီ...

ရေး ဒေသထွက် ဒူးရင်းသီးများ အရောင်းသွက်

မော်လမြိုင်၊ မေ မွန်ပြည်နယ်၊ ရေးမြို့နယ်မှ ထွက်ရှိသည့် ဒူးရင်းသီးများ ယခင်နှစ်ကထက် အရောင်းသွက်လျက်ရှိကြောင်း မော်လမြိုင် သစ်သီးအရောင်းဆိုင်များထံမှ သိရသည်။ အဆိုပါ ဒေသတွင် ပြီးခဲ့သည့်နှစ်က ဒူးရင်းသီး အထွက်နည်းပြီး ဈေးကြီးသည့်အတွက် ဝယ်သူနည်းခဲ့သော်လည်း ယခုနှစ်တွင်မူ အထွက်များ၍ ဈေးနှုန်းသက်သာသောကြောင့် အရောင်းအဝယ် ကောင်းလာကြောင်း မော်လမြိုင်ဈေးကြီးမှ သစ်သီးဆိုင်ရှင် ဒေါ်မီးက...

မွန်နိုင်ငံရေးဆွေးနွေးပွဲမှ ဖက်ဒရယ်စနစ်အတွက် အကြံပြုချက် ၂၃၀နီးပါးထွက်ရှိ

မော်လမြိုင်၊ မေ ၈ သုံးရက်တာကျင်းပခဲ့သည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝသယံဇာတ ဆိုင်ရာ သဘောထားအကြံပြုချက် ၂၃၀ နီးပါးစုစည်းနိုင်ခဲ့ကြောင်း ကျင်းပရေးကော်မတီတာဝန်ရှိသူတို့ထံမှသိရသည်။ “ဆွေးနွေးထားတဲ့အချက်တွေမှာ တူနေတဲ့အချက်တွေလည်း ပါနေတယ်ဆိုတော့ စာတမ်းအချောထွက်တဲ့ အချိန်မှာ ကျွန်တော်တို့ပြောတဲ့အချက်(စုစုပေါင်းအရေအတွက်) တွေနဲ့ ကွဲလွဲကောင်း ကွဲလွဲနေလိမ့်မယ်”ဟု ကျင်းပရေးကော်မတီ၊...

အပစ်ရပ်လက်မှတ်ထိုးမှု သစ္စာဖောက်ခြင်းမဟုတ်ဟု မွန်ပြည်သစ်ပါတီ ဥက္ကဌပြော

မော်လမြိုင်၊ မေ ၇ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်းသည် လူမျိုးအပေါ် သစ္စာဖောက်မှုမဟုတ်ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က ပြောဆိုလိုက်သည်။ “နိုင်ငံရေးကို ရည်ရွယ်ပြီး အများကြားမှာ ဆွေးနွေးနိုင်ဖို ့ဖြစ်တယ် လူမျိုးကို သစ္စာဖောက်တာမဟုတ်ဘူး နိုင်ငံရေးကို ဖြေရှင်းနိုင်ဖို့ရည်ရွယ်ပြီး ထိုးတာဖြစ်တယ်”ဟု မွန်ပြည်နယ်၊ ရေးမြို့၊ ပြည်သူ့အားကစားရုံတွင် မေလ ၇...

မွန်လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၌ ဆုံးဖြတ်ချက်ချမည်မဟုတ်

ရေး၊ မေ ၆ သုံးရက်တာကျင်းပနေသည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမှ ထွက်ပေါ်လာသော သဘောထားအမြင်များကို တစ်ခုချင်းစီအလိုက် ဆုံးဖြတ်၍ ရလဒ်အဖြစ်သတ်မှတ် မည်မဟုတ်ဘဲ တူညီမှု၊ မတူညီမှု အားလုံးကို စုစည်းသွားမည်ဟု ကျင်းပရေးကော်မတီတာဝန်ရှိသူတို့က ဟင်္သာသို့ပြောသည်။ “မတူညီတာရော မတူညီတာရော ပြုစုရမယ်၊ ပြီးရင်အဲဒီနှစ်ခုလုံးကို ကြီးကြပ်မှုကော်မတီကတစ်ဆင့် UPDJC ကိုပေးပို့ရမယ်။ ဆုံးဖြတ်တာ...

အကြိတ်အနယ်ရှိနေတဲ့ မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ

ရေး၊ မေ ၆ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဒုတိယနေ့၊ မေ ၆ရက်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝသယံဇာတ ကဏ္ဍလေးရပ်နှင့်သက်ဆိုင်သည့် အခြေခံမူဝါဒများကို အကြိတ်အနယ် ဆွေးနွေးလျှက်ရှိကြသည်။ မွန်ပြည်နယ်ရေးမြို့ရှိ ပြည်သူ့ အားကစားရုံ၊ အ.ထ.က(၁)ကျောင်း နှင့် တစ်ပလ္လင် နှစ်ဆူဓမ္မာရုံတို့တွင် နေရာခွဲ၍...

ဒီရေတော ပြန်လည်ထူထောင်ခြင်း အတွေ့အကြုံများ အစီရင်ခံစာ မိတ်ဆက်

မော်လမြိုင်၊ ဧပြီ ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် ဖာလိန်ဒေသခံများ စုပေါင်း မှတ်တမ်းတင်ထားသော ဒီရေတောပြန်လည် ထူထောင်ခြင်း အတွေ့အကြုံများ အစီရင်ခံစာ မိတ်ဆက်ပွဲကို ဧပြီ ၂၅ ရက်က အဆိုပါ ကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း ဒေသခံ မွန်လူငယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ဒီအစီရင်ခံစာကို ထုတ်နိုင်ဖု့ိ ကျွန်တော်တို့ ၂ဝ၁၇...
- Advertisement -

Latest article

ဒဏ်ကြေးကို တရားရုံးတွင် မဆောင်ခိုင်းဘဲ ပြင်ပတွင် တောင်းခံပါက တိုင်ကြားနိုင်ဟု ပြည်နယ်ဝန်ကြီးပြော

မော်လမြိုင် ဇန်နဝါရီ ၂၂ မွန်ပြည်နယ်ရှိ မြို့နယ်များတွင် ရက် ၁၀၀ လင်းယုန်စီမံချက်ဖြင့် စည်းကမ်းပျက်ယာဉ်များကို ဖမ်းဆီး အရေးယူလျက်ရှိရာ ဝန်ထမ်းများက ဒဏ်ကြေးငွေကို တရားရုံးသို့ မဆောင်ခိုင်းဘဲ ပြင်ပတွင် တောင်းခံပါက တိုင်ကြားနိုင်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောကြားသည်။ လင်းယုန်စီမံချက်နှင့် ပတ်သက်သည့်...

နတ်ရုပ် အသစ်လဲ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ခုနစ်ဦး အတိုင်ခံရ

ထားဝယ် ဇန်နဝါရီ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ဆင်ဖြူပြင်ရပ်ကွက်မှ နတ်ကွန်းတစ်ခုရှိ ရွာပိုင်ဘိုးဘိုးရုပ်တုကို ဖယ်ရှားပြီး ရုပ်တုသစ် အစားထိုးလဲလှယ်ခြင်းကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဇော်အောင် အပါအဝင် ခုနစ်ဦးအား အမှုဖွင့်ပေးရန် မူလရုပ်တုအလှူရှင်ဆိုသူက သရက်ချောင်းမြို့မရဲစခန်းတွင် ဇန်နဝါရီ ၁၅ ရက်က တိုင်ကြားခဲ့ကြောင်း သိရသည်။ မူလရုပ်တုကို ဇန်နဝါရီ ၁၃ ရက်တွင်...

အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

မော်လမြိုင် ဇန်နဝါရီ ၂၃ မော်လမြိုင်မြို့ သာယာအေးရပ်ကွက် လှိုင်ရွှေဝါလမ်းတွင် လူမနေသည့် အိမ်တစ်အိမ်အတွင်း၌ အမျိုးသားတစ်ဦး အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးမှု ဇန်နဝါရီ ၂၁ ရက်က ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဖော်ပြပါအိမ်ရှေ့ ဝရံတာထုတ်တန်းနှင့် နှစ်ပေခန့်အကွာတွင် နိုင်လွန်ကြိုးအရှည် ၃ ပေကျော်ခန့်ဖြင့် အမျိုးသားတစ်ဦး ကြိုးဆွဲချ...
- Advertisement -