fbpx
15.3 C
Mawlamyine
Sunday, December 8, 2019

စိတ်ကြွရူးသွပ်ဆေးပြားအချို့ ပုဆိုးခါးပုံစထဲမှ ဖမ်းမိ

မော်လမြိုင် ဇန်နဝါရီ ၂၈ သံဖြူဇရပ်မြို့ ကြာကန်ရပ်ကွက် နေအိမ်တစ်အိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြားအချို့ကို မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၇ ရက်တွင် ရှာဖွေဖမ်းမိခဲ့ကြောင်း သိရသည်။ အချိုင် (ခ) စက်နိုင်ဦး၏ နေအိမ်ကို သတင်းအရ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ ၎င်း၏ ပုဆိုး ခါးပုံစထဲမှ စိတ်ကြွရူးသွပ်ဆေးပြား...

ချိန်ခါမဲ့မိုးကြောင့် နေလှန်းဆား ပိဿာချိန် ၁၃သိန်းနီးပါး ပျက်စီး

မော်လမြိုင် ဇန်နဝါရီ မွန်ပြည်နယ်တွင် ဇန်နဝါရီ ၈ရက်က ရွာသွန်းခဲ့သည့် ချိန်ခါမဲ့မိုးကြောင့် နေလှန်းဆားပိဿာ၁၃သိန်းနီးပါး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ပငဆားကွင်းမှ ဆားလုပ်ငန်းရှင်များထံမှ သိရသည်။ နေလှန်းထားသော ဆားနှင့် သွင်းရေများ အားလုံး မိုးကြောင့် ပျက်စီးသွားကြောင်း ပငဆားကွင်း မန်နေဂျာ ဦးကျော်လွင်က ပြောကြားသည်။ “ကျွန်တော်တို့ ဆားကွင်းမှာတော့ အကုန်ပျက်စီးသွားတယ်၊ နေလှန်းထားတဲ့ဆားရယ်၊ ရေတင်ထားတဲ့...

ဝင်းဖနုံဆည်ရေ သံဖြူဇရပ်နှင့် ပငကို ပေးဝေမည်

မော်လမြိုင် နိုဝင်ဘာ ဝင်းဖနုံဆည်ရေကို သံဖြူဇရပ်နှင့် ပငမြို့ ရေပေးဝေရေးအတွက် လေးနှစ်စီမံကိန်းဖြင့် စတင်ဆောင်ရွက်နေသည်ဟု ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းဌေးကပြောသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး JICA မှ နှစ် ၃ဝ ချေးငွေ ကျပ် ၄ ဘီလီယံခန့်ဖြင့် စီမံကိန်းအကောင်အထည်ဖော်မည်ဟု ၎င်းကပြောသည်။ “ဆည်ကြီးက ရေသိုလှောင်မှုပမာဏလည်းများတယ်။...

အိုဟောင်းနေသည့် ဥပဒေများ မြန်မာ့တရားစီရင်ရေး၌ မရှိသင့်တော့ဟု နယူးဇီလန်သံအမတ်ပြော

  မော်လမြိုင် အောက်တိုဘာ မြန်မာနိုင်ငံ၏ စာနယ်ဇင်းလွတ်လပ်ခွင့်သည် တရားစီရင်ရေးစနစ်နှင့် သက်ဆိုင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်သံအမတ် မစ္စတာစတိဗ့်မာရှယ်ကပြောသည်။ အောက်တိုဘာ ၁၇ ရက်နေ့က သံဖြူဇရပ်စစ်သချိုင်းတွင် ကျင်းပခဲ့သော ထိုင်း-မြန်မာသေမင်းတမန် ရထားလမ်း ဆောက်လုပ်ပြီးစီးမှု ၇၅ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်လာစဉ် ဟင်္သာမီဒီယာ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။ စာနယ်ဇင်းလွတ်လပ်ခွင့်သည် ဒီမိုကရေစီအသိုင်းအဝိုင်းအတွက် လွန်စွာအရေးပါသည်မှာ ထင်ရှားကြောင်း၊...

ရေကြီးမှုကြောင့် သိုလှောင်ဆား ကျပ်သိန်း ၄၀၀၀ ဖိုး ဆုံးရှုံး

မော်လမြိုင်၊ ဇွန် မွန်ပြည်နယ်တွင် ဇွန် ၁၇ရက် နံနက်ပိုင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ အတွင်းရှိ ဆားဂိုထောင်မှ သိုလှောင်ဆား ပိဿာချိန် ၂၅ သိန်းခန့်၊ တန်ဖိုး ကျပ် သိန်း ၄၀၀၀ ဖိုး ဆုံးရှုံးခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးဝန်ကြီး ဦးထွန်းဌေးက ဟင်္သာမီဒီယာသို့...

မိန်ဗလာတောင် ဂျပန်ခေတ် လက်ကျန်ပစ္စည်း တူးဖော်မှုဂယက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဘာပြောသလဲ သံဖြူဇရပ်မြို့နယ် ဝဲကဝါကျေးရွာရှိ မိန်ဗလာတောင်တွင် ဒုတိယကမ္ဘာစစ် ဂျပန်ခေတ် လက်ကျန်ပစ္စည်းများကို ကုမ္ပဏီတစ်ခု အား တူးဖော်ခွင့် ပေးအပ်ထားမှုအတွက် ဒေသခံများ စိုးရိမ်မှုမြင့်တက်လာသည်။ အကြောင်းအရင်းမှာ ဂျပန်တို့ ထောင်ထားသည့်ဗုံးများရှိသည်ဟု ယုံကြည်သဖြင့် ယခုလို တူးဖော်မှုကြောင့် ပေါက်ကွဲလာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ အစိုးရအဖွဲ့ကမူ အဆိုပါ တောင်တွင် Royal...

အခါလွန် ကွက်ကျားမိုးကြောင့် ဆားကွင်းပျက်ကာ ဆားဈေး ပြန်တက်

မော်လမြိုင်၊ မတ် ၂၃ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာတွင် ယခုလလယ်ပိုင်းအစော၌ မိုးရွာသွန်းမှုကြောင့် ဆားကွင်းပျက်စီးခဲ့သည့်အတွက် ဆားဈေးနှုန်းများ ပြန်လည်မြင့်တက်နေကြောင်း သတ္ထုတွင်းနှင့် ဆားလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။ “ပငကျေးရွာက ဆားဧက၂၀၀၀ လောက်ရှိတယ်။ ဆားလုပ်ငန်းတွေ အဓိကလုပ်တဲ့နေရာပဲ။ ပြီးခဲ့တဲ့မတ်လဒုတိယအပတ်က မိုးတွေက နေရာကွက်ကျားရွာတော့ ပငမှာ...

ကျိုက္ခမီရှိ မြစိမ်းရောင် ဘုရားမြေကို မတရားသိမ်းဆည်းခဲ့သည်ဟုဆိုကာ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် သံဖြူဇရပ်မြို့နယ်အုပ်ချုပ်ရေးမှူးကို ဒေသခံတို့ ဆန္ဒပြ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၉ ကျိုက္ခမီမြို့ရှိ မြစိမ်းရောင် ဘုရားမြေအား လုပ်ပိုင်ခွင့်အသုံးပြုပြီး မတရားသိမ်းဆည်းခဲ့သည်ဟုဆိုကာ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးမှူးတို့ကို အမျိုးသားရေး၊ ဘာသာရေးအင်အားစုများက ဖေဖော်ဝါရီ ၁၉ ရက်က သံဖြူဇရပ်မြို့နယ်တွင် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။ မြစိမ်းရောင် ဘုရား ဝတ္တကမြေကို မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က မီးသတ်စခန်း မြေနေရာနှင့်ရေကန်တည်ဆောက်ရန်အတွက်...

စက်စဲကမ်းခြေမှ တစ်နှစ်တာအတွင်း ယစ်မျိုးလိုင်စင်အတွက် အခွန်ငွေရရှိမှု ကျပ်သုံးသိန်းမပြည့်

မော်လမြိုင်၊ ဒီဇင်ဘာ  စက်စဲကမ်းခြေ၌ ယစ်မျိုးလိုင်စင်ရ လုပ်ငန်းရှင် ၈ ဦးရှိရာတွင် တစ်နှစ်အတွင်း အခွန်ငွေ ၂၈၀,၀၀၀ ကျပ်သာ ရရှိခဲ့ကြောင်း မွန်ပြည်နယ်လွှတ်တော်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကာကွယ်စောင့်ကြည့်ရေး ကော်မတီအစီရင်ခံစာတွင် ဖော်ပြထားသည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ လုပ်ငန်းလိုင်စင် (၇) ခုရှိပြီး တစ်နှစ်အတွင်း ရရှိခဲ့သည့် အခွန်ငွေပေါင်းမှာ ၅,၉၅၁,၀၀၀...

ယခုဘဏ္ဍာနှစ်တွင် ဈေးကြိုမီးပွိုင့်မှ သံဖြူဇရပ်အဝိုင်းအလွန်ထိ နိုင်လွန်ကတ္တရာ ခင်းမည်

မော်လမြိုင်၊ ဒီဇင်ဘာ ၁၀ မော်လမြိုင်မြို့၊ ဈေးကြိုမီးပွိုင့်မှ သံဖြူဇရပ်အဝိုင်း ကျော်အထိ ၃၉ မိုင်ရှည်လျားသည့် လမ်းပိုင်းအနက် မိုင် ၂၀ အတိုင်းအတာကို အေးကို ဆောက်လုပ်ရေးုမိသားစု ကုမ္ပဏီလီမိတက်က တာဝန်ယူ၍ နိုင်လွန်ကတ္တရာ ယခုဘဏ္ဍာနှစ်တွင် အပြီးသတ် ခင်းမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကျန်ရှိသည့်...