27.9 C
Mawlamyine
Monday, May 25, 2020

စက်စဲကမ်းခြေမှ တည်းခိုခန်းမြေနေရာများ ပြန်လည်စိစစ်မည်

သံဖြူဇရပ်မြို့နယ်၊ စက်စဲကမ်းခြေတွင် ယခင် အစိုးရအဆက်အဆက်မှ  ဆောက်လုပ်ထားသည့် အဆောက်အဦ မြေနေရာကို စီမံခန့်ခွဲမှုများ အားနည်းခဲ့သည့်အတွက် ပြန်လည်စိစစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။ ယင်း အဆောက်အဦများ ဆောက်လုပ်ထားသည့် မြေနေရာများ စစ်ဆေးရန်အတွက် သံဖြူဇရပ်မြို့နယ် မြေစာရင်းဌာနကို ဆောင်ရွက်ခိုင်းထားကြောင်း ဦးထွန်းဌေးက...

ဘိန်းစာရွက်လက်ဝယ်တွေ့ရှိသူ ထံ မှငွေကြေးတောင်းခံသော ရဲတပ်ကြပ်တစ်ဦး တိုင်ကြားခံရ

သံဖြူဇရပ်၊ မေ ၂၈ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာ မှ ဘိန်းစာရွက်များလက်ဝယ်တွေ့ရှိ ဖမ်းဆီးရမိသူ ထံမှ ငွေကြေးတောင်းခံ ရဲတပ်ကြပ်တစ်ဦး ကို အစိုးရတာဝန်သူများထံ တိုင်ကြားထား ကြောင်း အဆိုပါ ဖမ်းဆီးခံရသူ ၏ မိသားစုဝင်များ ထံမှသိရှိရသည်။ သံဖြူ ဇရပ်မြို့ ဝယ်သွန်ချောင်ကျေးရွာ တွင်နေထိုင်သော ဟိန်းမင်းလတ်...

သံဖြူဇရပ်မြို့လယ်အဝိုင်းရှိ ကျိုးပဲ့ပျက်စီးခဲ့သော ဟင်္သာရုပ်တုနေရာကို အသစ်ပြန်လည်တပ်ဆင်မည်

သံဖြူဇရပ်မြို့လယ်အဝိုင်းရှိ ယာဉ်မတော်တဆမှုကြောင့် ကျိုးပဲ့ပျက်စီးခဲ့သည့် ဟင်္သာရုပ်တုကို အသစ်ပြန်လည် အစားထိုးတပ်ဆင်မည်ဖြစ်ကြောင်း ဟင်္သာရုပ်တုဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။ “ရုပ်တုအသစ်က ပြီးခါနီးနေပြီး။ ဆေးသုတ်ဖို့ ပဲကျန်နေတယ်၊ လာမယ့် ၇ လပိုင်းလောက်မှာ တပ်ဆင်သွားမယ်”ဟု ဟင်္သာရုပ်တုဖြစ်မြောက်ရေးကော်မတီ ဦးဆောင်ဆရာတော် ဘဒ္ဒန္တခေမာနန္ဒက မိန့်ကြားသည်။ ရုပ်တုအသစ်ကို ယခင်ထက် တစ်ပေပတ်လည်ပိုကြီး၍ ကုန်ကျစရိတ်အားဖြင့် သိန်း...

ကျိုက္ခမီရှိ မြစိမ်းရောင် ဘုရားမြေကို မတရားသိမ်းဆည်းခဲ့သည်ဟုဆိုကာ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် သံဖြူဇရပ်မြို့နယ်အုပ်ချုပ်ရေးမှူးကို ဒေသခံတို့ ဆန္ဒပြ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၉ ကျိုက္ခမီမြို့ရှိ မြစိမ်းရောင် ဘုရားမြေအား လုပ်ပိုင်ခွင့်အသုံးပြုပြီး မတရားသိမ်းဆည်းခဲ့သည်ဟုဆိုကာ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် သံဖြူဇရပ်မြို့နယ် အုပ်ချုပ်ရေးမှူးတို့ကို အမျိုးသားရေး၊ ဘာသာရေးအင်အားစုများက ဖေဖော်ဝါရီ ၁၉ ရက်က သံဖြူဇရပ်မြို့နယ်တွင် စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။ မြစိမ်းရောင် ဘုရား ဝတ္တကမြေကို မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့က မီးသတ်စခန်း မြေနေရာနှင့်ရေကန်တည်ဆောက်ရန်အတွက်...

ရေကြီးမှုကြောင့် သိုလှောင်ဆား ကျပ်သိန်း ၄၀၀၀ ဖိုး ဆုံးရှုံး

မော်လမြိုင်၊ ဇွန် မွန်ပြည်နယ်တွင် ဇွန် ၁၇ရက် နံနက်ပိုင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ အတွင်းရှိ ဆားဂိုထောင်မှ သိုလှောင်ဆား ပိဿာချိန် ၂၅ သိန်းခန့်၊ တန်ဖိုး ကျပ် သိန်း ၄၀၀၀ ဖိုး ဆုံးရှုံးခဲ့ကြောင်း ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးဝန်ကြီး ဦးထွန်းဌေးက ဟင်္သာမီဒီယာသို့...

မော်လမြိုင် – သံဖြူဇရပ် လမ်းပိုင်း အချိန်မီ ပြုပြင်ရေး လွှတ်တော်တွင် အဆိုတင်

မော်လမြိုင် မေ ၃ မွန်ပြည်နယ် မော်လမြိုင် - သံဖြူဇရပ် (BOT) လမ်းပိုင်းအား အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းတို့မှ စိစစ်သုံးသပ်၍ အချိန်မီ ပြုပြင်ပေးရန် တိုက်တွန်းကြောင်း အဆိုကို သထုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက တင်သွင်းခဲ့သည်။ မေလ ၃ ရက်တွင်ပြုလုပ်သော...