Advertisements

ခရစ္စတီယာနိုရောနယ်ဒို ဂျူဗင်တပ်အသင်းသို့ ပြောင်းရွေ့

ရိုမာ ၊ ဇူလိုင် ရီယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုသည် ဂျူဗင်တပ်အသင်းနှင့် လက်တွဲသွားပြီ ဖြစ်ကြောင်း ရီယဲလ်အသင်းက ဇူလိုင် ၁ဝ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ နှစ်ဖက်ကလပ်အသင်းက ပြောင်းရွှေ့ကြေး ယူရိုငွေ ၁၁၂ သန်း( အမေရိကန်ဒေါ်လာ ၁၃၂သန်း) ဖြင့်သဘောတူညီခဲ့ကြကြောင်း ၊ အသက် ၃၃ နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင်ကစားသမားရော်နယ်ဒိုသည်...

ကမ္ဘာ့ဖလားမှာစံချိန်သစ်တင်ခဲ့တဲ့ အင်္ဂလန်အသင်း

အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့် ဒုတိယပွဲစဉ်မှာ ပနားမားကို ခြောက်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အဲဒီနိုင်ပွဲဟာ အင်္ဂလန်အသင်းအတွက်တော့ ကမ္ဘာ့ဖလားမှာ စံချိန်သစ်တင်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။ အဲဒီပွဲစဉ်သွင်းဂိုး တွေကြောင့် အင်္ဂလန်အသင်းဟာ နှစ်ပွဲကစားအပြီးမှာ သွင်းဂိုးရှစ်ဂိုး အထိ စုဆောင်း ထားနိုင်ခဲ့တဲ့အပြင် နောက်တစ်ဆင့်ကိုလည်း အုပ်စုပထမနဲ့ တက်လှမ်းဖို့ ရေပန်းစားနေခဲ့တာလည်း ဖြစ်ပါတယ်။ အင်္ဂလန်အသင်းနဲ့ ပနားမားအသင်းတို့ရဲ့...

ISISရန်ကြောက်လို့ သက်တော်စောင့် ငှားရမ်းလိုက်တဲ့ စီရော်နယ်ဒို

ရီးရဲလ်ကြယ်ပွင့်နဲ့ ပေါ်တူဂီအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်းမှာ အသက်အန္တရာယ်လုံခြုံရေးစိတ်ချနိုင်ရေးအတွက် သက်တော်စောင့်တစ်ဦးကို ငှားရမ်းခဲ့တယ်လို့ သိရှိရပါတယ်။ စီရော်နယ်ဒို ဟာ နူနိုမာရီးကိုးစ်လို့ အမည်ရ စပိန်နွားရိုင်းသတ်သမားတစ်ဦးကို သက်တော်စောင့်အဖြစ် ငှားရမ်းခဲ့တာဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အစ္စလာမ်အကြမ်းဖက် အဖွဲ့အစည်းဖြစ်တဲ့ ISIS ရဲ့ ခြိမ်းခြောက်ခံရမှုအပြီးမှာ...

ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ချစ်တင်းမနှောရန် ဂျာမနီနည်းပြ တားမြစ်

ဂျာမနီအသင်းရဲ့နည်းပြဂျိုအာချင်လိုက မကြာမီ ကျင်းပမယ့်၂၀၁၈ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာအောင်မြင်မှုတွေရရှိစေဖို့အတွက် ဂျာမနီကစားသမားတွေကို စည်းကမ်းချက်အချို့ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ နည်းပြဂျိုအာချင်လိုက ဂျာမနီအသင်းအတွက် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့ အလွန်အမင်းစိတ် ဆန္ဒပြင်းပြနေပြီး ကစားသမားများအနေနဲ့ ပြိုင်ပွဲကာလပြင်ဆင်မှု တွေနဲ့ ပြိုင်ပွဲကာလအတွင်း လိင်မှုကိစ္စတွေကိုရှောင်ကြဉ်ရန် တား မြစ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုက ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အရေးကြီးတဲ့ပြိုင်ပွဲဖြစ်ပြီး ကစားသမားတွေဟာ ကြံခိုင်မှုအပြည့်ရှိနေဖို့...

နည်းပြလောကထဲကို ဝင်ရောက်လာတဲ့ လမ်းပတ်

အင်္ဂလန်ချန်ပီယံရှစ်ကလပ်ဖြစ်တဲ့ ဒါဘီကောင်တီအသင်းက ချဲလ်ဆီးကစားသမားဟောင်း ဖရန့်လမ်းပတ်ကို နည်းပြအဖြစ် တရားဝင်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သတင်းများက သိရှိရပါတယ်။ လမ်းပတ်က ဒါဘီကောင်တီအသင်းနဲ့ ၃ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ သဘောတူချုပ်ဆိုခဲ့တာဖြစ်ပြီး ဒါဘီကောင်တီရဲ့နည်းပြဂယ်ရီရိုဝေါ့နေရာမှာ လမ်းပတ်ကိုနည်းပြအဖြစ် ကိုင်တွယ်ဖို့ အစားထိုးခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။ လမ်းပတ်က ” ဒီအလုပ်ဟာ မလွယ်ကူမှန်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဘောလုံးတစ်သင်းလုံးကို...

ဘောလုံးပွဲမှာမိုးကြိုးထိမှန်ပြီး နှစ်လအကြာမှာ မာရစ်ဘက်တိုက်စစ်မှူး ကွယ်လွန်

တောင်အာဖရိက ပရီးမီးယားလိဂ်ရဲ့ မာရစ်ဘက်ယူနိုက်တက်အသင်း တိုက်စစ်မှူး လူယန်ဒါနာ ရှန်ဂါဆီဟာ ဘော လုံးကွင်းထဲမှာ ဘောလုံးကစားနေရင်း မိုးကြိုးထိမှန်ကာ သေဆုံးခဲ့ရကြောင်း သတင်းများက သိရှိရပါတယ်။ ပြီးခဲ့တဲ့နှစ်လခန့်က အာဖရိကတိုက်စစ်မှူး လူယန်ဒါနာရှန်ဂါဆီဟာ ကွာဇူးလူး-နာတယ်မှာ ကျင်းပ ပြုလုပ်တဲ့ ချစ် ကြည်ရေးပွဲစဉ်တစ်ခုမှာ ဘောလုံးကစားနေရင်း ရုတ်တရက် မိုးကြိုးထိမှန်ခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိ...

ကွမ်ကျိုးအသင်းက ဝန်ထမ်းငါးဦး ဒဏ်ရိုက်ခံရ

တရုတ်စူပါလိဂ်ကလပ်ဖြစ်တဲ့ ကွမ်ကျိုးအဲဗားဂရန်းအသင်းဟာ အာရှချန်ပီယံလိဂ် ဖလားပွဲစဉ်မှာ အသင်းရဲ့နောက်ခံကစားသမား ကျန်လင်ဖန်းရဲ့ အင်္ကျီကို တိတ်နဲ့ကပ်ကာ ဝတ်ဆင်ကစားခိုင်းတဲ့ ဝန်ထမ်းငါးဦးကို လစာဖြတ်တောက်မယ်လို့ သတင်းများက ထွက် ပေါ်လာတယ်။ ကွမ်ကျိုးရဲ့တာဝန်ရှိသူတွေက အင်္ကျီကိုတိတ်ကပ်ပြီး ဝတ်ဆင်ကစားခိုင်းတဲ့ ဝန်ထမ်းတွေရဲ့လုပ်ရပ်ဟာ အသင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ယူဆခဲ့ကြောင့် လစာဖြတ်တောက်ကာ ဒဏ်ရိုက်ဖို့ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အာရှချန်ပီယံလိဂ်ဖလား ရှုံးထွက်၁၆သင်းအဆင့် ပထမအကျော့ပြိုင်ပွဲမှာ ကွမ်ကျိုးအသင်းဟာ...

ဂျေလိဂ်ကို ခရီးနှင်မယ့် အင်နီယေစတာ

ဘာစီလိုနာအသင်းရဲ့ ဝါရင့်ကွင်းလယ်ကစားသမား အင်နီယေစတာဟာ ဂျေလိဂ်ကလပ် ဗစ်ဆဲလ်ကိုဘီအသင်းနဲ့ တစ်နှစ်လုပ်ခဒေါ်လာသန်း (၃၀) နဲ့ (၃)နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းများက သိရှိရပါတယ်။ ရာသီအကုန်မှာ အသင်းကနေထွက်ခွာတော့မယ့် အင်နီယေစတာ က တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပေမယ့် အဆင်မပြေဖြစ်ခဲ့ပြီး ဂျပန်ဂျေ လိဂ်ကလပ်ဖြစ်တဲ့ ဗစ်ဆဲလ်ကိုဘီက ကြားဝင်ကာ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။ တရုတ်စူပါလိဂ်ကလပ်...

ကြိုးဝိုင်းပေါ် ခြေချခွင့်မရခဲ့တဲ့ ဖာဒီနန်

မန်ယူအသင်းရဲ့နောက်ခံကစားသမားဟောင်းကြီး ရီယိုဖာဒီနန်ရဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့ကစားသမားအဖြစ် အသိအမှတ်ပြုဖို့ လျှောက်ထားခွင့်လိုင်စင်ဟာ ပယ်ချခံခဲ့ရတယ်လို့ သတင်းများက သိရပါတယ်။ ဖာဒီနန်ဟာ သူဝါသနာပါတဲ့ လက်ဝှေ့သမားဘဝကို ကူးပြောင်းဖို့အတွက် လိုင်စင်လျှောက်ထားခဲ့တာဖြစ်ပြီး ဗြိတိန်လက်ဝှေ့အဖွဲ့အစည်း (BBBofC)က ငြင်းဆန်ကာ ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။ ဗြိတိန်လက်ဝှေ့ အဖွဲ့အစည်း(BBBofC)က ဖာဒီနန်လက်ဝှေ့လိုင်စင်နဲ့ ပတ်သတ် ပြီး ဘယ်သူ့အတွက်မှ အကျိုးအမြတ်ရရှိစေနိုင်မှာ မဟုတ်တဲ့ အတွက် လက်ဝှေ့ထိုးသတ် ခွင့်လိုင်စင်ကို ခွင့်မပြုခဲ့တာပါလို့ တုံ့ပြန်ဖြေရှင်းခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့်...

အန်ဖီးလ်မှာတိုက်ခိုက်ခံရတဲ့ မန်စီးတီး

လီဗာပူးလ်အသင်းရဲ့ဆိုးသွမ်းတဲ့ပရိသတ်တွေဟာ မန်စီးတီးကစားသမားတွေပါဝင်တဲ့ မန်စီးတီး အသင်းပိုင် ဘတ်စ်ကားကို အန်ဖီးလ်လမ်းမကြီးပေါ်မှာ ပြင်းထန်စွာတိုက်ခိုက်ခဲ့တယ်လို့ သတင်းများ က သိရှိရပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဧည့်သည်အသင်း အနေနဲ့ လာရောက်ကစားခဲ့တာဖြစ်ပြီး အိမ်ရှင်လီဗာပူးလ်အသင်းရဲ့ဆိုးသွမ်းတဲ့ ပရိသတ်တွေက ပုလင်းတွေ၊ မီးရှူးမီးပန်းတွေ၊ အခြားလေးလံတဲ့အရာဝတ္ထုတွေနဲ့ တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဗြိတိန်မီဒီယာတွေရဲ့အဆိုအရ လီဗာပူးလ်အသင်းပရိသတ်တွေဟာ...

Latest article

လူမှုကွန်ယက်ဆိုင်ရာ အွန်လိုင်းတိုင်စာစနစ် အမေရိကန် စတင်

ကယ္လီဖိုးနီးယား ေမ ၂၀ လူမှုကွန်ယက်များပေါ်တွင် အချက်အလက်ဝေမျှခြင်းများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာထင်မြင်ချက်များမျှဝေခြင်း၊ ဖြန့်ဝေခြင်းစသည်တို့ရှိပါက အမေရိကန်အစိုးရသို့တိုင်ကြားနိုင်သည့် အွန်လိုင်းတိုင်စာစနစ်ကို သမ္မတရုံးမှ ထုတ်ပြန်ကြေညာခဲ့သည်။ အထူးသဖြင့် ဖေ့ဘွတ်နှင့် ယူကျူ့မှ ဆင်ဆာဖြတ်သည့်ကိစ္စများကို အစိုးရဘက်မှ တရားဝင် ဒဏ်ကြေးကောက်ခံခြင်း၊ အရေးယူခြင်းများလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။ သမ္မတထရန့်၏ အဆိုပါအစီအစဉ်သည် အွန်လိုင်းပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်ကို အားပေးရန်...

ထိုင်းမိဖုရား မွေးနေ့ အများပြည်သူရုံးပိတ်ရက် သတ်မှတ်

ဘန်ကောက် မေ ၂၀ ထိုင်းဘုရင့် မိဖုရားအသစ် မွေးနေ့ ဇွန်လ ၃ရက်နေ့ကို အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း မေလ ၁၈ရက်နေ့က အတည်ပြုခဲ့သည်။ ယခုနှစ် ဇွန်လ ၃ရက်နေ့မှစတင်ကာ ထိုင်းနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ပြည်သူ့ရုံးပိတ်ရက်အဖြစ် သတ်မှတ်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်း၏ ခွင့်ပြုချက်ဖြင့် မိဖုရား...

Huawei ဖုန်းများတွင် Android OS များအသုံးပြုခွင့် Google ပိတ်ပင်

ကယ္လီဖိုးနီးယား ေမ ၂၀ အမေရိကန်သမ္မတထရန့်ရဲ့ အမျိုးသားလုံခြုံဆိုင်ရာ အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီးနောက်မှာတော့ Google ကုမ္ပဏီဟာ ဟွာဝေးဖုန်းတွေမှာ Android OS အသစ်တွေ အသုံးပြုခွင့်ကို ရုတ်တရက် ရပ်ဆိုင်းလိုက်ပါတယ်။ ထရန့်ရဲ့ကြေညာချက်မှာ ပြည်ပတယ်လီကွန်းကုမ္ပဏီတွေလို့သာ သုံးနှုန်းထားပေမဲ့ ဟွာဝေးကုမ္ပဏီကို ရည်ရွယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အပြီးမှာ လေ့လာသူတွေက ခန့်မှန်းချက်ထုတ်ခဲ့ကြပါသေးတယ်။ မေလ ၁၉ရက်နေ့မှာတော့ အမေရိကန်အခြေစိုက် Googleကုမ္ပဏီဟာ...