ပြည်သူ ၂ သန်းကျော် ဆန္ဒပြခဲ့ပြီးနောက် ဟောင်ကောင်ခေါင်းဆောင် ဝန်ချတောင်းပန်

By Myanmar Now 17/06/2019 ဟောင်ကောင်တွင် တနင်္ဂနွေနေ့က ပြည်သူ ၂ သန်းခန့်က လမ်းမများကို ပိတ်ဆို့ကာ အငြင်းပွားဖွယ် တရားခံလွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေမူကြမ်းဖျက်သိမ်းရေးအတွက် ဆန္ဒပြမှုကြီး ပေါ်ပေါက်ခဲ့ပြီးနောက် ဘေဂျင်းအစိုးရဘက်ယိမ်းသည့် ဟောင်ကောင်ခေါင်းဆောင်(အမျိုးသမီးအုပ်ချုပ်ရေးမှူး) ကာရီလမ်က ပြည်သူများကို ဝန်ချတောင်းပန်လိုက်သည်။ ကာရီလမ်က ယခုလို ဟောင်ကောင်တွင် ပဋိပက္ခသဘောမျိုး ဖြစ်ပေါ်နေခြင်းအတွက် ပြည်သူများကို...

အီဂျစ်၏ဖြုတ်ချခံသမ္မတ မော်စီ တရားရုံး၌အစစ်ခံနေစဉ် လဲကျသေဆုံး

17/06/2019 Myanmar Now အီဂျစ် နိုင်ငံ၏ ရွေးကောက်ခံသမ္မတဟောင်း မိုဟာမက် မော်စီသည် ၎င်းကို ရုံးတင်စစ်ဆေးနေသည့် တရားရုံးအတွင်း မူးမေ့လဲကျကာ သေဆုံးခဲ့သည်ဟု နိုင်ငံပိုင် ရုပ်သံက သတင်းထုတ်ပြန်သည်။ ၂၀၁၃ ခုနှစ်တွင် စစ်တပ်က ဖြုတ်ချခြင်းကို ခံခဲ့ရသည့် မော်စီသည် ယခု ပိတ်ပင်ခံထားရသည့် အစ္စလာမ္မစ် လှုပ်ရှားမှူ "မွတ်စလင်ညီနောင်များအဖွဲ့"...

တနင်္သာရီတိုင်းသို့ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှု ပုဂံထက်ကျော်

ထားဝယ်၊ ဇွန် တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့နိုင်ငံခြားခရီးသည်ဝင်ရောက်မှုမှာ ၃ နှစ်ဆက်တိုက်ပုံဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကိုကျော်တက်သွားကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးလှထွေးကပြောကြားသည်။ “နိုင်ငံခြားခရီးသွားဝင်ရောက်မှုက အခု ပုဂံကို ကျော်နေပြီ“ဟု ဦးလှထွေးက ဆိုသည်။ တနင်္သာရီတိတိုင်းအတွင်း ၂၀၁၈ ခုနှစ်တွင် ခရီးသည်ဝင်ရောက်မှုမှာ ၃၅၀၀၀၀ ဦးကျော်ရှိပြီး နှစ်စဉ်ခရီးသည် ဝင်ရောက်မှုမှာ ပုံမှန်မြှင့်တက်နေကြောင်းတနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးညိုအေးက ပြောသည်။ ပုဂံဒေသသို့ နိုင်ငံခြားခရီးသည် ၂၀၁၆ ခုနှစ်တွင်၂၈၀၀၀၀ ကျော်၊...

အိန္ဒိယသို့ တင်ပို့သည့် အမေရိကန်ထုတ်ကုန်အချို့ကို အခွန် တိုးကောက်

နယူးဒေလီ၊ ဇွန် ၁၈ အိန္ဒိယနိုင်ငံတွင်းသို့ တင်ပို့လာသည့် အမေရိကန်နိုင်ငံမှ သွင်းကုန်၂၈မျိုးကို ဇွန်လ ၁၆ရက်နေ့မှစ၍ အခွန်တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရအဖွဲ့က ကြေညာသည်။ အဆိုပါကြေညာချက်ကို ဇွန်လ ၁၇ရက်နေ့တွင် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ခဲ့ပြီး ပဲအမျိုးမျိုး၊ အစေ့အဆံများပါဝင်ကြောင်းသိရသည်။ ယခင်က အခွန်စည်းကြပ်မည့်စာရင်းတွင် ပုစွန်ပါဝင်သော်လည်း ၁၇ရက်နေ့ ကြေညာချက်တွင် ပုစွန်တစ်မျိုးလျော့ကာ ၂၈မျိုးသာစည်းကြပ်ခဲ့သည်။ ယင်းသို့ စည်းကြပ်ခြင်းသည်...

လျှပ်စစ်မီးတိုင်စိုက်ထားမှုကြောင့် မော်လမြိုင်လေဆိပ်တွင် လေယာဉ်အတက်အဆင်း အခက်အခဲဖြစ်

မော်လမြိုင်၊ ဇွန် ကေဗီ ၂၃၀ လျှပ်စစ်ဓာတ်အားလိုင်းအသစ် ဓာတ်တိုင်များစိုက်ထူထားမှုကြောင့် မော်လမြိုင်လေဆိပ်တွင် လေယာဉ်များ အတက်အဆင်း ပြုလုပ်ရန်  အခက်အခဲ ဖြစ်နေကြောင်း မော်လမြိုင်လေဆိပ်တာဝန်ခံ ဦးဂျော်လီသိန်းက ဟင်္သာမီဒီယာသို့ ပြောကြားသည်။ အဆိုပါ လျှပ်စစ်ဓာတ်တိုင်များစိုက်ထူထားမှုနှင့် ပတ်သက်၍ ပြည်နယ်လျှပ်စစ်ဌာနသို့ အကြောင်းကြားစာ ပေးပို့ထားသော်လည်း အခုအချိန်ထိ ၎င်းလျှပ်စစ်ဓာတ်တိုင်များကိုပြောင်းရွှေ့ပေးခြင်း မရှိသည့်အတွက် လေဆိပ်သို့...

တရုတ်အပေါ် အခွန်တိုးမြှင့်မှု ရပ်ဆိုင်းပေးရန် အမေရိကန်အခြေစိုက်ကုမ္ပဏီများ အစိုးရထံ တောင်းဆို

ဝါရှင်တန် ဇွန် ၁၇ အမေရိကန်အစိုးရအနေနှင့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့်ပို့ကုန်များကို အခွန်တိုးမြှင့်ကောက်ခံနေခြင်းကို ရပ်ဆိုင်းပေးရန် အမေရိကန်အခြေစိုက်ကုမ္ပဏီ ၆၆၁ခုက လက်မှတ်ထိုးကာစာပို့တောင်းဆိုခဲ့ကြသည်။ အဆိုပါစာတွင် အမေရိကန်ကုမ္ပဏီများအနေနှင့် အစိုးရကို တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲနေခြင်းထက် နှစ်ဦးနှစ်ဖက်အကျိုးရှိသည့် သဘောတူညီမှုရအောင်လုပ်ဆောင်ပေးသင့်ကြောင်း တိုက်တွန်းအကြံပြုထားသည်။ နှစ်နိုင်ငံ အပြန်အလှန် အခွန်တိုးမြှင့်ခြင်းက နှစ်ဖက် စီးပွားရေးလုပ်ငန်းများကိုသာ ထိခိုက်စေပြီး အကျိုးမရှိသဖြင့် ရေရှည်တွင်...

မဘသအမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ညီလာခံသို့ ရန်ကုန်တိုင်းစစ်တိုင်းမှူးက သိန်း ၃၀၀ လှူ

By အောင်ငြိမ်းချမ်း & ဝင်းနန္ဒာ Myanmar Now 17/06/2019 အစွန်းရောက်အမျိုးသားရေးဝါဒီများဟု ကမ္ဘာထိကျော်ကြားသူများဖြင့် ဖွဲ့စည်းထားသည့် ယခင် မဘသအဖွဲ့ကို အမည်ပြောင်းထားသော ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း၏ နှစ်ပတ်လည်ညီလာခံသို့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံကိုယ်တိုင် အလှူငွေကျပ်သိန်း ၃၀၀ တက်ရောက်လှူဒါန်းခဲ့သည်။ ပဉ္စမအကြိမ် နှစ်ပတ်လည် စုံညီအစည်းအဝေးကို မဘသအဖွဲ့ ဥက္ကဋ္ဌဆရာတော်၏ အင်းစိန်မြို့နယ်...

ဆရာတော် မခေါ်ထိုက်ဟု သာသနာရေး ထုတ်ပြန်ချက် ဗုဒ္ဓ ဓမ္မပရဟိတ ဖောင်ဒေရှင်း ကန့်ကွက်

By ဝင်းနန္ဒာ & အောင်ငြိမ်းချမ်း Myanmar Now 17/06/2019 ဆရာတော်ဟု မခေါ်ဆိုထိုက် ဟု သာသနာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အပေါ် ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေရှင်း အနေနှင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ကျင်းပသည့် နှစ်ပတ်လည် အစည်းအဝေးတွင် ထုတ်ပြန်ကြေညာလိုက်သည်။ “အာဏာစက်ဖြင့် အရေးယူခံရသူကို ဆရာတော်ဟု မခေါ်ဆိုထိုက်ဟုလည်းကောင်း၊ မကြာခဏ...

လုပ်ခလစာမညီမျှသဖြင့် ဆွစ်ဇာလန်တွင် အမျိုးသမီးများ စုဝေး ဆန္ဒပြ

ဆွစ်ဇာလန်၊ ဇွန် ၁၇ ဆွစ်ဇာလန်နိုင်ငံတွင် လုပ်ခလစာနှင့်အခြားမညီမျှမှုများ၊ လိင်မှုနှောင့်ယှက်မှု အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် အမျိုးသမီးများလုပ်ငန်းခွင်များမှ ထွက်ကာ စုဝေးဆန္ဒပြခြင်းကို လုပ်ဆောင်ခဲ့ကြသည်။ အဆိုပါ ဆန္ဒပြမှုသည် ဇွန်လ ၁၅ရက်နေ့က ဖြစ်ပေါ်ခဲ့ပြီး ဆွစ်ဇာလန်အတွက် ယခုကဲ့သို့ဆန္ဒပြမှုမျိုးသည် ၂၈ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ ဆန္ဒပြသည့် အမျိုးသမီးရာပေါင်းများစွာတို့သည် အစဉ်အလာလုပ်ကိုင်လေ့ရှိသည့် အိမ်တွင်းလုပ်သားများ၊ ဆရာမများနှင့်...

လိုင်စင်မဲ့ဆိုင်ကယ်များကို ဒေသသုံးလိုင်စင် ပြုလုပ်ပေးမည်

ချောင်းဆုံ ဇွန် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များအားဒေသသုံးလိုင်စင်ပြုလုပ်ပေးရန်ရှိကြောင်းနှင့်ပြုလုပ်ပေးမည့် ရက်ချိန်းအတိအကျကိုမသိရှိရသေးကြောင်းချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော်က ဆိုသည်။ “လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကို ဒေသသုံးလိုင်စင်လုပ်ပေးဖို့ရှိတယ်။ ဘယ်နေ့မှာစတင်လုပ်ပေးမယ်ဆိုတာကိုတော့ရက်ချိန်းအတိအကျမသိရသေးဘူး။ ပြည်နယ်အစိုးရရုံးမှာ နောက်တစ်ကြိမ် အစည်းအဝေးလုပ်ဖို့ရှိတယ်”ဟု၎င်းကဆက်လက်ပြောသည်။ ချောင်းဆုံမြို့နယ်ရှိ ရပ်ကွက် / ကျေးရွာများတွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ စာရင်းပြုစုထားရန် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်မြို့နယ်အုပ်ချုပ်ရေးမှူးကညွှန်ကြားခဲ့ကြောင်းတော် ပွန်ကျေးရွာအုပ်ချုပ်ရေးမှူးဦးပုလင်းစိန်ကပြောသည်။ ယင်းအစည်းအဝေးကိုဇွန်လ ၅ ရက်နေ့က မြို့နယ်အထွေထွအုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ မုရစ်ကလေးကျေးရွာ ဒေသခံ ကိုထိုက်က ”လိုင်စင်မရှိတဲ့ယာဉ်တွေကိုလိုင်စင်လုပ်ပေးတာတော့ဟုတ်ပါပြီ၊အခွန်နှုန်းထားကဈေးမြင့်တယ်လို့ကြားနေရတယ်၊...

Latest article

ခရိမ်ကျောင်းကြီးပိုင်မြေအတွင်း ကျူးကျော်နေထိုင်သူများကို လိုအပ်ပါက တရားစွဲဆိုမည်

မော်လမြိုင်၊ ဇွန် ၁၈ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်၊ ခရိမ်ကျောင်းကြီးပိုင် သာသနာမြေအတွင်း ကျူးကျော်အဆောက်အအုံများ ကို ဖယ်ရှားရန်အတွက် လိုအပ်ပါက တရားစွဲဆိုသွားမည်ဟု ခရိန်ကျောင်းကြီး ကျောင်းထိုင် ဆရာတော် ဦးဥတ္တရက မိန့်သည်။ ဇွန်လ ၁၈ရက် မော်လမြိုင်၊ အောက်ကျင်းရပ် မြန်မာပြည်တောင်ပိုင်း ဂျာနယ်လစ်ကွန်ရက်ရုံးတွင် ကျင်းပသော သာသနာမြေကိစ္စနှင့် ပတ်သတ်ပြီး...

တစ်ကျော့ပြန် ပြင်းထန်တုပ်ကွေးကြောင့် လေးဦးသေဆုံးဟု ကျန်းမာရေးဝန်ကြီးဌာနပြော

By ဝင်းနန္ဒာ/Myanmar Now 19/06/2019 ရန်ကုန်ဆေးရုံကြီးတွင် ရာသီတုပ်ကွေး H1N1 ဖြင့် သေဆုံးသူ လေးဦးရှိနေပြီး သံသယလူနာများကို ထပ်မံစောင့်ကြည့်နေကြောင်း သိရှိရသည်။ သေဆုံးသူများမှာ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်း၊ ကော့မှူးနှင့် ဒဂုံဆိပ်ကမ်း မြို့နယ်များမှ ဖြစ်ပြီး အသက် ၇၅၊ ၃၁ နှင့် ၂၉ နှစ်အရွယ် ရောဂါအခံရှိသူများဖြစ်ကြသည်။ ရောဂါကူးစက်သံသယရှိသူ...

ယခင် မြို့မတံတားနေရာတွင် အဆောက်အဦသစ် တိုးချဲ့ဆောက်လုပ်ရန် ခွင့်ပြုထားခြင်း မရှိ

မော်လမြိုင် ဇွန်၁၈ မော်လမြိုင်မြို့ ကမ်းနားလမ်းမှ ယခင်မြို့မတံတားနေရာရှိ My Mawlamyine စားသောက်ဆိုင်၏ ဘေးတွင် အဆောက်အဦသစ် ဆောက်လုပ်နေခြင်းကို မွန်ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုပေးထားခြင်း မရှိကြောင်း ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။ ယင်းအဆောက်အဦ တည်ဆောက်ရန် ခွင့်ပြုချက်တင်ထားသော်လည်း ခွင့်ပြုချက် မကျမီ ဆောင်ရွက်နေသည့်အတွက် စည်ပင်မှ...