fbpx
15.3 C
Mawlamyine
Sunday, December 8, 2019

မြန်မာ့ရွှေ့ပြောင်းလုပ်သားများ ခရီးသွားနေစဉ် Work Permit အကြောင်းပြ၍ ဖမ်းဆီးခံနေရဟုဆို

မြဝတီ၊ မေ ။        ။ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာ့ရွှေ့ပြောင်း လုပ်သားများ ခရီးသွားလာနေစဉ် ထိုင်းလဝက (ရဲ) မှ Work Permit အကြောင်းပြ၍ ဖမ်းဆီးအရေးယူနေရမှုများရှိကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ သိရသည်။ “အာဆီယံ ဆယ်နိုင်ငံပဲ ကြည့်ကြည့်၊...

ဘုရားစင်လျှပ်စစ်မီးဆိုင်းများ ဝါယာရှော့ဖြစ်၍ ဘုန်းကြီးကျောင်း မီးလောင်မှုဖြစ်ပွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ သိပ္ပံလမ်းထိပ်တွင် ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၆ နာရီခွဲက မင်းကင်း ဘုန်းကြီးကျောင်းဝင်း အတွင်းရှိ နှစ်ထပ်ကျောင်းဆောင်၏ အပေါ်ထပ်ဘုရားစင်တွင် ပူဇော်ထားသော လျှပ်စစ်မီးဆိုင်းများ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ ဘုရားစင်မှ တစ်ဆင့် အပေါ်ထပ်ကျောင်းဆောင် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မော်လမြိုင်ခရိုင်...

ပျံကျဈေးများ စနစ်တကျဖြစ်လာစေရန် ဈေးလေးဈေးကို အဆင့်မြှင့်တင်မည်ဟု စည်ပင်ဝန်ကြီးဆို

မော်လမြိုင်၊ သြဂုတ် ၂၉ လက်ရှိအစိုးရဆောင်ရွက်နေသည့် ပျံကျဈေးများ စည်းစနစ်တကျဖြစ်လာစေရန် ဈေးလေးကို အဆင့်မြှင့်တင် သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားသည်။ မြိုင်ရတနာဟင်းရွက်ဈေး၊ ဘဲကုန်းဈေး၊ ကျောက်တန်းဈေးနှင့် ဒိုင်းဝန်ကွင်းဈေးတို့ကို ယခုနှစ် ပြည်နယ်ဖြည့်စွက် ဘတ်ဂျက်၌ ထည့်သွင်းရေးဆွဲကာ အဆင့်မြှင့်တင်ရန် စီမံဆောင်ရွက်ထားကြောင်း ၎င်းက ဆိုသည်။ “အဓိကကတော့ ပျံကျဈေးတွေကို...

သမ္မတအမိန့်ကြောင့် အမေရိကန်ထိပ်တန်းတက္ကသိုလ်များ ဟွာဝေးနည်းပညာ အထောက်အပံ့ယူခြင်း ရပ်ဆိုင်း

  ဝါရှင်တန် ဇန်နဝါရီ ၂၉ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားလုံခြုံရေးဥပဒေကြောင့် အမေရိကန် ထိပ်တန်းစာရင်းဝင် တက္ကသိုလ် ၂၀ ကျော်ဟာ ဟွာဝေးကုမ္ပဏီကနေ သုံးလေးနှစ်မက ရယူထားခဲ့တဲ့ နည်းပညာနဲ့ အင်တာနက်ကွန်ရက်ပိုင်း ထောက်ပံ့မှုကို ရပ်ဆိုင်းခဲ့ကြရပါတယ်။ ဟွာဝေးရဲ့ နည်းပညာ မြင့်မားလာမှုနဲ့ 5G ကွန်ယက်တွေကြောင့် တက္ကသိုလ်တော်တော်များများဟာ ဟွာဝေးကုမ္ပဏီရဲ့...

ကလေးလုပ်သားနှင့် တောင်းရမ်းစားမှုပြဿနာတွင် မိဘများကိုယ်တိုင်ပါဝင်ပတ်သက်နေသဖြင့် ကိုင်တွယ်ဖြေရှင်းရန် အခက်တွေ့နေဟု ဆို

သထုံ ဇန်နဝါရီ ၁၅ ကလေးလုပ်သားပြဿနာ၊ ကလေးသူငယ်များ တောင်းရမ်းစားမှု ပြဿနာ စသည်တို့တွင် ကာယကံရှင်မိဘများကိုယ်တိုင် ပါဝင်ပတ်သက်နေသည့်အတွက် အရေးယူကိုင်တွယ် ဖြေရှင်းရ ခက်ခဲနေကြောင်း မွန်ပြည်နယ် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က သုံးသပ်ပြောဆိုသည်။ “နိုင်ငံတော်ကို အခုမှ ပြန်လည် တည်ဆောက်နေရတာမို့ အားနည်းချက် အခက်အခဲ...

စာရေးဆရာကြီးဒဂုန်တာရာ ရာပြည့်အကြိုအဖြစ် ခေတ်ဟောင်းစာပေ ဝတ္ထုရှည် ၁၀၀၀နှင့် ခေတ်ဟောင်းဂျာနယ်များပြပွဲ ခင်နှင်းဝေ/Myanmar Now 16/3/2019 စာရေးဆရာကြီးဒဂုန်တာရာ ရာပြည့်အကြိုအဖြစ် ခေတ်ဟောင်းစာပေ ဝတ္ထုရှည် ၁၀၀၀နှင့် ခေတ်ဟောင်းဂျာနယ်များပြပွဲကို မတ်လ ၁၆ ရက်က မန္တလေးမြို့ ၃၆ လမ်း၊ ၆၄ လမ်းနှင့် ၆၆ လမ်းကြား၊ မဟာမြိုင်(၁)ရှိ ရတနာပျိုးခင်းစာကြည့်တိုက်တွင်...

ကျိုက်မရောမြို့နယ်မှ ကျောင်းထိုင်ဆရာတော်တစ်ပါးနှင့် မွန်ပြည်နယ်သာသနာရေးမှူးကို အရေးယူပေးရန် ပြည်ထောင်စုအဆင့်သို့ တိုင်ကြား

မော်လမြိုင်၊ ဇန်နဝါရီ ကျိုက်မရောမြို့နယ်၊ ဦးလေးကျေးရွာ၊ သီရိမင်္ဂလာတိုက် ကျောင်းထိုင်ဆရာတော် ဦးဇနိတနှင့် မွန်ပြည်နယ်သာသနာရေးမှူး ဦးမင်းရွှေလွင်တို့ကို အရေးယူပေးရန် ပြည်ထောင်စုဝန်ကြီးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားတင်ပြထားကြောင်း ယင်းမြို့နယ် ၊၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ဦးခင်မောင်သိန်းက ပြောသည်။ အဆိုပါ ကျောင်းထိုင်မှာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ဖြားယောင်းသွေးဆောင်...

ထိုင်းဘက်မှ ရွှေ့ပြောင်းလုပ်သား ၅၀၀၀ကျော် တစ်လအတွင်း ပြန်လည်ဝင်ရောက်

မြဝတီ၊ စက်တင်ဘာ ၁ ထိုင်း- မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ်(၁) မှတဆင့် မြဝတီမြို့ (၄)ရပ်ကွက် ရွှေ့ပြောင်းအလုပ်သမားရုံးသို့ သြဂုတ်လဆန်းမှ ၃၀ ရက်နေ့အထိ ဌာနေပြန် ရွှေ့ပြောင်းလုပ်သား ၅၀၀၀ ကျော် ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါကာလအတွင်း အမျိုးသား ၃၈၄၅ ဦး၊ အမျိုးသမီး ၁၃၃၈...

၈၈ အရေးအခင်းမျိုးထပ်ဖြစ်အောင် လှုံ့ဆော်သည်ဟုဆိုကာ ဦးနေမျိုးဇင်ကို ထောင်ထပ်ချ

Myanmar Now “တပ်မတော်အကျိုးပျက်စီးစေမှု” ဖြင့် တစ်နေရာနှင့်တစ်နေရာ မိုင်ရာချီဝေးသည့် မြို့နယ်တရားရုံး သုံးရုံးတွင် တရားစွဲဆိုခံထားရသော ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ဒုတိယမြောက်တရားရုံးကလည်း ယနေ့ ထောင်ဒဏ် ထပ်မံချမှတ်လိုက်သည်။ ဦးနေမျိုးဇင်ကို ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်တရားရုံး၊ ဧရာဝတီတိုင်း ဝါးခယ်မြို့နယ်တရားရုံးနှင့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တရားရုံးတို့တွင် တပ်မတော်အရာရှိများက ပြီးခဲ့သည့် ဧပြီလကတည်းက တရားစွဲဆိုထားခြင်းဖြစ်သည်။ ဦးနေမျိုးဇင်ကို...

ရေး ဒေသထွက် ဒူးရင်းသီးများ အရောင်းသွက်

မော်လမြိုင်၊ မေ မွန်ပြည်နယ်၊ ရေးမြို့နယ်မှ ထွက်ရှိသည့် ဒူးရင်းသီးများ ယခင်နှစ်ကထက် အရောင်းသွက်လျက်ရှိကြောင်း မော်လမြိုင် သစ်သီးအရောင်းဆိုင်များထံမှ သိရသည်။ အဆိုပါ ဒေသတွင် ပြီးခဲ့သည့်နှစ်က ဒူးရင်းသီး အထွက်နည်းပြီး ဈေးကြီးသည့်အတွက် ဝယ်သူနည်းခဲ့သော်လည်း ယခုနှစ်တွင်မူ အထွက်များ၍ ဈေးနှုန်းသက်သာသောကြောင့် အရောင်းအဝယ် ကောင်းလာကြောင်း မော်လမြိုင်ဈေးကြီးမှ သစ်သီးဆိုင်ရှင် ဒေါ်မီးက...