26.1 C
Mawlamyine
Sunday, September 20, 2020

မြန်မာမှာ ကိုဗစ်နိုင်တင်းရောဂါပိုး ပြန်လည်ကင်းစင်ရာဒေသ ၁၂ ခုရှိပြီ

ရန်ကုန် ဩဂုတ် ၁၁ မြန်မာနိုင်ငံတွင် ယခင်က ကိုဗစ်နိုင်တင်း ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိခဲ့ပြီး လက်ရှိ ရောဂါပိုးကင်းစင်သွားပြီးဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ် စုစုပေါင်း ဩဂုတ် ၁၁ ညနေပိုင်း၌ ၁၂ ခု ရှိပြီဖြစ်သည်။ ကယားပြည်နယ်မှအပ ဒေသအသီးသီးတွင် ပိုးတွေ့လူနာများ ရှိခဲ့ပြီး ယခုအခါ မန္တလေး၊ မကွေး၊ ဧရာဝတီ၊...

ကိုဗစ် – ၁၉ သက်ရောက်မှုများ တုံ့ပြန်ရေး ကန်ဒေါ်လာ သန်း ၂၅၀ အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးယူရန် လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြု

ရန်ကုန် ဇူလိုင်၃၀ ကိုဗစ် - ၁၉ ၏ သက်ရောက်မှုများကို တုံ့ပြန်ခြင်းနှင့် အသုံးစရိတ်ဆိုင်ရာ အထောက်အပံ့အစီအစဉ်အတွက် အမေရိကန်ဒေါ်လာသန်း၂၅၀ ကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထံမှ ချေးယူရန် ပြည်ထောင်စုလွှတ်တော်က ဇူလိုင် ၂၉ ရက်နေ့တွင် အတည်ပြုခဲ့သည်။ အဆိုပါအစီအစဉ်ကို နိုင်ငံတော်သမ္မတက လွှတ်တော်သို့ ပေးပို့ထားခြင်း ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးခြင်းကို...

ကိုဗစ် – ၁၉ လူနာဟောင်းများအနက် ပိုးကင်းစင်လာသူ ၃၀၀ ပြည့်လုနီးလာ

ရန်ကုန် ဇူလိုင် ၃၀ ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာဟောင်းများအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံပြန် လူနာအမှတ် ၃၀၈ မှာ နှစ်ကြိမ်ဆက်တိုက် ပိုးစစ်ဆေး တွေ့ရခြင်း မရှိ၍ မြန်မာတွင် ပိုးကင်းစင်သွားသူ ဦးရေ ၂၉၅ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဇူလိုင် ၃၀...

ကန့်ကွက်မှုများ ရှိခဲ့သည့် ပဲခူး-ကျိုက်ထို အမြန်လမ်း စီမံကိန်း ချေးငွေ ရယူခွင့် ပြည်ထောင်စုလွှတ်တော် အတည်ပြု

ရန်ကုန် ဇူလိုင် ၂၉ နိုင်ငံတကာအဆင့်မီ နိုင်လွန်ကတ္တရာလမ်းမကြီးအဖြစ် ဖောက်လုပ်မည့် ပဲခူး - ကျိုက်ထို အမြန်လမ်းမကြီး စီမံကိန်း Second GMS Highway Modernization Project ( Bago-Kyaikto Expressway Project) အတွက် လိုအပ်သည့် အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ...

မွန်ပြည်နယ်တွင် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းသည့် ပါတီ မရှိသေး

မော်လမြိုင် ဇူလိုင် ၂၄ လာမည့် နိုဝင်ဘာတွင် ကျင်းပမည့် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မွန်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်း လာရောက်တင်သွင်းထားသည့် ပါတီ ဇူလိုင် ၂၄ ရက်နေ့အထိ မရှိသေးကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်ထံမှ သိရသည်။ "လက်ရှိမှာတော့ မွန်ပြည်နယ်အတွင်းမှာ မနေ့ကထိကို ကိုယ်စားလှယ်လောင်းအမည်စာရင်း...

ကိုဗစ်နိုင်တင်း ပိုးတွေ့လူနာများအနက် ၂၅၀ ခန့် ဆေးရုံဆင်းခွင့် ရခဲ့၊ ပြည်တွင်းကူးစက်မှု မတွေ့ရသည်မှာ ၂၅ ရက် ရှိလာ

ရန်ကုန် ၁၂ ဇူလိုင် ၂၀၂၀ မြန်မာတွင် ကိုဗစ်နိုင်တင်း လူနာဟောင်းများအနက် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရသူ တစ်ဦး တိုးလာသဖြင့် ပြန်လည်သက်သာသူ ၂၆၁ ဦးရှိလာကြောင်း၊ ယင်းအနက်၂၄၈ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုထားပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဇူလိုင် ၁၂ ရက် ည ၈နာရီ ကြေညာချက်အရ သိရသည်။ ပိုးကင်းစင်လာသူ ဇူလိုင်...

ရခိုင်၊ တိုက်ပွဲဖြစ်ပွားရာ မြို့နယ်များအပါအဝင် တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲ ကျင်းပမည်

ရန်ကုန် ၂၀၂၀ ဇူလိုင် ၁ မကြာမီ နိုဝင်ဘာလတွင် ကျင်းပရန် ရှိသည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အပါအဝင် တိုက်ပွဲများဖြစ်ပွားနေရာဒေသများ၌လည်း ဆန္ဒမဲခံယူ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်များအရ သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇွန် ၂၉ ရက်စွဲဖြင့် ကြေညာချက်များထုတ်ပြန်ခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် စသဖြင့်...

ကိုဗစ် -၁၉ ကြောင့် ပြည်ပမှ ပြန်လာသူများအတွက် ဆောက်လုပ်ရေးလုပ်ငန်းခွင် အခွင့်အလမ်း ဖန်တီးပေးမည်

ရန်ကုန် ၂၀၂၀ ဇွန် ၂၉ ကိုဗစ် - ၁၉ ကပ်ရောဂါဂယက်ကြောင့် ပြည်ပနိုင်ငံအသီးသီးမှ ပြန်ရောက်လာသူ အင်ဂျင်နီယာများ၊ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် လုပ်သားများအတွက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF) က ပြည်တွင်း၌ လုပ်ငန်းခွင် ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ "ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ အင်ဂျင်နီယာတွေ၊ ကြီးကြပ်ရေးမှူးတွေ၊ နောက် ဆောက်လုပ်ရေးကျွမ်းကျင်တဲ့...

ကိုဗစ်နိုင်တင်းရောဂါပိုးကင်းစင်လာသူ ပြည်ပပြန် သုံးဦး ထပ်တိုး၊ ပေါင်း ၂၀၀ ကျော် ရှိလာ

ရန်ကုန် ဇွန် ၂၆ ဇွန် ၂၅ တွင် နိုင်ငံအနှံ့မှ ပေးပို့သည့် ဓာတ်ခွဲနမူနာ ၂၀၀၀ ကျော်ကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL)အပါအဝင် ဓာတ်ခွဲဌာန ငါးခုက နှစ်သုတ်ခွဲ စစ်ဆေးခဲ့ရာ ကိုဗစ်နိုင်တင်း ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိခဲ့ဘဲ လူနာဟောင်းများအနက် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရသူ သုံးဦး ရှိလာသည်။ ပထမအသုတ်...

နိုင်ငံတွင်းကူးစက်မှု ၁၃ ရက်တာ မတွေ့ရ၊ ပြည်ပပြန် ၄၁ ဦးတွင် ပိုးပါလာ၍ နှိုးဆော်စာ ထုတ်ပြန်

ရန်ကုန် ၂၀၂၀ မေ ၃၀ ပြည်ပနိုင်ငံများမှ ပြန်လာသူများ၏ အခန်းကဏ္ဍသည် ယခုအချိန်၌ အရေးကြီးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေ ၃၀ ည ၉ နာရီ ၄၅ မိနစ်တွင် စာထုတ်ပြန်လျက် တိုက်တွန်းဆော်ဩလိုက်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါနှင့်ပတ်သက်၍ နိုင်ငံတွင်းကူးစက်ပြန့်ပွားသူ မတွေ့ရှိရသည်မှာ ၁၃ ရက်ခန့်ကြာပြီဖြစ်ကြောင်း၊ မေ ၁၇...