27.1 C
Mawlamyine
Thursday, March 4, 2021

မောင်တောမြို့နယ်တွင် စိတ်ကြွဆေး ကျပ်သိန်းရှစ်ထောင့်ရှစ်ရာဖိုး ဖမ်းမိရာတွင် ပါဝင်သူ တပ်မတော်သား နှစ်ဦးကို တိုင်းမှူး၏ နှုတ်မိန့်ဖြင့် မိခင်တပ်ရင်းသို့ အပ်နှံ

News Federal Times မောင်တော၊ မေ (၂)ရက် ။      ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ သုံးမိုင် စစ်ဆေးရေးဂိတ်တွင် မေလ ၁ ရက် နေ့လည်ပိုင်းက ကျပ်သိန်း ရှစ်ထောင့် ရှစ်ရာတန်ဖိုးရှိ WY နှင့် R စာတမ်းပါ စိတ်ကြွမူးယစ်ဆေးပြား ၄၄၀၀၀၀...

၂၀၁၇ ခုနှစ် ဧပြီလတွင် Jovago မှ အခန်းငှားဝန်ဆောင်မှုရယူသူများ ချောင်းသာကမ်းခြေနှင့် ဘားအံဒေသမှ များပြား

News Federal Times ရန်ကုန်၊ မေ(၂)ရက် ။       ။ ၂၀၁၇ ခုနှစ် ဧပြီလတွင် Jovago မှ အခန်းငှားဝန်ဆောင်မှုရယူသူများတွင် အခြားခရီးသွား ဒေသများထက် ချောင်းသာကမ်းခြေနှင့် ဘားအံဒေသများသို့ ဝန်ဆောင်မှု ရယူသူပိုမိုများပြားခဲ့ကြောင်း ပြင်သစ်အခြေစိုက် အွန်လိုင်း ဟိုတယ် အငှားဝန်ဆောင်မှု လုပ်ငန်း Jovago...

ရေဥပဒေမူကြမ်းကို ဇွန်လတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဝန်ကြီးဌာနများထံ တင်ပြမည်

News Federal Times ရန်ကုန်၊ မေ (၂) ရက် ။      ။ ရေဥပဒေမူကြမ်းကို အပြီးသတ်ရေးဆွဲပြီးဖြစ်သဖြင့် ၂၀၁၇ ခုနှစ် ဇွန်လအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အ သီးသီးရှိ ရေနှင့်ပတ်သက်သည့် ဝန်ကြီးဌာနများထံ တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသားအဆင့် ရေအရင်း အမြစ်ကော်မတီမှ သိရှိရသည်။ “မူကြမ်းရေးဆွဲပြီးပြီ။ ပြီးရင်...

သင်္ကြန်ပြီးကာလ နောက်ပိုင်း မန္တလေးမြို့၏ အိမ်ငှားရမ်းမှု ဈေးနှုန်းများ ထက်ဝက်ခန့်မြင့်တက်လာ

News Federal Times မန္တလေး၊ မေလ (၂) ရက် ။      ။ ၂၀၁၇ သင်္ကြန်ကာလနောက်ပိုင်းမှ စတင်၍ မန္တလေးမြို့တွင် အိမ်ငှားရမ်းမှုဈေးနှုန်းများ ထက်ဝက်ခန့်မြင့်တက် လာခဲ့သော်လည်း အိမ်ငှားရမ်းမှုများ ပိုမိုများပြားလာကြောင်း မန္တလေးရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။ အိမ်ငှားရမ်းမှုမှာ ယခင်နှစ်များထက် ပိုမိုများပြားလာခြင်းဖြစ်ပြီး မြေဈေးကွက်အရောင်းအဝယ်များလည်း...

မော်လမြိုင်ကျွန်းမြို့နယ်တွင် အချိန်အခါမဟုတ် မိုးနှင့် လေပြင်းများ တိုက်ခတ်မှုကြောင့် ငှက်ပျောပင် ခုနှစ်သောင်းကျော်ပျက်စီး

News Federal Times မော်လမြိုင်ကျွန်း၊ မေ၃ ။     ။ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဧပြီလအတွင်း အချိန်အခါမဟုတ်မိုးရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်ခဲ့မှုများကြောင့် သီးလက်စငှက်ပျောပင်နှင့်  အပင်ပျို ခုနှစ်သောင်းကျော် ပျက်စီးခဲ့ကြောင်း ဒေသတွင်း ငှက်ပျောခြံပိုင်ရှင်များထံမှ သိရှိရသည်။ ထိုကြောင့် ခြံပိုင်ရှင်များအနေဖြင့် ပျက်စီးသွားသော ငှက်ပျောပင်များနေရာတွင် ထပ်မံစိုက်ပျိုးရန် မေ ၃...

အင်းလေးဒေသထွက်ခရမ်းချဉ်သီးများမှာ ရေလုံလောက်မှုမရှိဘဲ ပိုးကျရောက်နေခြင်းကြောင့် တောင်သူများ ဆုံးရှုံး

News Federal Times တောင်ကြီး၊ မေ ၃ ။     ။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ အင်းလေးဒေသထွက်ခရမ်းချဉ်သီးများမှာ ရေလုံလောက်မူမရှိဘဲ ပိုးကျရောက်နေခြင်းကြောင့် ခရမ်းချဉ်သီးများ ပျက်စီးကာ ခရမ်းချဉ်သီးစိုက်တောင်သူများ ဆုံးရှုံးမှုများ ရှိနေကြောင်း အင်းလေး ဒေသခံ ခရမ်းချဉ်သီး စိုက်တောင်သူများထံမှ သိရှိရသည်။ ယခုကျနေသည့် ပိုးမှာ...

အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်သတ်မှတ်မှုနှင့်အတူ ကုန်ဈေးနှုန်းထိန်းချုပ်မှုအတွက်လည်း ကြိုတင်ပြင်ဆင် ထားသင့်

News Federal Times ရန်ကုန်၊ မေ ၃။     ။အနိမ့်ဆုံးလုပ်ခလစာကို ကျပ်(၅၆၀၀)သို့တိုးမြှင့်သတ်မှတ်ပေးပြီး ကုန်ဈေးနှုန်းမတက်စေရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားမှုများ လုပ်ဆောင်ရန်လိုအပ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများထံမှ သိရှိရသည်။ “တိုင်းပြည်မှာ လုပ်ခလစာတိုးတိုင်း ကုန်ဈေးနှုန်းတက်လေ့ရှိတာကြောင့် အလုပ်သမားတွေအနေနဲ့ နစ်နာမှုတွေ ဖြစ်နေရပြီး အနိမ့်ဆုံးလုပ်ခလစာကို(၅၆၀၀)တိုးမြှင့်မယ်ဆိုရင် အလုပ်သမားတွေအတွက် အမှန်တကယ် ရရှိတဲ့ ငွေဖြစ်စေလိုတယ်။”ဟု ၈၈ မျိုးဆက်...

တိုင်းနှင့် ပြည်နယ်များတွင် မွေးမြူရေးဇုန်များ၊ အအေးပေးစက်ရုံလုပ်ငန်း လုပ်ကိုင်လိုသူများ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ အဆိုပြုလွှာများ အမြန်ဆုံးတင်စေလို

News Federal Times ရန်ကုန်၊ မေ ၃။     ။ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် တိုင်းနှင့် ပြည်နယ်များတွင် မွေးမြူရေးဇုန်များ၊ အအေးပေးစက်ရုံများအား ရင်းနှီးမြှုပ်နှံချင်သည့် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ အဆိုပြုလွှာများ အမြန် ဆုံးတင်စေလိုကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရှိရသည်။ Supply Chain အတွင်း ကုန်ကျစရိတ်များလျော့ကျစေရေးနှင့် တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့နိုင်ရေးတို့ကို...

လောက်ကိုင်မြို့ရှိ တရုတ်နိုင်ငံနယ်စပ်ဂိတ် ရန်လုံကျိုင်းနယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်

News Federal Times လောက်ကိုင်၊ မေ ၂ ရက်။     ။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ရှိ တရုတ်နိုင်ငံနယ်စပ်ဂိတ် တစ်ခုဖြစ်သည့် ရန်လုံကျိုင်းနယ်စပ်ဂိတ်အား မေ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ လောက်ကိုင်မြို့အတွင်း ၂၀၁၇ ဖေဖော်ဝါရီလအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပိတ်ထားရသည့် ရန်လုံကျိုင်းနယ်စပ်ဂိတ်အား မေ...