မုဒုံ၊ ဧပြီ ၂၁

COVID-19 ကာကွယ်ရေးအတွက် မုဒုံမြို့နယ်ရှိ ကလော့သော့ကျေးရွာ တောင်ပကျေးရွာ၊ ဖယ်ဒိုးကျေးရွာအပါအဝင် ကျေးရွာ(၈)ရွာရှိ ဘုန်းတော်ကြီးကျောင်း၊ စေတီဘုရားများ စသည့် လူသွားလာများသည့်နေရာတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်းသွားမည်ဖြစ်ကြောင်း ကလော့သော့ကျေးရွာ နားရေးကူညီမှုအသင်းထံမှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အဆိုပါကျေးရွာရှိ  ရာမညနိကာယ သာသနာနုဂ္ဂဟ ရဟန်းပျိုအဖွဲ့နှင့် ဒေသခံလူငယ်တို့က ဦးဆောင်ပြီး ကလိုရင်းပိုးသတ်ဆေးဖြန်းခြင်းကို ဆောင်ရွက်ခြင်းဖြစ်သည်။

“ဒီတိုက်နယ်မှာ ရှိတဲ့ လူသွားလာများတဲ့နေရာ ဘုန်းကြီးကျောင်းတွေ ဘုရားတွေကို အရင်ဖြန်းမယ်။လူသွားလာများတဲ့နေရာတွေ နောက်ပြီးတော့ လမ်းတွေကို ဆက်ဖြန်းမယ်”ဟု နိုင်ဆန်းဦးက ပြောသည်။

မုဒုံမြို့နယ်ရှိ ဖယ်ဒိုကျေးရွာ၊ ကော့ပီထောကျေးရွာ၊ တောင်ပကျေးရွာ၊ ကွမ်းကဗွီး ဒိုမာကျေးရွာ ဆက်သွယ်ကျေးရွာ စသည့် ကျေးရွာ (၈) ရွာတို့ကို လူသွားလာများနေရာတွင် ကလိုရင်းပိုးသတ်ဆေးကို ဆက်လက်ဖြန်းပေးသွားမည်ဖြစ်ကြောင်း ကလော့သော့ကျေးရွာ ပိုးသတ်ဆေးဖြန်းနေသည့်အဖွဲ့ထံမှ သိရသည်။

ဖျန်းဆေးလိုအပ်နေသည့် ကလော့သော့ကျေးရွာအပါအဝင် ကျေးရွာ(၆)ရွာအတွက် MMK တဆိပ် ကလိုရင်းပိုးသတ်ဆေးရည် (၆)ပုံးနှင့် Mask (၁၀၀)တို့ကို အအာခရီးမှ လှူဒါန်းပေးခဲ့သည့်အပြင် ကျိုက်မရောမြို့နယ်ရှိ ကော့ဒူး/ကော့ပနော့ကျေးရွာအတွက် MMK ကလိုရင်းပိုးသတ်ဆေးရည် (၃)ပုံးနှင့် Mask (၁၀၀)ကို အအာခရီး(တရဵအအာ)အစီအစဉ်နှင့် ထောက်ပံ့ပေးခဲ့သည်။

ထို့ပြင် ဖျန်းဆေးလိုအပ်သူများသည် အအာခရီး(တရဵအအာ) ကို ဆက်သွယ်နိုင်မှာယူနိုင်မည်ဖြစ်ပြီး အအာခရီးမှ တတ်နိုင်သမျှ လှူဒါန်းသကဲ့သို့ ဝယ်ယူလိုသူများကိုလည်း ပုံမှန်ဈေးအတိုင်း ပြန်ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ရွှေရိုး

Leave a Reply