News Federal Times

ရန်ကုန်၊ မေ ၉ ။       ။ ပြီးခဲ့သည့် မေ ၈ ရက်နေ့က ဒေါ်အောင် ဆန်းစုကြည်သည် လန်ဒန်မြို့၏ အမြင့်ဆုံး ဆုတစ်ဆုဖြစ်သည့် The Freedom of the City ဆုကို လက်ခံရယူစဉ်တွင် ဆန္ဒပြခံခဲ့ရကြောင်း သိရသည်။
အဆိုပါဆုသည် ကမ္ဘာပေါ်ရှိသြဇာ ကြီးမားသော လူပုဂ္ဂိုလ်များကို ပေးလေ့ ရှိပြီး ယင်းဂုဏ်ပြုဆုကို ပြီးခဲ့သည့် မေ ၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆုလက်ခံရယူနေစဉ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်း ဒေသတွင် ဖြစ်ပေါ်နေသော အခြေအနေ များ၊ ရခိုင်ပြည်နယ်က ဘင်္ဂါလီများအရေး နှင့်ပတ်သက်၍ လန်ဒန်ရောက် ကချင်တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဘင်္ဂလီ အဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှား သူများက ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
တစ်ဖက်ကလည်း ဗြိတိန်-မြန်မာ အသင်းက ထိုကဲ့သို့ဆန္ဒပြခြင်းကို ကန့် ကွက်ကာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြသည်။


အဆိုပါ ဆုပေးပွဲကို လန်ဒန်မြို့ရှိ Guildhall ခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူမ ၏ ဥရောပ သုံးနိုင်ငံခရီးစဉ်အပြီးတွင် The Freedom of the City ဆုကို လက်ခံခဲ့ခြင်းဖြစ်သည်။
ပြည်သူတွေ လွတ်လွတ်လပ်လပ်၊ လုံလုံခြုံခြုံ၊ ငြိမ်းငြိမ်းချမ်းချမ်း နေနိုင် သောနိုင်ငံတစ်ခု တည်ဆောက်ရန်နှင့် ဒီမိုကရေစီအရေးအတွက် နှစ်ပေါင်းများ စွာ အကြမ်းမဖက်သော နည်းလမ်းဖြင့် ကြိုးပမ်းခဲ့ခြင်းကို အသိအမှတ်ပြုသည့် အနေဖြင့် အဆိုပါဆုကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခင် အခြားမြို့များကလည်း ဒေါ်အောင်ဆန်းစုကြည်ကို The Free-dom of the City ဆုအား ဂုဏ်ပြုပေး အပ်ခဲ့ကြဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အဆို ပါခရီးစဉ်တွင် ဘယ်လ်ဂျီယံသို့ သွားရောက် ခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကာ ဥရောပသမဂ္ဂခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။ ထို့နောက် အီတလီနိုင်ငံ သို့ သွားရောက်ခဲ့ပြီးဝန်ကြီးချုပ်အပါအဝင် အကြီးအကဲများနှင့် တွေ့ဆုံခဲ့သကဲ့သို့ ဗာတီကန်သို့သွားကာ ပုတ်ရဟန်းမင်းကြီး နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ သံတမန်ဆက်ဆံ ရေးတည်ဆောက်ရန်သဘောတူခဲ့ကြသည်။
ပြီးခဲ့သည့်အပတ် သောကြာနေ့ တွင် အင်္ဂလန်သို့ရောက်ရှိခဲ့ပြီး ဘုရင်မ ကြီးနှင့်လည်း တွေ့ဆုံခဲ့သည်။

Leave a Reply