Advertisements

မြဝတီ ၊ ဇွန်

ထိုင်း-မြန်မာနယ်စပ်၊ မြဝတီတွင် ငါးလခန့့်သောင်တင်ခဲ့ရပြီးဖြစ်သော Delivery Van ယာဉ်များကို ပြည်တွင်းသို့ သင့်တော်သည့် ဒဏ်ကြေးဖြင့် တရားဝင် တင်သွင်းရန် စောင့်ဆိုင်းနေကြသည်ဟု နယ်စပ်ကားတင်သွင်းသူများထံမှ သိရသည်။

“နယ်စပ်က တင်သွင်းတဲ့Van တွေဟာ ဆိပ်ကမ်းကထက် ငါးဆ ပိုများပါတယ်။ နယ်စပ်မှာ ငါးလကျော် သောင်တင်နေတဲ့အတွက် နယ်စပ်က ကုန်သည်တွေအတော်အခက်အခဲဖြစ်နေပါတယ်။ ဒဏ်ကြေးက half -AV ဆိုတော့ လက်ရှိနှုန်းထားနဲ့ အခွန်ဆောင်ဖို့ရာ အဆင်မပြေတဲ့အတွက် စည်းကော်မှသင့်တော်တဲ့နှုန်းထားနဲ့ ဂျူတီဆောင်ခွင့်ရရှိဖို့ကို မျှော်လင့်နေကြပါတယ်” ဟုနယ်စပ်မော်တော်ယာဉ်တင်သွင်းသူများအသင်း ဥက္ကဋ္ဌ ဦးရန်နိုင်ကပြောသည်။

ဧပြီလ ၁၀ ရက်နေ့က စတင်ကာ ID ဖွင့်လှစ်ခြင်းနှင့် ယာဉ်စစ်ဆေးခြင်းများကိုဆောင်ရွက်ခဲ့ရာ ယခုအခါ ယာဉ် ၁၆၀၀
ကျော်အားတင်သွင်းရန် အသင့်ရှိနေသည်ဟု သိရသည်။

Delivery Van ယာဉ်များအား ပြည်တွင်းဈေးကွက်တင်သွင်းရန် လပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည့်အပြင် AV တန်ဘိုး၏ ၅၀ ရာခိုင်နှုန်းဒဏ်ကြေးဆောင်၍ တင်သွင်းရမည်ဖြစ်ခြင်းကြောင့် အခက်အခဲ ဖြစ်လျက်ရှိသည်ဟု ယာဉ်တင်သွင်း
သူ ဒေသခံ လုပ်ငန်းရှင် ကိုဇော်ကြီးက ဆိုသည်။

Delivery Van ယာဉ်များတရားဝင် တင်သွင်းနိုင်ရန်အတွက် အကောက်ခွန်ဦးစီးဌာန၊ အမှတ် (၁) အကြီးစား စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိသူ တစ်ဦးစီ ပါဝင်ပြီး စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခွန်ဆောင်ပြီး ယာဉ်တစ်စီး၏ တန်ဖိုးငွေမှာ ဈေးကွက်အတွင်း လက်ရှိရောင်းချနေသော တန်ဖိုးထက် ခန့်မှန်း ကျပ် သိန်းသုံး၊ လေးဆယ်ခန့် မြင့်တက်သွားခြင်းကြောင့် ဈေးကွက် မျက်နှာပန်းမလှ ဖြစ်နေရသည်။

ပြည်တွင်းဈေးကွက်အတွင်း လက်ရှိ ကျပ်သိန်း ၉၀ဝန်းကျင် ဈေးတန်းရှိ Van တစ်စီးမှာဒဏ်ကြေးဆောင်ပြီးပါက ကျပ်သိန်း၁၂၀၀န်းကျင်ဖြစ်သွားသော်လည်း ဈေးကွက်အဝယ်မလိုက်ဖြစ်နေ၍ ဒဏ်ကြေးဆောင်ကာ တင်သွင်းသူလည်း လက်
ရှိအချိန်ထိ မရှိသေးကြောင်းသိရသည်။

Written by သိင်္ဂီ(မြဝတီ)

Advertisements
<

Leave a Reply