မော်လမြိုင် ၊ မတ် ၁၇ ။ ။ လည်ချောင်းကင်ဆာကြောင့် မတ်လ ၁၃ရက်နေ့က ကွယ်လွန်သွားသည့် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ် နေရာကို ဗိုလ်ချုပ် စောမွန်ရှေး ဆက်ခံမည်ဖြစ်ကြောင်းDKBAအဖွဲ့မှ ဗိုလ်မှူးစောစိန်ဝင်းက
ဟင်္သာမီဒီယာသို့ပြောကြားသည်။

“အခုလက်ရှိအနေနဲ့ကတော့ ဗိုလ်ချုပ် မိုရှေးဘဲ တာဝန်ယူထားတာပေါ့၊ သူက ဒုတိယစစ်ဦးစီးမှူးလေ။
သူကလည်းတော်တယ်၊ ဆက်ခံမယ်သူဆိုလို့ သူပဲရှိတာပဲ ”ဟု ၄င်းကပြောသည်။

ဗိုလ်ချုပ်ကြီး စောလားပွယ် မကွယ်လွန်မီက လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်
ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် ပါရှိသည့်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆက်လက်အကောင်
အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၄င်းကရှင်းပြသည်။

၂၀၁၃ခုနှစ် ဗိုလ်ချုပ် ကြီး စောလားပွယ် စင်္ကာပူတွင် ဆေးကုသည့် အချိန်မှ စတင်ကာ ဗိုလ်ချုပ် စောမိုရှေး
က ၄င်း၏နေရာတွင် တာဝန်ယူ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း ၄င်းကပြောသည်။

၂ဝ၁ဝ ခု သြဂုတ်လ ၁၈ ရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းသွားရာတွင် ပါဝင်ခြင်းမရှိသည့် DKBA တပ်ဖွဲ့ဝင်များကို စုစည်းပြီး ၂ဝ၁ဝ ခုနှစ် ၉ လပိုင်းတွင် ပြန်လည်ဖွဲ့စည်းရာ ဗိုလ်မှူးချုပ်မိုရှေးသည် တပ်ရင်းမှူးအဆင့်မှ ဒုစစ်ဦးစီးချုပ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး သဘောတူစာချုပ် (NCA)ကို ဗိုလ်ချုပ်ကြီး စောလားပွယ်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီးစောလားပွယ် ၏ အသုဘ အခမ်းအနားကို DKBA ဌာနချုပ် မြဝတီ ရှိ ဆုံဆည်းမြိုင် တွင် မတ်လ
၁၉ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း DKBA ဌာနချုပ်ထံမှသိရသည်။

Leave a Reply