ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်( Intrernet)

မော်လမြိုင် ၊ မတ် ၁၃ ။ ။ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် ( DKBA ) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်သည် မတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက လည်ချောင်းကင်ဆာရောဂါ ဖြင့် ပဲခူးဆေးရုံကြီးတွင် ကွယ် လွန်သွားကြောင်း DKBA ဆက်ဆံရေးရုံးများ၏တာဝန်ခံ စောကျော်သန်းဌေး ကပြောကြားသည်။

၎င်း ၏ ကြွင်းကျန်သော ရုပ်အလောင်း ကို မတ်လ ၁၃ ရက်နေ့ ညနေ က ပဲခူးမြို့မှ DKBA ဌာနချုပ်သို့ ပြန်လည်သယ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်( Intrernet)
ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားပွယ်( Intrernet)

ဗိုလ်ချုပ်ကြီးစောလားပွယ် ၏ အသုဘ အခမ်းအနားကို DKBA ဌာနချုပ် မြဝတီ ရှိ ဆုံဆည်းမြိုင် တွင်ပြုလုပ်မည် ဖြစ်သော်လည်း မည့်သည့် နေ့တွင်ပြုလုပ်မည်ကို အတိအကျ မသတ်မှတ် ရသေးကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

လက်ရှိတွင် DKBA အဖွဲ့သည် ကရင်လက်နက်ကိုင်တပ်များညီညွတ်ရေးကော်မတီ၏ နိုင်ငံရေး၊စစ်ရေး ဦးဆောင်မှု အောက်တွင်ရှိသောကြောင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောလားပွယ်ကွယ်လွန်သွားမှုမှာ ထူးထူးခြားခြားသက်ရောက်မှုမရှိနိုင်ကြောင်း DKBA အဖွဲ့၏ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

“သိပ်ထူးထူးခြားခြားဖြစ်လာဖို့မရှိပါဘူး”ဟု ၎င်းက ဆိုသည်။

၂၀၁၃ ခုနှစ်ကတည်း က လည်ချောင်းကင်ဆာ ရောဂါကြောင့် ဆေးကု သမှု ခံယူနေရသော ဗိုလ်ချုပ် ကြီးစောလားပွယ်သည် အဆိုပါ ဝေဒနာ နှင့်ပင်ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး စောလားပွယ်သည် ပင်လုံဆေးရုံ နှင့် စင်ကာပူနိုင်ငံများ တွင် ဆေးသွားရောက် ကုသခဲ့သော် လည်း ကျန်မားရေး ပြန်လည်ကောင်းမွန်လာခြင်း မရှိ ဘဲ အသက်၅၄ နှစ်အရွယ် တွင် ကွယ်လွန်ခဲ့ကြောင်း DKBA တာဝန်ရှိသူများ ကဆိုသည်။

စင်ကာပူနိုင်ငံတွင် ဆေးကုသမှု ခံယူကတည်းက ပင် ကွယ်လွန်ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ ဖူးသည်။

၎င်းသည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ တွင် DKBA တပ်ဖွဲ့များ ကို နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ်အသွင် ပြောင်းရာ လက်ခံခြင်းမရှိသောကြောင့် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီး တိုးတက်သောဗုဒ္ဓဘာသာကရင့် တပ်မတော် အဖြစ်မှ ဒီမိုကရေစီအကျိုး ပြုကရင့်တပ်မတော် အဖြစ်အသွင်ပြောင်း ကာ တပ်မတော် နှင့် တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားခဲ့သည်။

ယင်းနောက်၂၀၁၂ ခုနှစ်တွင် အစိုးရ နှင့် ပြည်နယ် အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။

ဗိုလ်ချုပ် စောလားပွယ်ကို ထိုင်း မူးယစ်ဆေး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (ONCB) က မူးယစ်ဆေးဝါး နှင့် ပတ်သက်၍ ဖမ်းဆီးရန် ဆုငွေ ထိုင်းဘတ် ၁ သန်း (ဒေါ်လာ ၃၂၀ဝ၀ ခန့်) ထုတ်ပြန်ခံထားရသူလည်း ဖြစ်သည်။

Leave a Reply