Facebook အပါအဝင် ဆိုရှယ်မီဒီယာအချို့ ခေတ္တ ရပ်ဆိုင်း

ဆန်ဖရန်စစ္စကို မတ် ၁၄

Facebook အပါအဝင် ၎င်း၏ အဓိက ဆိုရှယ်မီဒီယာများဖြစ်သော Instagram, နှင့် WhatsApp တို့သည် တစ်ကမ္ဘာလုံးရှိ အချို့သော နေရာများတွင် ဝန်ဆောင်မှုဖြတ်တောက်ခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့တွင် Facebook ကပြောခဲ့သည်။

အကြောင်းရင်းကို အသေးစိတ် ရှင်းလင်းထားခြင်း မရှိသော်လည်း ၎င်း၏ platform သို့မဟုတ် ဆာဗာများကို denial-of-service (DDoS) က တိုက်ခိုက်မှုနှင့် ဆက်စပ်မှုမရှိကြောင်း Facebook က အတည်ပြုခဲ့သည်။

တစ်ကမ္ဘာလုံးမှ Facebook အသုံးပြုသူများ သည် ၎င်းတို့ ၏ အကောင့် များကို logging (လော့အင်ဝင်) ခြင်း သို့မဟုတ် ဝက်ဘ်ဆိုက်ပေါ်မှ ပို့စ် များကို ကူးယူ သည့်အခါ Facebook စာမျက်နှာမှ နောက်ဆုံးသတင်းအချက်အလက် များကို ကြည့်ရှု၍ မရခြင်း သို့မဟုတ် အချက်အလက်သစ်၊ ဖိုင်အသစ်များကိုတင်၍ မရခြင်း များ ဖြစ်ပေါ်ခဲ့ကြောင်း Facebook အသုံးပြုသူတို့မှ သတင်းပို့ခဲ့သည်။

ထို့အပြင် saved လုပ်ထားသည့် စာရင်းများသည်လည်း အကုန်လုံးပျောက်ကွယ်သွားခဲ့သည်။
Facebook အနေဖြင့် အား မတ်လ ၁၃ ရက်နေ့တွင် ဝန်ဆောင်မှုပြတ်တောက် ခြင်း နှင့်ပတ်သက်၍ တွစ်တာတွင်ဝန်ခံခဲ့သော်လည်း ပြသနာဖြစ်ရခြင်းအကြောင်းရင်း သတင်းအချက်အလက် အနည်းငယ်သာ ပါရှိခဲ့သည်။

“ ကျွန်တော်တို့က လတ်တလောမှာ သုံးစွဲသူတစ်ချို့ ပြဿနာဖြစ်တာကို သတိပြုမိပါတယ်။ Facebook ဝန်ထမ်းတွေက apps တွေကို ဝင်ရောက်ကြည့်ရှုနေပါတယ်’’ ဟုFacebook ကပြောသည်။

၎င်းပြဿနာနှင့်ပတ်သက်၍ အချိန်တိုအတွင်းဖြေရှင်းနိုင်ရန် အာရုံစိုက်၍ လုပ်ဆောင်လျက်ရှိကြောင်း တစ်ကမ္ဘာလုံး၏ အကြီးဆုံးဆိုရှယ်မီဒီယာ network က ဖြည့်စွက်ပြောကြားခဲ့သည်။

CNN

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.