ထားဝယ်ဒေသသို့ ဓါတ်အားထုတ်လုပ်ပေးမည့် ကံဘောက်ရှိ ဓါတ်အားထုတ်လုပ်သည့် စက်ရုံ သတင်းဓါတ်ပုံ-တင့်လွင်

ထားဝယ်၊ မေ ၂၇

အဂတိလိုက်စားမှုဖြင့် တရားစွဲခံထားရသည့် GGSကုမ္ပဏီအား လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူး ခွင့်ဆက်လက်လုပ်ကိုင်ခွင့် ပေးရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရက စာချုပ်ချုပ်ဆိုရန်ပြင်ဆင်နေခြင်းကြောင့် GGSကုမ္ပဏီအား အလိုမရှိကြောင်း ဇွန်လအစောပိုင်းတွင် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း လျှပ်စစ်အရေး လှုပ်ရှားသူများ ကွန်ရက် (ထားဝယ်ခရိုင်) ဦးဆောင်သူများက ပြောကြားသည်။

“အစက(၉)ရက်နေ့ကို ဆန္ဒပြမယ်လို့ချိန်ထားတယ်၊ အခုသူတို့က စာချုပ်ချုပ်အမြန်ဆုံးချုပ်ဖို့လုပ် နေလို့ စာခုုပ်မချုပ်မီ အရေးပေါ်အစည်းအဝေးခေါ်ပြီး ပြန်လုပ်မှရမယ်“ဟုဆန္ဒထုတ်ဖော်မည့်နေ့

ရက်သတ်မှတ်ရန်နှင့်ပတ်သက်၍ ယင်းကွန်ရက်မှသတင်းနှင့်ပြန်ကြားရေးတာဝန်ယူထားသူ ဦးဝေဖြိုးကဆို သည်။

ဥပဒေလုပ်ထုံးလုပ်နည်းနှင့်လွှဲချော်နေသည့် GGSကုမ္ပဏီနှင့်ဆက်လုပ်ပြီး ဆက်သွားမည့်ပုံစံရှိနေခြင်းကြောင့် ယင်းကုမ္ပဏီနှင့်ဆက်သွားရန် မဖြစ်တော့၍ GGS ကုမ္ပဏီအား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မည်ဟု၎င်းက ပြောသည်။

ထားဝယ်ခရိုင် အတွင်း GGSကုမ္ပဏီမှ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ကိုင်ရာမှ ဂက်စ်ဖိုး အကြွေးငွေကျပ်( ၈)ဘီလီယံအား မပေးသွင်းခြင်း ကြောင့် ယင်းကုမ္ပဏီမှတာဝန်ရှိသူ ၃ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တရားစွဲဆိုထားသည်။

တိုင်းအစိုးရနှင့် GGSကုမ္ပဏီတို့သည် ယခင်ချုပ်ဆိုထားသော စာချုပ်အရ ထားဝယ်ခရိုင်တွင် လျှပ်စစ် ဓါတ်အားခ တစ်ယူနစ်စျေးနှုန်း၂၀၀ကျပ် ကောက်ခံ လျက်ရှိရာမှ ယခုအချိန်တွင် စာချုပ် အသစ်ချုပ် ဆိုရန်ပြင်ဆင်လျက်ရှိသည်။

ယင်းစာချုပ်ချုပ်ဆိုမရသေးမီ ယခုမေလမှစ၍ မီတာခတစ်ယူနစ်လျင်၂၅၀ကျပ်၊ လမ်းမီးခ ၄၀၀ ကျပ်တိုးမြှင့်ကောက်ခံသွားမည်ဟု တိုင်းဒေသကြီးလျပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဦးအောင်သူရက ဒေသခံများအား အသိပေးထားသည်။

“ စာချုပ်ပါစည်းကမ်းတွေကို ဖျောက်ဖျက်သည်ကို သိရက်သားနဲ့ပြန်ပြီး အသက်သွင်းခြင်းသည် ကျွန်တော်တို့သံသရတွေကို ပိုပွားစေတယ် ပိုကြီးထွား စေတယ်”ဟု လျှပ်စစ်အရေးလှုပ်ရှားသူ များကွန်ရက်(ထားဝယ်ခရိုင်)မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ယူထားသူ ဦးသန်းဝင်းက ဆိုသည်။

နိုင်ငံတော်သမ္မတ၏ မူဝါဒအတိုင်း အဂတိကိုတိုက်ဖျက်ရာတွင် ဝန်းရံသည့်သဘောဖြစ်ပြီး အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေဖြင့်တရာစွဲခံနေသော GGS ကုမ္ပဏီအား အလိုမရှိကြောင်း ၎င်း က ပြောသည်။

ထားဝယ်ခရိုင်အတွက် သဘာဝဓါတ်ငွေ့ဖြင့်လျှပ်စစ်ဓါတ်အားထုတ်ရန် ဂက်စ်ကို GGSကုမ္ပဏီမှ G TO P စျေးဖြင့်ဝယ်ယူရာမှ မေလ (၁)ရက်နေ့မှစတင်၍ MOGE မှ G to G စျေးဖြင့်ရောင်းရန် တိုင်းအစိုးရအဖွဲ့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးနှင့် MOGE တို့ စာချုပ်ချုပ်ဆိုခဲ့သည်။

ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးမည့်ကုမ္ပဏီအပေါ် ဂက်စ်ဖိုးပေးသွင်းရန် တိုင်းဒေသကြီးအစိုးရမှ အာမခံပေးရမည်ဖြစ်သည်။

တိုင်းဒေသကြီးလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးအပါအဝင် ၃၄ဦးဖြင့်ဖွဲ့စည်းထားသည့် ထားဝယ်ခရိုင်လျှပ်စစ် ဓါတ်အားထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြုဗဟိုကြီးကြပ်မှုကော်မတီမှ ထားဝယ်လျှပ်စစ်ကိစ္စကို ကိုင်တွယ်လျက်ရှိပြီး တိုင်းအစိုးရ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

တင့်လွင်

Leave a Reply