Happy December, Sweet December

Happy December, Sweet December လို့ နှုတ်ခွန်းဆက်စကားတွေ ရွှန်းရွှန်းဝေနေတဲ့ December လ အချိန်ကို ရောက်ရှိလာပါပြီ။ မီးရောင်စုံတွေနဲ့ လင်းလက်နေတဲ့ ဒီဇင်ဘာ၊ ခရစ်မတ်သစ်ပင် စိမ်းစိမ်းလေးတွေကြားက Santa ရဲ့ လက်ဆောင်တွေကို မျှော်ကြတဲ့ ဒီဇင်ဘာဟာ ပျော်စရာနေ့ရက်တွေ အများကြီးကို ဖန်တီးပေးထားပါတယ်။ ပျော်စရာကောင်းတဲ့ ဒီဇင်ဘာလဆိုတာဟာ ရက်ပေါင်း ၃၁ ရက် ရှိတဲ့ လတွေထဲကမှ ၇ ခုမြောက် ဖြစ်သလို နောက်ဆုံးလဲ လည်း ဖြစ်ပါတယ်။

December ဆိုတဲ့ နာမည်က ၁၀ လို့ အဓိပါ္ပယ်ရတဲ့ Latin ဘာသာစကား “Decem” က ဆင်းသက်လာတာ ဖြစ်ပါတယ်။ December ဟာ Roman ပြက္ခဒိန်မှာတော့ ဆယ်ခုမြောက်လ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က ပြက္ခဒိန်တစ်နှစ်ရဲ့ အစဟာ March လမှာ စတင်ခဲ့တာပါ။ December နောက်ပိုင်းက ဆောင်းရာသီရက်တွေကိုတော့ ပြက္ခဒိန်ထဲမှာ ထည့်သွင်းထားခြင်း မရှိဘူးလို့ သိရပါတယ်။ နောက်ပိုင်းမှာမှ January နဲ့ February ကို အပိုင်းအခြားအတိအကျ မသတ်မှတ်သေးဘဲ ပြက္ခဒိန်ထဲမှာ ထည့်သွင်းဖန်တီးခဲ့ကြပါတယ်။ ဒါပေမယ့် December ကတော့ သူ့ရဲ့ နာမည်လေး အတိုင်းပဲကျန်ခဲ့ပါတယ်။

ဒီဇင်ဘာလမှာ အီကွေတာမြောက်ပိုင်းက ကမ္ဘာတစ်ခြမ်းမှာ ဆောင်းရာသီအလယ်ပိုင်း ဖြစ်နေပြီး ဆောင်းယဉ်စွန်းတန်း ကျရောက်တာကြောင့် အဲ့ဒီအရပ်ဒေသတွေမှာ နေ့တာ အတိုဆုံးအချိန်တွေ ဖြစ်ပါတယ်။ အီကွေတာတောင်ပိုင်းက ကမ္ဘာတစ်ခြမ်းမှာတော့ ကမ္ဘာနဲ့ နေရဲ့ တိမ်းစောင်းမှုဟာ ၉၀ ဒီဂရီနီးပါး ကျရောက်နေတာမို့ နွေရာသီအလယ်ပိုင်း ဖြစ်ပြီး နေ့တာ အရှည်ဆုံးကာလတွေ ဖြစ်ပါတယ်။

နက္ခတ်အားဖြင့် ဓနု ရာသီခွင် နဲ့ မကာရ ရာသီခွင် လွှမ်းမိုးအုပ်စိုးတဲ့ကာလပါပဲ။

ဒီဇင်ဘာလမှာ ထူးခြားတဲ့ အထိမ်းအမှတ်တချို့ ရှိပါတယ်။ US မှာ ဆိုရင် ဒီဇင်ဘာလဟာ Nation Fruit Cake month နဲ့ National Pear Month လို့ သတ်မှတ်ထားတဲ့ လတစ်လပါ။ ဒီဇင်ဘာလရဲ့ အထိမ်းအမှတ်နဲ့ အမှတ်တရနေ့တွေကို ပြောပြရမယ်ဆိုရင်တော့ Christmas နေ့လို ပျော်ရွှင်စရာ အခါသမယနေ့တွေ၊ World AIDS Day, International Human Rights Day လို အထိမ်းအမှတ်နေ့တွေဟာ ကမ္ဘာလုံးဆိုင်ရာ အရေးကြီးနေ့တွေ ပါဝင်ထားပါတယ်။ ဒါ့အပြင် Italy နိုင်ငံရဲ့ Honesty Day ဟာ ဆိုရင်လည်း ထူးထူးခြားခြားနေ့တစ်ခုပါပဲ။ ဂျပန်နိုင်ငံမှာဆိုရင်လည်း ဧကရာဇ် Akihito ရဲ့ မွေးနေ့ဖြစ်တာကြောင့် အားလပ်ရက်အဖြစ် သတ်မှတ်ပေးထားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။

နှစ်ဟောင်းတစ်ခုကို ပျော်စရာနေ့ရက်တွေနဲ့ ကုန်ဆုံးစေတဲ့ ဒီဇင်ဘာဟာ ပျော်ရွှင်ခြင်းလက်ဆောင်တစ်ခုလည်း ဖြစ်ပါတယ်။ နှစ်သစ်ကူးပြောင်းတော့မယ့် အချိန်တွေအတွက် ကြည်နူးမှုတွေ တည်ဆောက်ယူနေတဲ့ အချိန်ကာလတစ်ခုဆိုလည်း မမှားပါဘူး။ ဒါကြောင့် ဒီဇင်ဘာရဲ့ နောက်ဆုံးနေ့ရက်တွေကို ပျော်ရွှင်စွာ ဖြတ်သန်းရင်း ပျော်စရာနှစ်သစ်ဆီ ဆောင်ကြဉ်း သယ်ယူသွားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.