မိန်းကလေးမှန်လျှင် အလှအပမက်မောမှုက သဘာဝတရား ဖြစ်သော်လည်း ဟန်နာယူရီဆိုသည့် အမျိုးသမီးငယ်က ထူးထူးခြားခြား ကြောက်မက်ဖွယ်ရာများကို ပို၍နှစ်သက်သူဖြစ်နေသည်။ဟန်နာယူရီဆိုသည့် မိန်းကလေးငယ်က make up ပညာကိုသင်ယူရာတွင် မိန်းကလေးပီပီ အလှအပခြယ်သမှုကို အဓိကသင်ယူရမည်ဖြစ်သော်လည်း သရဲ၊ တစ္ဆေနှင့်၊ ကြောက်စရာမိတ်ကပ်ခြယ်သမှု အပိုင်းကို သင်ယူခဲ့သည်။ ဟန်နာယူရီက “ဝိညာဉ်စိမ်း ရုပ်ရှင်ကားကြီးတွင် လက်စွမ်းပြခဲ့သည့် make up artist တစ်ဦးလည်းဖြစ်သည် ။ထိုင်းနိုင်ငံ Scanning Make up Studio တွင် တက်ရောက်သင်ကြားခဲ့သူဖြစ်ပြီး ယခုလက်ရှိလည်း ဆက်လက်သင်ယူနေဆဲ။ ထို့ပြင်ထိုင်းနိုင်ငံတွင် ပညာသင်ရင်းအနုပညာအလုပ်များ စတင်လုပ်ဆောင်နေပြီဆိုသည့် မြန်မာပြည်မှ ဟန်နာနှင့် ဟင်္သာ တွေ့ဆုံဖြစ်ခဲ့သည်။

ဟင်္သာ – ဟန်နာယူရီ အခုဆက်တက်ဖြစ်နေတာ နောက်ထပ်ပညာရပ်တစ်ခုလား။
ဟန်နာယူရီ : :ညီမ ကျောင်းပြီးခဲ့တာက Scanning Make up Studio ရှင့်။အဲဒီကနေမှဆက်တက်ဖြစ်တာက သင်တန်းကျောင်းဆိုတာထက် ထိုင်းရုပ်ရှင်တွေမှာတွေ့ကြတဲ့အတိုင်း ပိုပြီးကြောက်ဖို့ကောင်းတယ်။အဲဒီကသရုပ်ဆောင်တွေကတစ်ဆင့် ဆက်သွယ်ပြီး ဆရာမတွေရဲ့ပညာသင်လက်ထောက်အနေနဲ့လိုက်ကူရင်း ပညာသင်နေတာပါ။ Special affect ပညာကိုပဲ နောက်ပိုင်းမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပါတက်နေတာပါ။

ဟင်္သာ – မြန်မာနိုင်ငံမှာဆိုရင် ဒီလိုမိတ်ကပ်ခြယ်သမှုနဲ့ ကားတွေက လက်ချိးရေလို့ ရတယ်လေ။ ဒီပညာရပ်ကို သမီးရွေးချယ်သင်ယူတာက နိုင်ငံတကာကို မျှော်လင့်ပြီးတော့လား။
ဟန်နာယူရီ : :အမှန်က ညီမရဲ့ရည်မှန်းချက်က UK တို့၊ USA တို့မှာ ပညာသွားသင်ယူချင်တယ်။ ဒါပေမဲ့ ညီမအဲဒီနိုင်ငံတွေကို အကြာကြီးထွက်သွားပြီးမှ ဒီကိုပြန်လာပြီး အလုပ်လုပ်နိုင်ရဲ့လားလို့ တွေးကြည့်လိုက်တော့ အနီးဆုံး ဘန်ကောက်ကိုပဲ ရွေးချယ်ခဲ့တယ်။

ဟင်္သာ – ဆိုလိုတာက မိန်းကလေးတိုင်းဟာ အလှအပကို ပိုစိတ်ဝင်စားကြတာလေ။ ညီမကတော့ ဒီလို ကြောက်စရာမိတ်ကပ်ကို ပိုစိတ်ဝင်စားခဲ့တဲ့အကြောင်း….
ဟန်နာယူရီ : :ဒီမိတ်ကပ်ကို ပိုစိတ်ဝင်စားမိတာက ကိုယ်က Horror fan ပေါ့နော်။ သဲထိတ်ရင်ဖို ဆိုတာထက်
ဒီပညာရပ်ကို ရွေးလိုက်တာက ညီမအနေနဲ့ challenge လုပ်ရတာ ကြိုက်တယ်ရှင့်။ ဒါပေမဲ့ ညီမကအရင်က သရဲကားဆို ကြောက်တယ်။ သွေးမြင်ရင်ကို မူးနေတာ။ ကိုယ့်ကိုယ်ကို ပြောင်းလဲချင်တာနဲ့ သင်ယူရင်းနဲ့ နောက်ပိုင်း ဒီပညာကို အရမ်းစိတ်ဝင်စားလာတာ။

ဟင်္သာ – အခုလက်ရှိလုပ်ဖြစ်နေတဲ့ လှုပ်ရှားမှုအနုပညာတွေအကြောင်း ပြောပါဦး။

ဟန်နာယူရီ : :အနုပညာလှုပ်ရှားမှုအနေနဲ့ ညီမအနေနဲ့ဆရာမတွေနဲ့တွဲပြီး channel 3 မှာ သူတို့လုပ်ရင် ညီမက assistant အနေနဲ့ လုပ်ပေးရတယ်။ ဟိုတစ်ခေါက်ကတော့ အဲဒီ Thai TV channel ,channel -3 မှာပဲ ညီမတို့ရဲ့ အနုပညာနဲ့ပတ်သက်ပြီးပြသွားပါတယ်။ မျက်နှာပေါ်မှာ အပြင်က အထောက်အကူ မလိုဘဲနဲ့ ဆွဲတာပေါ့။ ဥပမာ – 6D လိုပုံစံမျိုးပေါ့။ မျက်လုံးအပေါ် အုံကြွနေအောင်ဆွဲတာ၊ မေးရိုး၊ သွား၊ အရိုးစုပုံစံဆွဲတာတွေကို လွှင့်သွားတာပါရှင့်။

ဟင်္သာ – ကိုယ်လုပ်မယ့် အလုပ်အတွက် plan ဆိုတာရှိရတယ်။ ညီမရဲ့ ရှေ့ဆက်မယ့် plan ရယ်၊ဘယ်လောက်ထိ မှန်းထားတယ်၊ ဘယ်အထိ လုပ်ဆောင်မယ်ဆိုတာတွေပေါ့။

ဟန်နာယူရီ: : ညီမအနေနဲ့ရုပ်ရှင်ဇာတ်ကားတွေမှာ ကိုယ့်အနေနဲ့ ဒီလိုခြယ်သမှုအပိုင်းမှာ ခေါင်းဆောင်အနေနဲ့ တာဝန်ယူပြီး နိုင်ငံခြားဇာတ်ကားတွေမှာ လုပ်ရတာမျိုးပေါ့။ special affect ဒဏ်ရာတွေ၊ သွေးထွက်သံယိုတွေထက်ကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေလုပ်ရတာ၊ လူတစ်ယောက်ပုံတူလုပ်ရတဲ့
artist တစ်ယောက်အနေနဲ့ ပွဲတက်ရတဲ့ make up artist ဆိုတာ ညီမရဲ့အိပ်မက်ပေါ့နော်။

ဟန်နာယူရီက တစ်ဖက်ကဝါသနာပါရာပညာကို သင်ယူရင်း တစ်ဖက်ကလည်းအနုပညာအလုပ်များ လုပ်ကိုင်လျှက်ရှိသည်။ သရုပ်ဆောင်မှုကိုလည်း ဝါသနာပါသည့် ဟန်နာယူရီက ထိုင်းနိုင်ငံတွင် MTV တချို့ရိုက်ကူးခြင်း၊ photo model လုပ်ခြင်းများ လုပ်ဆောင်နေသည်။ “ဘန်ကောက်မှာ ညီမတို့ တခြားမိတ်ကပ်ပညာရှင်တွေနဲ့ ပေါင်းပြီး horror stories ပုံစံမျိုး၊ အတိုလေးတွေပေါ့။ ကိုယ့်ပညာကိုလည်း ချပြလို့ရအောင် လုပ်ဖို့ရှိပါတယ်ရှင့်” ဟုလည်းဟန်နာယူရီကပြောပြခဲ့သည်။ ဟန်နာယူရီက လက်ရှိအနေနှင့် မြန်မာနိုင်ငံသို့ တစ်နှစ်လျှင် ၂ ခါ၊ ၃ ခါ ပြန်လာလေ့ရှိပြီး မိန်းကလေးများအတွက် အလှအပမိတ်ကပ်ပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။horror make up သင်တန်းကိုလည်း ဖွင့်ရန် အစီအစဉ်ရှိသည်ဟုသိရသည်။

Written by – MT

 

Leave a Reply