ရီးရဲလ်ကြယ်ပွင့်နဲ့ ပေါ်တူဂီအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ စီရော်နယ်ဒိုဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ကာလအတွင်းမှာ အသက်အန္တရာယ်လုံခြုံရေးစိတ်ချနိုင်ရေးအတွက် သက်တော်စောင့်တစ်ဦးကို ငှားရမ်းခဲ့တယ်လို့ သိရှိရပါတယ်။

စီရော်နယ်ဒို ဟာ နူနိုမာရီးကိုးစ်လို့ အမည်ရ စပိန်နွားရိုင်းသတ်သမားတစ်ဦးကို သက်တော်စောင့်အဖြစ် ငှားရမ်းခဲ့တာဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အစ္စလာမ်အကြမ်းဖက် အဖွဲ့အစည်းဖြစ်တဲ့ ISIS ရဲ့ ခြိမ်းခြောက်ခံရမှုအပြီးမှာ ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

စီရော်နယ်ဒိုရဲ့သက်တော်စောင့် နူနိုဟာ လေထီးတပ်သားအဖြစ် အမှုထမ်းခဲ့ဖူးသူဖြစ်သလို MMA ကစားသမားအဖြစ်နဲ့လည်း ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး လစ္စဘွန်းနဲ့ မိုင်၇၀ ဝေးတဲ့ ချာမူစကာမြို့က နွားရိုင်းသတ်သမားတွေကို ဖွဲ့စည်းထားတဲ့အဖွဲ့မှာ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နူနိုဟာ စီရော်နယ်ဒိုရဲ့သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး စီရော်နယ်ဒိုက လုံခြုံရေးစိတ်ချရမှုရှိစေရန်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နူနိုကို ထပ်မံငှားရမ်းခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် စီရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ရီးရဲလ်အသင်းကို စာချုပ်သစ်ချုပ်ဆိုရန်နဲ့ လစာတိုးပေးရန် တောင်းဆိုခဲ့တဲ့အတွက် အဆင်မပြေမှုများဖြစ်ပွားနေပြီး စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက်ပွဲစဉ် ၁၄၉ ပွဲကစားပေးခဲ့ကာ ၈၁ ဂိုးသွင်းယူခဲ့တယ်လို့ သိရပါတယ်။

Ref:The Sun

Leave a Reply