Advertisements

ရန်ကုန် ၊ နိုဝင်ဘာ ၂၂

ပစ်ခတ်တိုက်ခိုက်မှုပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) စတင်ဖွဲ့စည်းပြီး တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များကြား တိုင်ကြားမှုပေါင်း ၂၈၅ ခုရှိကြောင်း ပြည်ထောင်စုအဆင့် JMC-U အတွင်းရေးမှူး-၁ ဒေါက်တာရွှေခါးကပြောသည်။

ရန်ကုန်မြို့ NRPC ရုံးတွင် ကျင်းပပြုလုပ်သော ၁၃ ကြိမ်မြောက် JMC-U အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ တိုင်ကြားရေးစီမံခန့်ခွဲမှုစနစ်အရ ကျွန်တော်တို့ တိုင်ကြားချက်တစ်ခုခုရှိလာပြီ နှစ်ဖက်စလုံးညှိုနှိုင်းပြီးတော့ ဖြေရှင်းတာလည်းရှိတယ်။ အဲ့တာမျိုးကျွန်တော်တို့ လုပ်တဲ့အခါမှာ ဒီဟာကဖြေရှင်းပြီးပြီလား မဖြေရှင်းမပြီးသေးဘူးလား နှစ်ဖက်သဘောတူညီချက်နဲ့ ဒီတိုင်ကြားချက်တွေကို ပြန်ပိတ်ရပါတယ်” ဟု ဒေါက်တာရွှေခါးကဆိုသည်။

တပ်ရင်းတပ်ဖွဲ့များ နယ်မြေဖေတ်သန်းသွးလာမှုကြောင့် တိုင်ကြားခြင်းမှာ အများဆုံးဖြစ်ပြီး ၁၈၂ မှုကိုဖြေရှင်းပြီးဖြစ်ကြောင်း ရှမ်းပြည်နယ်အတွင်းတွင် တိုင်ကြားမှု ၁၂၄ မှုရှိပြီး ၂၉ မှုကိုဖြေရှင်းနိုင်ခဲ့ကာ ဖြေရှင်းဆဲ ၉၅ မှုရှိကြောင်း JMC-U မှသိရသည်။

JMC ဆိုသည်မှာ အပစ်ရပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တစ်ဖက် နှင့် တစ်ဖက် ပဋိပက္ခဖြစ်ပွားပါက ကြားဝင်ညှိုနှိုင်းဖြေရှင်းပေးသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Written by – ဆုမင်းကို

Advertisements
<

Leave a Reply