News Federal Times

ပဲခူး၊ ဇွန် ၅ ရက် ။        ။ ပညာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်အရ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်း ထွက်သူပပျောက်ရေးစီမံချက်ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစတင်၍ အလေးထားဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရှိရသည်။
၁၉၉၈ ခုနှစ်မှစတင်၍ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နိုင်ရေး၊ ကျောင်းထွက်သူကျောင်းသားများ ပပျောက်ရေးစီမံချက်အား ချမှတ်ခဲ့သော်လည်း အောင်မြင်မှုနည်းပါးခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစတင်ပြီး ဆရာ၊ ဆရာမများနှင့်ပြည်သူများပူးပေါင်း၍ စီမံချက်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီစီမံချက်က ဟိုတုန်းကတည်းကဆောင်ရွက်ခဲ့တာ အဖက်ဖက်ကအားနည်းချက်တွေကြောင့် အောင်မြင်မ နည်းပါးခဲ့ပါတယ်။ ဒီနှစ်တော့ အလေးအနက်ထားဆောင်ရွက်သွားမှာဖြစ်လို့ ပြည်သူတွေပါဝင်ဖို့လိုပါတယ်။ ဆ ရာ၊ ဆရာမတွေချည်းပဲ ဆောင်ရွက်လို့မရပါဘူး။ အဓိကတော့ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းမထွက် စေချင်တာပါ။ မိဘတွေ စီးပွားရေးအဆင်မပြေလို့၊ ဒါမှမဟုတ်စာမေးပွဲကျလို့၊ ကျောင်းသားတွေပြင်ပရောက်ပြီး ဒုက္ခတွေရောက်ကြပြီး အသိပညာမစုံတော့ ဆိုးသွမ်းလူငယ်တွေဖြစ်လာပြီး နိုင်ငံတော်အတွက် အသုံးမဝင်လာ တာများပါတယ်”ဟု ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းကပြောသည်။
ပညာရေးဝန်ကြီးဌာနသည် ယခင်(၃)နှစ်ကျော်ကာလအတွင်း ဘက်စုံလွှမ်းခြုံနိုင်သော တိုးတက်ကောင်းမွန် သည့် သင်ကြား၊ သင်ယူမှုများအား လေ့လာသုံးသပ်ကာ သက်မွေးပညာနှင့် လေ့ကျင့်ရေး၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုများ ဖြစ်ပေါ်လာစေရေး၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းအား ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ရေးဆွဲအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။


“စီမံကိန်းကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ အခြေအနေအမှန်ကို သေချာလေ့လာဖို့တော့လိုပါတယ်။ မိဘတွေ ရဲ့စီးပွားရေးအခက်အခဲတွေကြောင့် ကျောင်းပြင်ပရောက်နေမယ့်ကလေးတွေက ရှိနေဦးမှာပဲ၊ အသက်ငယ်ငယ် ရွယ်ရွယ်နဲ့အလုပ်လုပ်နေတဲ့ ကလေးတွေရှိနေမှာပါပဲ။ ကျောင်းတွေမှာ အခမဲ့ပညာရေးစနစ်ဆိုပေမယ့် မိ သားစုမှာ ကလေးတွေအလုပ်လုပ်ပြီး မိဘကိုရှာဖွေပေးနေရတဲ့အပေါ် ဘယ်လိုဖြေရှင်းကြမလဲ၊ ရုပ်ပြစီမံကိန်း မဖြစ်ဖို့လိုပါတယ်”ဟု ပဲခူးမြို့၊ မူလတန်းကျောင်းအုပ်(ငြိမ်း)ဖြစ်သူ ဦးခင်မောင်ရည်ကပြောသည်။
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင် နိုင်ငံတစ်နိုင်ငံ၏အောင်မြင်မှုသည် ယင်းနိုင်ငံသားများ အသိပ ညာဗဟုသုတ ကျွမ်းကျင်မှုများ၊ တတ်ကျွမ်းမှုများပေါ် မူတည်လျက်ရှိပြီး ပညာရေးသည် နိုင်ငံသားတစ်ဦးချင်းစီ ၏ ဘဝအဆင့်အတန်း တိုးတက်မြင့်မားစေရန် အခွင့်အလမ်းများဖန်တီးပေးကာ မိမိတို့ရပ်ရွာဒေသတွင် အောင် မြင်သောသူများ ပေါ်ပေါက်လာမှသာ အမျိုးသားလူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ အထောက်အကူပြုစေမည် ဆိုသည့်အချက်များ ထည့်သွင်းရေးဆွဲထားကြောင်းသိရသည်။

MMK

Leave a Reply