News Federal Times

လားရှိုး၊ ဇွန် ၅ ရက် ။       ။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့ဝန်းကျင်ရှိ ပြောင်းစိုက်တောင်သူများမှာ အလုပ်သမားရှားပါးခြင်းများ အပြင် မျိုးစေ့ဈေး တက်ခြင်းများကြောင့် သတ်မှတ်ဧကအောက်လျှော့၍ စိုက်ပျိုးနေရကြောင်း ဒေသခံ ပြောင်းစိုက်တောင်သူများထံမှ သိရှိရသည်။
ပြောင်းမျိုးစေ့များ ဈေးတက်သည့်အပြင် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေသူများခြင်း၊ အလုပ်အကိုင် ပြောင်း၍ လုပ်ကိုင်သူများနေခြင်းကြောင့် အလုပ်သမားငှားရမ်းမရသဖြင့် ယခင်စိုက်ပျိုးဧကထက်လျှော့ကာ စိုက်ပျိုးနေရကြောင်း သိရသည်။
“နှစ်တိုင်း (၄)ဧကစိုက်လာတာ။ အခုအလုပ်သမားရှားတာရယ်၊ ပြောင်းမျိုးစေ့ဈေးတက်တာရယ်ကြောင့် ဧက လျှော့လိုက်တာပါ။ (၂)ဧကပဲစိုက်ဖြစ်တယ်။ ဒါတောင် အလုပ်သမားအတွက်က လှည့်စားလို့ခေါ်တဲ့ သူခြံအ လှည့်၊ ကိုယ်လိုက်ပေး၊ ကိုယ့်ခြံအတွက် သူလိုက်ပေးဆိုတဲ့ပုံစံနဲ့စိုက်နေရတာ။’’ဟု နမ္မတူမြို့မှ ပြောင်းစိုက် တောင်သူ ဦးဝင်းညွှန့်က ပြောသည်။


လက်ရှိ ကာလသည် စိုက်ပျိုးချိန်ဖြစ်ပြီး ပေါင်းမြက်များနုတ်ရန်ပင် အလုပ်သမားရှားပါးနေသောကြောင့် ပြောင်းခြံများကို ဧကလျှော့ကာ စိုက်ပျိုးနေရကြောင်း သိရသည်။
“ကျွန်မတို့က မိသားစုတွေပဲစိုက်တယ်။ (၅)လပိုင်းအစမှာ စစိုက်တဲ့အတွက် အခုက ပေါင်းလိုက်ရမယ့်အချိန် ရောက်နေပြီ။ အလုပ်သမားက ခေါ်လို့မရတော့ ပေါင်းမြက်တွေက ပြောင်းပင်တွေကိုအုပ်သွားတာတွေရှိတော့ အပင်နည်းသွားတယ်။ အဖူးလည်း ပြောသလောက်မထွက်တော့ အရှုံးများနိုင်တယ်ပေါ့။’’ဟု နမ္မတူမြို့နယ် လုပ်လေရွာမှ ပြောင်းစိုက်တောင်သူ ဒေါ်အေးဖြိုးကပြောသည်။
ပြောင်းမျိုးစေ့မှာ ၂၀၁၆ ခုနှစ်တွင် တစ်ဧကစာအတွက် တစ်ထုပ်လျှင်(၂၀၀၀၀)ကျပ်ဖြင့်ဝယ်ယူရပြီး ၂၀၁၇ ခုနှစ် တွင် တစ်ထုပ်လျှင်(၃၀၀၀၀)ကျပ်ဖြင့်ဝယ်ယူနေရကာ နေ့စားအလုပ်သမားခမှာလည်း ၂၀၁၆ ခုနှစ်တွင် တစ်ဦး လျှင် (၃၅၀၀)ကျပ်ဖြင့် လွယ်ကူစွာခေါ်ယူနိုင်ခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် တစ်ဦးလျှင်(၅၀၀၀)ကျပ်ပေး၍ ခေါ်ယူနေသော်လည်း လုပ်သားများရှားပါးနေကြောင်း သိရသည်။

MMK

Leave a Reply