News Federal Times

မင်းပြား၊ ဇွန်(၅)ရက် ။        ။ “မိုရာ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်း စိုက်ခင်းဧက(၂၀၀)ခန့် ပျက်စီးခဲ့သ ဖြင့် တောင်သူများ ပြန်လည်ထူထောင်နိုင်ရေးအတွက် သီးနှံလျော်ကြေးများရရှိစေရန် ပြည်ထောင်စုအစိုးရထံ တင်ပြတောင်းဆိုမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်လယ်ယာ စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ မုန်တိုင်းသည် မေ ၃၀ ရက်တွင် တိုက်ခတ်ခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ကွမ်းသီးပင်ခြံများ၊ ကွမ်းရွက်စိုက်ခင်းများနှင့် ငရုတ်ကောင်းခင်းများ ပျက်စီးခဲ့ ကြောင်း သိရသည်။
“ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဧရိယာမှာ တော်တော်လေးပျက်စီးသွားတယ်။ ကွမ်းသီးပင်တွေ၊ ကွမ်းခြံ တွေ၊ ငရုတ်ကောင်းပင်တွေ ပျက်စီးသွားတယ်။ ရသေ့တောင်ဘက်မှာလည်း ဒီအပင်တွေပဲ ပျက်စီးသွားကြ တယ်။ အစိုးရဆီက လျော်ကြေးရရှိဖို့အတွက် ကျွန်တော်တို့စာရင်းကောက်ထားတယ်။ ပုဏ္ဏားကျွန်းမြို့ နယ်က ဧက(၁၀၀)ကျော်၊ ရသေ့တောင်မှာ ဧက(၃၀) စသည်ဖြင့် စစ်တွေခရိုင်၊ မောင်တောခရိုင်မှာ စုစုပေါင်း သီးနှံတွေ ဧက(၂၀၀)ခန့်ပျက်စီးတယ်။ စိုက်ပျိုးရေးဌာနရဲ့ဂိုထောင်တွေ ပျက်စီးဆုံးရှုံးတာတွေလည်းရှိတယ်။ ဒါတွေကို လျော်ကြေးတွေရရှိဖို့ ပြည်နယ်အစိုးရဆီကတဆင့် နေပြည်တော်ကိုတင်ပြမယ်။”ဟု ရခိုင်ပြည်နယ်၊ လယ်ယာစိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ပြည်နယ်မှူး ဦးအောင်ဇံသာကပြောသည်။


မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် အစိုးရအဆောက်အဦးများ၊ နေအိမ်များ၊ စာသင်ကျောင်းများ၊ ဓာတ်မီးတိုင် များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
“ရခိုင်မှာ အပျက်အစီးက တော်တော်များတယ်၊ ပြည်နယ်အစိုးရအနေနဲ့ အချိန်မီ ကူညီရေးတွေ လုပ်ပေးဖို့က အရေးတကြီးလိုအပ်နေပါတယ်။ အပျက်အစီးများတဲ့ ကျေးလက်နေရာတွေကို ဆင်းပြီးကူညီပေးဖို့ အရေးကြီး တယ်။”ဟု မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လူနေအိမ်စုစုပေါင်း(၄၂၀) ကျော်၊ စာသင်ကျောင်း(၁၀)ကျောင်းကျော်နှင့် အစိုးရ အဆောက်အဦးများ ပျက်စီးခဲ့ပြီး ကျေးလက်ဒေသများတွင် ပိုမိုပျက်ဆီးခဲ့ကာ ပျက်စီးမှုစာရင်းများကို လက်ရှိ အချိန်အထိ ကောက်ယူနေကြဆဲဖြစ်ကြောင်း သိရသည်။

MMK

Leave a Reply